6/09/2017

♪ Huawei က Y7 Prime စမတ်ဖုန်းအသစ်ကို ထုတ်ဖော် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/06/wdf.jpg?fit=800%2C450&ssl=1

Huawei က Y7 Prime စမတ်ဖုန်းအသစ်ကို ဟောင်ကောင် မှာ ထုတ်ဖော်လိုက်ပါပြီ။ ဒီ စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ဧပြီလ အတွင်းက ထွက်ရှိခဲ့တဲ့ Huawei Enjoy 7 Plus ရဲ့ version နောက်တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။




ဒီစမတ်ဖုန်းရဲ့ အဓိကအားသာချက်ကိုပြောရရင်တော့ 4000mAh ရှိတဲ့ Long-lasting battery ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို သတ္တုကိုယ်ထည်နဲ့ပြုလုပ်ထားပြီး 2.5D glass နဲ့ အုပ်ထားတဲ့ (၅.၅)လက်မ 720p IPS မျက်နှာပြင် ကိုအသုံးပြုထားပါတယ်။

စွမ်းဆောင်ရည်ပိုင်းအတွက်ကတော့ Snapdragon 435 chipset (8x A53, Adreno 505) , RAM 3GB နဲ့ 32GB storage တို့ပါဝင်ပါတယ်။ Android 7.0 Nougat နဲ့အတူ EMUI 5.1 နဲ့ အလှဆင်ထားပြီး 12MP main camera နဲ့ 8MP selfie camera တို့ကို အသုံးပြုထားပါတယ်။ Camera ရဲ့ အောက်က fingerprint reader ကလည်း 0.3s အမြန်နှုန်းနဲ့ ဖွင့်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီစမတ်ဖုန်းကို Silver, Grey နဲ့ Gold အရောင် (၃) မျိုးထုတ်လုပ်ထားပြီး ဈေးနှုန်းကတော့ (၂၄၀) ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။





Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com