အားလုံးခန့်မှန်းထားတဲ့အတိုင်းပါပဲ။
ကမ္ဘာကျော်ထိပ်သီးနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Apple ကတော့
လက်ရှိကျင်းပပြုလုပ်နေတဲ့ WWDC 2017 မှာ iOS နောက်ဆုံး version
ကိုထုတ်ဖော်မိတ်ဆက်လိုက်ပါပြီ။

အခုမိတ်ဆက်လိုက်တဲ့ iOS 11 version အသစ်မှာ ပြောင်းလဲမှုတွေအမြောက်အများပါဝင်လာပြီး App Store, Siri, AirPlay, Camera နဲ့ UI တို့ကတော့ အသိသာဆုံးပြောင်းလဲလာတာဖြစ်ပါတယ်။

Apple က control center အတွက် interface အသစ်ကိုမိတ်ဆက်လိုက်ပါတယ်။ ဒီ interface အသစ်မှာတော့ Android ရဲ့ notification panel အတိုင်း အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို page တစ်ခုတည်းမှာ လုပ်ဆောင်နိုင်အောင် ဖန်တီးပေးထားပါတယ်။

iPhone အသုံးပြုတဲ့သူတွေအတွက် ကားမောင်းနေတဲ့အချိန်မှာလည်း အလိုအလျောက် car mode ကို ဖွင့်ပေးမှာဖြစ်ပြီး မောင်းနှင်နေစဉ်မှာ notification အားလုံးကို block လုပ်ထားပေးမှာပါ။ အရေးပေါ် အခြေအနေအတွက် VIP contacts တွေကိုတော့ လက်ခံနိုင်မှာဖြစ်ပြီး DND(do not disturb) feature ကို ပိတ်ထားလို့လည်းရပါတယ်။
iPad မှာတော့ contents တွေကို split screens တွေကြားများ drag & drop ပြုလုပ်နိုင်မှာဖြစ်ပြီး apps တွေကိုလည်း home screen ပေါ်ကို drag ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Siri ရဲ့ လစဉ် အသုံးပြုသူဦးရေဟာ (၃၇၅) သန်းအထိ ရှိပေမယ့် Google Assistant နဲ့ Alexa တို့လောက် smart မဖြစ်သေးတဲ့အတွက် Apple အနေနဲ့ ပိုမိုကောင်းမိုအောင် ဖန်တီးပေးလိုက်ပါတယ်။
Siri အသစ်မှာတော့ အသံပိုင်းဆိုင်ရာကို အကောင်းဆုံးပြင်ဆင်ပေးလိုက်ပြီး မိန်းကလေးအသံအပြင် ယောက်ျားလေး အသံပါ ပါဝင်လာကာ အသံထွက်ကလည်း ပိုမိုလူသားဆန်လာပါတယ်။
ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ စပိန် နဲ့ တရုတ်ဘာသာစကားတွေကိုလည်း ဘာသာပြန်နိုင် တဲ့အပြင် Siri ရဲ့ UI အသစ်ကလည်း page တစ်ခုတည်းနဲ့ သတင်းအချက်အလက်အမြောက်အများကို ဖော်ပြမှာပါ။

Apple က JPEG နေရာမှာအစားထိုးမယ့် HEIF လို့ခေါ်တဲ့ image format အသစ်ကို မိတ်ဆက်ပေးလိုက်ပြီး ဒီ format ဟာ HEVC ပေါ်အခြေခံကာ file size သေးသေးနဲ့ ဓာတ်ပုံ အရည်အသွေး ကောင်းကောင်းကို ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် video တွေကိုလည်း H.265 format နဲ့ရိုက်ယူနိုင်မှာဖြစ်တဲ့အတွက် compression ပိုမို ကောင်းမွန်လာပါတယ်။ ဒါဟာလည်း file size သေးသေးနဲ့ အရည်အသွေးကောင်းကောင်းကို ထုတ်လုပ်ပေးမယ်ဆိုတဲ့ သဘောတရားတစ်ခုဖြစ်ပါတယ်။
Portrait mode ကလည်း အလင်းအားနည်းတဲ့အချိန်မှာတော့ အဆင်ပြေစေပြီး True Tone flash နဲ့ OIS တို့ ထောက်ပံ့လာပါတယ်။

Apple Pay က iMessage ကို ထောက်ပံ့ပေးလိုက်ပါပြီ။ iMessage ကိုအသုံးပြုပြီး contacts ထဲက သူတွေကို အလွယ်တကူ ငွေလွှဲ၊ ငွေလက်ခံနိုင်ပြီဖြစ်ပါတယ်။ လွှဲလိုက်တဲ့ ပိုက်ဆံတွေဟာ Apple Pay ထဲကို ရောက်ရှိမှာဖြစ်ပြီး Apple Pay ကနေ bank အကောင့်ထဲကို ပြန်လွှဲယူနိုင်ပါတယ်။

UI အသစ်

App Store
အခု App Store အသစ်မှာတော့ Google Play Store မှာလို Apps and Games ဆိုပြီး category (၂) ခုပါဝင်လာပါတယ်။ ဒါ့အပြင် အသစ်ပါဝင်လာတဲ့ Today tab မှာ နောက်ဆုံးထွက်နဲ့ လူကြိုက်များတဲ့ apps တွေနဲ့ games တွေကို highlight ပြုလုပ်ပေးထားမှာလည်းဖြစ်ပါတယ်။Siri

Siri ရဲ့ လစဉ် အသုံးပြုသူဦးရေဟာ (၃၇၅) သန်းအထိ ရှိပေမယ့် Google Assistant နဲ့ Alexa တို့လောက် smart မဖြစ်သေးတဲ့အတွက် Apple အနေနဲ့ ပိုမိုကောင်းမိုအောင် ဖန်တီးပေးလိုက်ပါတယ်။
Siri အသစ်မှာတော့ အသံပိုင်းဆိုင်ရာကို အကောင်းဆုံးပြင်ဆင်ပေးလိုက်ပြီး မိန်းကလေးအသံအပြင် ယောက်ျားလေး အသံပါ ပါဝင်လာကာ အသံထွက်ကလည်း ပိုမိုလူသားဆန်လာပါတယ်။
ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ စပိန် နဲ့ တရုတ်ဘာသာစကားတွေကိုလည်း ဘာသာပြန်နိုင် တဲ့အပြင် Siri ရဲ့ UI အသစ်ကလည်း page တစ်ခုတည်းနဲ့ သတင်းအချက်အလက်အမြောက်အများကို ဖော်ပြမှာပါ။
Camera

Apple က JPEG နေရာမှာအစားထိုးမယ့် HEIF လို့ခေါ်တဲ့ image format အသစ်ကို မိတ်ဆက်ပေးလိုက်ပြီး ဒီ format ဟာ HEVC ပေါ်အခြေခံကာ file size သေးသေးနဲ့ ဓာတ်ပုံ အရည်အသွေး ကောင်းကောင်းကို ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် video တွေကိုလည်း H.265 format နဲ့ရိုက်ယူနိုင်မှာဖြစ်တဲ့အတွက် compression ပိုမို ကောင်းမွန်လာပါတယ်။ ဒါဟာလည်း file size သေးသေးနဲ့ အရည်အသွေးကောင်းကောင်းကို ထုတ်လုပ်ပေးမယ်ဆိုတဲ့ သဘောတရားတစ်ခုဖြစ်ပါတယ်။
Portrait mode ကလည်း အလင်းအားနည်းတဲ့အချိန်မှာတော့ အဆင်ပြေစေပြီး True Tone flash နဲ့ OIS တို့ ထောက်ပံ့လာပါတယ်။
AR KIT
Apple က event အတွင်းမှာ အမှန်တကယ်လန်းတဲ့ AR နမူနာတွေကို ပြသခဲ့ပါတယ်။ Apple အနေနဲ့ iOS devices တွေအတွက် အလန်းစား ဂိမ်းတွေနဲ့ apps တွေကို ဖန်တီးနိုင်ဖို့ developers တွေကို AR Kit အသုံးပြုစေချင်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။Apple Pay and iMessage