6/12/2017

♪ Windows 10 Context menu က PowerShell ကို ဘယ်လို ဖယ်ရှားမလဲ ♫


Windows 10 Creator update မှာ ပါဝင်လာတဲ့ context menu က PowerShell ကို ဖယ်ရှားချင်တယ်ဆိုရင် ဖယ်ရှားပစ်နိုင်ပါတယ်။ Contex menu ဆိုတာ ဖိုဒါတစ်ခုခု ဖိုင်တစ်ခုခုကို right-click နှိပ်လိုက်တဲ့အခါမှာ ပေါ်လာတဲ့ menu ဖြစ်ပါတယ်။ Context menu ကို ထဲမှာ ထည့်သွင်းထားတဲ့ အချို့လုပ်ဆောင်ချက်တွေကို ထပ်မံပေါ်စေချင်တဲ့ အခါမှာ exten ထပ်လုပ်ရပါမယ်။ Context menu exten ကို Shift + Rigth-click နဲ့ တွဲနှိပ်ပေးရမှာ ဖြစ်ပါတယ်။

အဆိုပါ context menu ပေါ်က PowerShell ကို ဖယ်ရှားချင်တယ်ဆိုရင် registry editor ကနေ ဖယ်ရှားနိုင်ပါတယ်။ Registry editor ကို အသုံးပြုမယ် ဆိုရင် ပထမဆုံး backup လုပ်ထားသင့်ပါတယ်။ သာမန်သုံးစွဲနေကြ သူများအဖို့ အခြား settings တွေကို မတော်တဆ ဖျက်မိတာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

Registry editor ကို အသုံးပြုဖို့အတွက် ပထမဆုံး Win + R key နဲ့ run box ကို ဖွင့်ပါ။ ပြီးရင် regedit ဆိုတဲ့ command ကို ရိုက်ထည့်ပြီး Ok ကို နှိပ်ပါ။

Registry editor ထဲကို ရောက်ပြီဆိုရင် HKEY_CLASSES_ROOT\Directory\shell\PowerShell ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။ Power Shell ကို ရောက်ပြီဆိုရင် အဆိုပါ ဖိုဒါကို select လုပ်ပြီး right click နှိပ်ကာ permissions ဆိုတာကို ရွေးချယ်ရပါမယ်။


Permissions ကို ရွေးချယ်ပြီးရင် တက်လာတဲ့ နေရာမှာ Advanced ဆိုတာကို ရွေးပေး ရပါမယ်။


Advanced security  settings ဆိုတဲ့ box မှာ change ဆိုတာကို နှိပ်ပါ။


Change ကို နှိပ်လိုက်ရင် အဆိုပါ စက်ရဲ့ Owner account ကို ရှာပြီးရွေးပေးရမှာဖြစ်ပါတယ်။ ရွေးပေးပြီးရင် Ok ဆိုတဲ့ ခလုတ်ကို နှိပ်ရပါမယ်။


နောက်ထပ်တစ်ဆင့်ကတော့ ပထမရှိပြီးသား owner account နေရာကို replace လုပ်ရမှာဖြစ်တဲ့အတွက် Replace owner on subcontainers and object ဆိုတဲ့ နေရာမှာ အမှန်ခြစ်ထည့်ပါ။


ပြီးရင် Apply နဲ့ Ok ဆိုတဲ့ ခလုတ်တွေကို နှိပ်ပြီးထွက်ရပါမယ်။
ရွေးချယ်ပေးထားတဲ့ owner account ဟာ administrator level ရရှိဖို့အတွက် permissions ဆိုတဲ့နေရာမှာ ခုနက ရွေးချယ်ထားတဲ့ account ကို select လုပ်ပါ။  Permission for administrator ဆိုတဲ့နေရာမှာ Full Control မှာ အမှန်ခြစ်ထည့်ပြီး Ok ကို နှိပ်ကာ ထွက်ရမှာဖြစ်ပါတယ်။


ပြီးရင် registry editor ထဲမှာရှိတဲ့ PowerShell ဆိုတဲ့ folder ကို select မှတ်လိုက်ပါ။ ညာဘက် အခြမ်းမှာ ShowBasedOnVelocityId ဆိုတဲ့ DWOD ဖိုင်ကို တွေ့ရပါမယ်။ အဆိုပါ ဖိုင်ကို အမည် ပြောင်းပေးရမှာဖြစ်တဲ့ အတွက် F2 key ကို နှိပ်ပါ။ ပြီးရင် HideBasedOnVelocityId ဆိုတဲ့ အမည်ကို ပြောင်းပေးရမှာ ဖြစ်ပါတယ်။


အဆိုပါ အဆင့်တွေပြီး သွားပြီဆိုရင် registry editor ကနေ ထွက်ရမှာဖြစ်ပါတယ်။ ပြီးရင် Shift+ Right-click နှိပ်ကြည့်ပါ။ ဒါဆိုရင် context menu ပေါ်ကနေ PowerShell ကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။

 
 
-သီဟ


Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com