6/12/2017

♪ Android device မှာ Guest Mode နဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘယ်လိုကာကွယ်မလဲ ♫


ကိုယ့်ရဲ့ အပေါင်းအသင်း သူငယ်ချင်းတွေကို Android device ငှားလိုက်ရတာပဲဖြစ်ဖြစ်၊ ခေတ္တခဏ သုံးစွဲ ခွင့်ပေးတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ဖုန်းထဲက အချက်အလက်တွေ လုံခြုံစိတ်ချဖို့နဲ့ ဓာတ်ပုံတွေ၊ စာတွေကို အလွယ်တကူနဲ့ အခြားသူ အသုံးမပြုနိုင်စေရန် Guest mode နဲ့ ကာကွယ်ပေးထားနိုင်ပါတယ်။ Guest mode ကို Android 5.0 နဲ့အထက်မှာ စတင် ထည့်သွင်းပေးလာပါတယ်။ အချို့ ဖုန်းတွေမှာတော့ အဆိုပါ feature ကို တွေ့နိုင်မှာမဟုတ်ပါဘူး။

Guest mode ကို သုံးစွဲဖို့အတွက် မိုဘိုင်းဖုန်းတစ်လုံးနဲ့တစ်လုံး themes တွေမတူညီတဲ့အတွက် settings တွေဟာလည်း ပြောင်းလဲနိုင်ပါတယ်။ LG G3 လိုမျိုးဖုန်းတွေဆိုရင် Settings> General> Privacy > Guest Mode ဆိုတဲ့ နေရာ Guest mode ကို enable လုပ်ရပါမယ်။

Guest Mode ကို enable လုပ်ပြီးပြီဆိုရင် screen အပေါ်ကနေ swipe လုပ်ပြီး notification bar ကိုဆွဲချလိုက်ပါ။ ဒါဆိုရင် ညာဘက်ထောင့် အပေါ်နားမှာ User icon တွေကို တွေ့ရပါမယ်။ Add user ကို နှိပ်ပြီး guest ကို ရွေးချယ်ကာ Add guest ကို ထည့်သွင်းနိုင်ပါတယ်။

အခြားသူတစ်ဦးတစ်ယောက် ကိုယ့်ဖုန်းကို သုံးစွဲမယ်ဆိုရင် အဆိုပါ Guest mode နဲ့ပေးသုံးပါက ကိုယ့်ရဲ့ အချက်အလက်တွေကို အခြားသူတွေ ဝင်ရောက်သုံးစွဲနိုင်တော့မှာမဟုတ်ပါဘူး။


-သီဟ

Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com