ယခုလက်ရှိ အားသွင်းနေတဲ့ နည်းစနစ် ထက် လေးဆ
ပိုပြီး မြန်ဆန်စေမည့် အပြင် ပိုပြီလည်း လုံခြုံစိတ်ချရမည့် နည်းပညာ
ဖြစ်သည့် Qucick Charge 4+ နည်းပညာ ကို လာမည့် လ မှာ စတင်
ကြော်ငြာပေးသွားမှာ ဖြစ်တယ် လို့ Qualcomm က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Quick Charge 4+ ဟာ အခု အသစ်ထွက်ရှိမည့် မိုဘိုင်းဖုန်းတွေမှာတင် စတင် ထည့်သွင်းလာမှာ ဖြစ်ပြီး အနီးကပ်ဆုံးအနေနဲ့ ZTE က ထုတ်မည့် Nubia Z17 မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ USB type C နဲ့ တွဲဖက်လုပ်ဆောင်နိုင်မှာ ဖြစ်တဲ့အပြင် အားသွင်းတဲ့အခါမှာ လက်ရှိအားသွင်းစနစ် ထက် ပိုမိုမြန်ဆန်လာမှာ ဖြစ်တဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ စိတ်ချလုံခြုံရတဲ့ နည်းပညာ ကိုပါ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
အခုလို မြန်ဆန်မှု နှုန်းထား မြင့်မားပေမယ့် ဘက်ထရီနည်းပညာ ပိုင်းကတော့ အများကြီး ပြောင်းလဲသွားမှာ မဟုတ်ဘူး လို့ ကုမ္ပဏီ က ဆိုပါတယ်။