လက်ရှိ နည်းပညာလောထဲက high-end ဖုန်းတွေနဲ့ tablet တွေမှာ အသုံးပြုတဲ့
Qualcomm ရဲ့ နောက်ဆုံးထွက် processor ဟာ Windows 10 နဲ့
အဆင်ပြေစွာတွဲဖက်အသံနိုင်မှာဖြစ်တဲ့အတွက် လာမယ့် (၂၀၁၇) မှာထွက်ရှိမယ့်
laptop တွေဟာ စမတ်ဖုန်းတွေနဲ့ ပိုမိုဆင်တူလာနိုင်တယ်လို့ CNET မှာ
ဖော်ပြပါတယ်။
Microsoft ရဲ့ Windows 10 devices တွေဟာ Snapdragon 835 processor နဲ့ တွဲဖက်တော့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ Microsoft ရဲ့ Windows Hardware Engineering Community event မှာ Qualcomm က ကြေညာခဲ့တာဖြစ်ပြီး ဒီ chip ဟာ Gigabit LTE connectivity နဲ့ ဘက်ထရီ ကို နှစ်ဆနီးပါး ကြာရှည်ခံစေဖို့ ထောက်ပံ့ပေးမှာဖြစ်တယ်လို့သိရပါတယ်။
ဒါဟာ ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ ကွန်ပျူတာတွေကြားက ကွာခြားမှုတွေကို ပိုမိုနီးစပ်လာစေမှာ ဖြစ်ပြီး Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ chip ရဲ့ ထောက်ပံ့မှုကြောင့် အနာဂတ် Laptop တွေကို ဖုန်းတစ်လုံးလိုမျိုး တစ်ချိန်လုံး ဖွင့်ထားပြီး အင်တာနက်ချိတ်ဆက် အသုံးပြုထားနိုင်မှာဖြစ်ပါတယ်။
အခုလိုမျိုး ဖုန်း တစ်လုံးလို ပါဝါမပိတ်ဘဲ အသုံးပြုလိုရပြီဖြစ်တဲ့အတွက် ပန်ကာမလိုအပ်ဘဲ ပိုမိုသေးငယ်တဲ့ ဒီဇိုင်းတွေနဲ့ touchscreen laptop တွေကို ပိုမိုမျှော်လင့်နိုင်ပြီဖြစ်ပါတယ်။
Microsoft ရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ Terry Myserson က “ Windows 10 ကို Qualcomm ရဲ့ နည်းပညာ ARM ecosystem ဆီ ခေါ်ဆောင်နိုင်ခဲ့တဲ့အပေါ် စိတ်လှုပ်ရှားမိပါတယ်“ လို့ ပြောကြားခဲ့ပါတယ်။

www.pyaephyo.com