6/04/2017

♪ LG က Korea ဈေးကွက်အတွက် G6 Pro နဲ့ G6 Plus ကိုထုတ်လုပ်မည် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/06/wxh.jpg?fit=800%2C450&ssl=1

ကိုရီးယား နည်းပညာကုမ္ပဏီကြီး LG အနေနဲ့ အခုနှစ်အစောပိုင်းက LG G6 flagship စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီး positive review တွေ အမြောက်အများရရှိခဲ့ပါတယ်။

etnews ဆိုတဲ့ တောင်ကိုရီးယား သတင်း site တစ်ခုရဲ့ ဖော်ပြချက်အရ LG ဟာ ၄င်းတို့ရဲ့ ပြည်တွင်း ကိုရီးယား ဈေးကွက်အတွက် G6 မော်ဒယ် အသစ်(၂) မျိုးကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဖော်ပြချက်ထဲမှာတော့ LG ဟာ G6 Pro နဲ့ G6 Plus ဆိုတဲ့ စမတ်ဖုန်း (၂)မျိုးကို ထုတ်လုပ်မှာဖြစ်ပြီး G6 Pro ကတော့ 32GB storage နဲ့ ထွက်လာမှာဖြစ်ကာ G6 Plus ကတော့ wireless charging နဲ့အတူ 128GB storage နဲ့ထွက်ရှိလာမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။ ဈေးနှုန်းတွေကလည်း (၇၀၄)ဒေါ်လာနဲ့ (၈၉၁)ဒေါ်လာ တို့ဖြစ်နိုင်တယ်လို့လည်းသိရပါတယ်။

ဒီစမတ်ဖုန်း (၂)မျိုးလုံးရဲ့ တူညီတဲ့အချက်တွေကတော့ Snapdragon 821 chipset နဲ့ (၅.၇)လက်မ မျက်နှာပြင်တို့ဖြစ်ပါတယ်။ ဒီ မော်ဒယ် (၂)မျိုး စလုံးဟာ ဇွန်လအကုန်မှာ ဈေးကွက်ဝင်နိုင်တယ်လို့လည်း သိရပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com