Samsung က ၄င်းရဲ့ S7 Edge Black Pearl (ပုလဲနက်) ဟာ မနက်ဖြန် ဒီဇင်ဘာ(၉) ရက်နေ့မှာ ထွက်ရှိမှာဖြစ်တယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။
Samsung အနေနဲ့ S7 Edge ကို White Pearl, Black Onyx, Gold Platinum, Silver Titanium, Pink Gold နဲ့ မကြာသေးခင်က Blue Coral ဆိုပြီး အရောင် (၆) မျိုးထုတ်လုပ်ထားတဲ့အတွက် အခုထွက်ရှိတဲ့ Black Pearl ဟာ ခုနှစ်ခုမြောက် Edition လည်းဖြစ်ပါတယ်။
အခုလိုမျိုး Black Pearl ကိုထုတ်လုပ်မှုဟာ iPhone 7 နဲ့ 7 Plus ရဲ့ အလွန်ရေပန်းစားလျက်ရှိတဲ့ Jet Black ကို အကြီးမားဆုံး ပြိုင်ဆိုင်လိုက်တာဖြစ်ပြီး Note 7 ရဲ့ အရောင်လေးမျိုးဖြစ်တဲ့ Silver, Gold , Blue နဲ့ Black တို့ကိုထုတ်လုပ်လိုက်တဲ့ အတွက် Note 7 ရဲ့ သေးဆုံးမှုကိုအသက်ပြန်သွင်းတာလို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။
S7 Edge Black Pearl ကို 128GB storage နဲ့ ထုတ်လုပ်မှာဖြစ်ပြီး ကိုရီးယား ပြည်တွင်းမှာတင်မဟုတ်ဘဲ အခြားနိုင်ငံတွေမှာပါ ရောင်းချနိုင်ချေရှိတယ်လို့ သိရပါတယ်။

www.pyaephyo.com