6/04/2017

♪ အလန်းစား ကင်မရာ လုပ်ဆောင်ချက်တွေ နဲ့ ၁၀ သိန်းတန် Essential Phone ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/06/essential_ph-1-back-360_camera.jpg?fit=800%2C400&ssl=1

Android တီထွင်သူ Andy Rubin ရဲ့ ဖုန်းအဖြစ် နည်းပညာလောကမှာ စိတ်ဝင်စားမှု မြင့်တက်မှုနေတဲ့ Essential Phone ရဲ့ လုပ်ဆောင်ချက်တွေ နဲ့ ပါဝင်ပစ္စည်းတွေအကြောင်းကို ဒီကနေ့ ကုမ္ပဏီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Essential ဖုန်း ဟာ ကုမ္ပဏီ ရဲ့ ပထမဆုံး ထုတ်ကုန်ဖြစ်ပြီး ကင်မရာပိုင်း နဲ့ Features ပိုင်း ကို အဓိက ထားပြီး ပြင်ဆင်လာခဲ့ပါတယ်။ $699 နဲ့ ဈေးကွကို ၀င်ရောက်လာခဲ့တဲ့ အတွက် မြန်မာငွေ ၁၃၀၀ နှုန်း နဲ့ တွက်ချက်မယ် ဆိုရင်တောင် ၉ သိန်း ကျော် ရှိပြီး တခြား ဗာဟီရတွေကိုပါ ထည့်ပေါင်းလိုက်ရင် မြန်မာငွေ ၁၀ သိန်းနှုန်းလောက်ကို တန်ကြေး ရှိသွားမှာ ဖြစ်ပါတယ်။

အမည်နာမ အားဖြင့် Essential PH1 လို့ အမည်ပေးထားတဲ့ Essential ဖုန်း ဟာ အောက်ပါ ဖွဲ့စည်းမှုတွေ ပါဝင်ပါတယ်။

Specifications:

SOC : Qualcomm Snapdragon 835 , 4x Kryo 280 Performance @ 2.45GHz , 4x Kryo 280 Efficiency @ 1.90GHz , Adreno 540 @ 710MHz
Display : 5.71-inch 2560×1312 (19:10) IPS LCD
RAM : 4GB
NAND : 128GB (UFS 2.1)
Battery : 3040 mAh non-replaceable
Front Camera : 8MP, f/2.2
Rear Camera : Color: 13MP, f/1.85, PDAF + Laser AF + Contrast AF, HDR, dual-tone LED flash , Monochrome: 13MP, f/1.85
Rear Camera : Color: 13MP, f/1.85, PDAF + Laser AF + Contrast AF, HDR, dual-tone LED flash , Monochrome: 13MP, f/1.85
OS : Android 7
အဲဒီ အချက်အလက်တွေ ကို ကြည့်ခြင်းအားဖြင့်တော့ Essential Phone ဟာ လက်ရှိခေါ်ထားတဲ့ ဈေးနှုန်း နဲ့ဆိုပါက ထိုက်တန်မှု မရှိသေးဘူး လို့ ဝေဖန်သံတွေ ဆူညံနေပေမယ့် Xiaomi MiMix နဲ့ ဆင်တူလှပြီး အန်ဒီရူဘင် ရဲ့ တီထွင်မှုကို စမ်းသပ်ကြည့်ချင်သူတွေ က လည်း အများအပြား ရှိနေကြဆဲပါ။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com