6/03/2017

♪ ခံ့ညားထည်ဝါမှုကို ပိုမိုမြှင့်တင်ပေးမည့် OPPO Black Series စမတ်ဖုန်းများကို ဈေးကွက်တွင် မကြာမီ ရွေးချယ်နိုင်ပြီ ♫

Image may contain: phone

အရောင်းအသွေးကာလာများသည် လူသားများ၏စိတ်ကို တစ်မျိုးတစ်ဖုံဖမ်းစားလွှမ်းခြုံထားကြပြီး မိမိရွေးချယ်လိုက်သည့် အရောင်အသွေးသည် မိမိ၏စိတ်နေစိတ်ထားကိုပါ သွယ်ဝိုက်သောနည်းဖြင့် ဖော်ဆောင်နေကြသည်ဟုဆိုလျှင် မှားမည်မ ထင်။

လူအများစုသည် လျှို့ဝှက်ဆန်းကြယ်စွာနေထိုင်တတ်ကြသည့်နည်းတူ ၄င်းတို့ရွေးချယ်လိုက်သည့်အရောင်းအများစု မှာ ပရိယာယ်များသိုင်းခြုံထားသကဲ့သို့ ရှိနေစေသည်။ အထူးသဖြင့် အရောင်းများတွင် လူ့စိတ်ကိုအဆွဲဆောင်းဆုံးဖြစ်စေ သည့် အနက်ရောင်တွင် လျှိုဝှက်ဆန်းကြယ်မှုများအပြင် နောက်ထပ်အားကောင်းသော တွန်းအားများလည်း ပါဝင်နေပေ သည်။

ခံ့ညားထည်ဝါခြင်း၊ စွမ်းအားကြီးမားခြင်း၊ ဂုဏ်ကျက်သရေဖြင့်လှပတင့်တယ်ခြင်းတို့ကိုပါ အနက်ရောင်းက အားဖြည့်ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ ယနေ့ခေတ်လူအများ၏ နိစ္စဓူဝအသုံးအဆောင်များထဲတွင် အနီကပ်ဆုံးအဖြစ်ပါ ဝင်နေသည့် စမတ်ဖုန်းတစ်လုံး၏အရောင်ရွေးချယ်မှုအပိုင်းကိုကြည့်မည်ဆိုပါက အနက်ရောင်၏အင်အားကြီးမားမှုကပိုမို မြင့် တက်လာကြောင်းတွေ့ရှိနေရသည်။

စမတ်ဖုန်းတစ်လုံးရွေးချယ်မှုအတွက် အမြင်အာရုံဆွဲဆောင်မှုအပိုင်းအားကောင်း သည့် အနက်ရောင်မှာ လက်ရှိခေတ်ရေစီးကြောင်းတွင် ပိုမိုလှုပ်ရှားသက်ဝင်လာပြီဖြစ်သည့်အတိုင်း လူငယ်ထုအတွက် ငယ် ရွယ်ပြီးခေတ်ရေစီးကြောင်းပေါ်တွင် အမြဲတမ်းဦးဆောင်နိုင်စေရန် တည်ငြိမ်ပြည့်ဝသည့်ဆွဲဆောင်မှုအသွင်မျိုးပေး စွမ်းနိုင်စေမည့် Black Series OPPO စမတ်ဖုန်းများကို မြန်မာပြည်ဈေးကွက်အတွက် တင်သွင်းဖြန့်ချိပေးသွားမည်ဖြစ်သည်။

Ref : OPPO




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com