နှစ်တစ်နှစ်ကုန်ဆုံးဖို့ အချိန်ရောက်တိုင်း နည်းပညာနဲ့ပတ်သက်တဲ့သတင်း
website တွေဟာ ၁ နှစ်တာအတွင်း အကောင်းဆုံး ထုတ်လုပ်မှုနဲ့ လူကြိုက်
အများဆုံးလို့သတ်မှတ်နိုင်တဲ့ စမတ်ဖုန်းတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ အခုလည်း ၂ဝ၁၆နှစ်ကုန်ခါနီးဒီဇင်ဘာပထ မပတ်ကို ရောက်လာတဲ့ အချိန် မှာတော့နည်းပညာနဲ့ပတ်သက်တဲ့ သ တင်း website တွေဖြစ်တဲ့ PCadvisor, Techradar, CNet နဲ့ t3.com တွေကနေ ၂ဝ၁၆ခုနှစ်အတွင်း လူကြိုက် အများဆုံးဖြစ်ခဲ့တဲ့ စမတ်ဖုန်းတွေကို ရွေးချယ်သတ်မှတ်ပေးလိုက်ပါတ ယ်။ နှစ်ကာလတစ်ခုအဆုံးသတ်ခါနီး အချိန်တိုင်းမှာ ထွက်လာတဲ့ရလဒ်တွေအရ နာမည်ကြီးကုမ္ပဏီကြီးတွေဖြစ် တဲ့ Apple, Samsung တို့ကထုတ်တဲ့ ဖုန်းတွေ သာ ထိပ်ဆုံးနေရာကိုရယူထားတာကို တွေ့ရမှာဖြစ်ပြီး၊ ပြည်တွင်းမှာ နာမည်ကြီးနေတဲ့ တရုတ်ကုမ္ပဏီ တွေမပါဝင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်အခြေ အနေပေါ်မူတည်ပြီး
ဆုံးဖြတ်ပေးခြင်း ဖြစ်တာ ကြောင့် Huawei, HTC လို Global အထိဖြန့်ချိတဲ့
ကုမ္ပဏီတွေကတော့ နံပါတ်၁ ကနေ၁ဝ အတွင်းမှာ ဝင်ရောက်နေပါလိမ့်မယ်။ Mobile
Guide ဂျာနယ်အနေနဲ့ နည်းပညာ website (၄)ခုမှာ ဖော်ပြထားတဲ့ စမတ်
ဖုန်းတွေထဲကမှ အကောင်းဆုံး လို့သတ်မှတ်နိုင်တဲ့ဖုန်းတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါ တယ် . . . . .
<Samsung Galaxy S7 edge>
Samsung Galaxy S7 edge မှာမျက်နှာပြင် ၅.၅လက်မရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်က ထွက်ရှိထားခဲ့တဲ့ စမတ်ဖုန်း တွေထက် မျက်နှာပြင်ပိုင်းမှာလည်း ပိုမိုကြီးမားလာပါတယ်။ S7 Edge ရဲ့ Screen ကို 2560X1440 pixel အရည် အသွေးရှိတဲ့ Super AMOLED screen တွေတပ်ဆင်ပေးထားတာကြောင့် ရုပ်ထွက်အလွန်ကြည်လင် ပြတ်သားတဲ့ပုံရိပ်တွေမြင်တွေ့ရမှာပါ။ အရေးပါတဲ့ ပြောင်းလဲမှုတစ်ခုအဖြစ် S7 edge ရဲ့ကင်မရာမှာ အလင်း အားနည်းချိန် အထူးကောင်းမွန်တဲ့ဓာတ်ပုံများရိုက်ကူးနိုင်ဖို့
F1.7 Lenses ကို အသုံးပြု ပေးထားပါတယ်။ အသစ် ထည့်သွင်းပေးလိုက်တဲ့ Motion
Panorama ဖြင့် သက်ဝင်နေသော မြင်ကွင်းကျယ်ပုံရိပ်များကို
မှတ်တမ်းတင် ထားနိုင်ပါပြီ။ ပိုကြီးတဲ့ Pixel ပမာဏကိုသုံးစွဲပေးထားလို့
ပိုကောင်းတဲ့ပုံရိပ်တွေကို ရရှိမှာပါ။ ရှေ့ကင်မရာ 5MP နှင့်ကျောဘက်ကင်မရာ
12MP တို့အသီး သီးပါဝင်ပါတယ်။ Processor ကို ဗားရှင်းနှစ်မျိုးထုတ်ထားပါ တယ်။
တစ်မျိုးက Qualcomm Snapdragon 820 ကိုသုံးထားပြီး တစ်မျိုးက Octa Core
2.3GHz ဖြစ်ပြီး နောက်တစ် မျိုးက 1.6 GHz ရှိပါတယ်။ 64 Bit processor ကိုပဲ
အသုံးပြု ထားခြင်းဖြစ်ပါတယ်။ CPU ရဲ့စွမ်းဆောင်နိုင်မှုဟာ Samsung Galaxy
S6 ထက် ၃ဝရာခိုင်နှုန်းပိုမြန်ပြီး GPU ကတော့ ၆၄ ရာခိုင်နှုန်းပိုမြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Edge မှာ ဖုန်းပူခြင်းလျှော့ချနိုင်ဖို့
Cooling System အသစ်ကိုအသုံးပြုထားပြီး ကြာရှည်အသုံးပြု နိုင်ဖို့
ဘက်ထရီအားကို 3600mAh အသုံးပြုထားလို့ Gamer များ၊
အင်တာနက်သုံးစွဲသူများနဲ့ ဖုန်းအား ခဏ ခဏမသွင်းလိုသူများအတွက်
နှစ်သက်စရာဖြစ်မှာပါ။ S7 edge မှာ IP68 ရေစိုနဲ့ဖုန်ဒဏ်ကို
အထူးခံနိုင်ရည်ရှိ ပြီး၊ အတွင်းသို့ မဝင်ရောက်နိုင် အောင်
အထူးပြုလုပ်ထားပါတယ်။
<Apple iPhone 7 Plus>
Apple ရဲ့ iPhone 7 Plus ကိုအနောက်ဘက်မှာ ကင်မရာနှစ်လုံးတပ်ဆင် ထားပြီး 2x Optical Zoom ကို ပံ့ပိုး ပေးထားပါတယ်။ ဒီလိုကင်မရာမျိုးကို LG G5 နဲ့ V20 တို့မှာလည်း အသုံးပြုထားပါတယ်။ Wide Angle Lens နဲ့ Tele-photo Lens များဖြစ်ကြပြီး 12 MP Sensors များဖြစ်ပါတယ်။ Nokia, HTC, Google နဲ့ အခြားဖုန်းထုတ်လုပ်သူများက ဒီနည်းပညာကိုအသုံးပြုနေကြပြီဖြစ်
ပါတယ်။ 12MP Sensor အသစ်များဟာ ၆ဝ ရာခိုင်နှုန်း ပိုမိုမြန်ပြီး
၃ဝရာခိုင်နှုန်း ပိုမိုစွမ်းရည်မြင့်ပါတယ်။ ယခင်မျိုးဆက်မှာလိုပဲကင်မရာ မှာ
Optical Image Stabilization ပါပါတယ်။ အရှေ့ကင်မရာက 7 MP Photoနဲ့ 4K
Video များကို ရိုက်နိုင်ပါတယ်။ မှန်လိုတောက်ပြောင်တဲ့ Jet Black အနက်ရောင်
မော်ဒယ်အသစ်တစ်ခုကို မိတ်ဆက်လိုက်ပြီး ရွှေ၊ ငွေ၊ နှင်းဆီ
ရွှေရောင်များကိုလည်း ထုတ် လုပ်ပေးထားပါတယ်။ Home Button ကို 3D Touch
Button အဖြစ်ပြုလုပ်ပေးထားပြီး ယခင်လိုဖိနှိပ်စရာ မလိုဘဲဖိအားကို
အာရုံခံအလုပ်လုပ်မှာပါ။ 3.5mm Headphone Jack ကိုဖယ်ရှားလိုက်တဲ့
အတွက်သာမန် Headphone များနဲ့ချိတ်ဆက်လို့မရတော့ပါဘူး။
Lightning EarPods နဲ့ Lightning Adapter တို့ဖြင့် Headphone
များကိုချိတ်ဆက်ရ မှာဖြစ်ပြီး iPhone 7 Plus နဲ့အတူ ထည့်သွင်းပေးထားပါတယ်။
Bluetooth Air-Pods နားကြပ်ကိုထုတ်လုပ်ပေးထားပြီး ဒေါ်လာ ၁၆ဝ ဖြင့်သီးခြားဝယ်ရမှာပါ။ IP67 စံနှုန်းရှိပြီးရေအနက် ၁ မီတာအထိယူဆောင်သုံးနိုင်ပါတ ယ်။
Quad-Core A10 Fusion Chipset အသစ်ထည့်သွင်းထားပါတယ်။ Home Button ကတော့
Non-mechanical အမျိုးအစားဖြစ်ပါတယ်။ Non-mechanical လို့ဘာကြောင့်ခေါ်
သလဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာအရရွေ့လျားမှုမရှိတော့ လို့ပါ။ တစ်နည်းအားဖြင့်အသေပါ (Force Sensitive Static Version) နှိပ်လိုက် ရင် အရင်လိုကျွံဝင်သွားမှာမဟုတ် ပါဘူး။
<LG G5>
LG ဟာစွမ်းဆောင်ရည်မြင့် တပ်ဆင်နိုင်တဲ့ဖုန်းကိုထုတ် လုပ်တဲ့
ပထမဆုံး ဖုန်းထုတ်လုပ်သူပါ။ ဖြုတ်၊တပ်နိုင်တဲ့ Module များဟာ G5 ရဲ့အဓိက
စွမ်းဆောင်ချက်ပါ။ G5 ဟာ 5.3 လက်မမျက်နှာပြင်မှာ တောက်ပရွှန်းစိုတဲ့
ပုံရိပ် အရည်အသွေးကိုရရှိနိုင်စေဖို့ အတွက်
သူ့ရဲ့ Resolution ထောက်ပံ့မှုမှာ 2560 x 1440pixels ဖြစ်ပါတယ်။ PPI
ကိုတော့ ၅၅၄ ထောက်ပံ့ပေးထားပါ တယ်။ PPI က အရင်ထွက်ထားတဲ့ Nexus 6P,LG G4
တို့ ထက်ပိုသာသွားမှာ ဖြစ်ပါတယ်။ LG G5 မျက်နှာပြင်ဟာ Galaxy S7
နဲ့တောင်ယှဉ်နိုင်ပါတယ်။ မျက်နှာပြင်ရဲ့နေရာ တိုင်းမှာ Pixel
များရဲ့အားနည်းချက်ကို မတွေ့ရပါဘူး။ Display ဟာ အရင်မျိုးဆက်နဲ့တူညီနေပြီး
IPS LCD ကိုသာသုံးထားပါတယ်။ ဖုန်းထဲမှာ HD ဗီဒီယိုတွေကြည့်ရှုတာ၊
ဂိမ်းတွေဆော့ကစားတာကိုကြည်လ င် တဲ့ မြင်ကွင်းနဲ့ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
G5 မှာသုံးစွဲထားတဲ့ UI ကတော့ Optimus UX5.0 ဖြစ်ပြီး၊ App တွေနေ
ရာချထားမှု၊ widget တွေစီမံမှုအပိုင်း မှာ လွယ်ကူမြန်ဆန်လာပါတယ်။ Android 6.0
(Marshmallow)အပေါ်မှာ ပြန်လည်ဆန်းသစ်ထားတဲ့ UI ဒီဇိုင်းဟာ LG
သုံးစွဲသူတွေအတွက် သီးသန့်ဖြစ် ပါတယ်။ Screen ရဲ့အလင်း အားထုတ်လွှင့်မှုဟာ
ဘက်ထရီစွမ်းအားချွေတာမှု အတွက်ကိုလည်း ထောက်ပံ့ပေးပါတယ်။ မှတ်ဥာဏ်ပမာဏ
အပိုင်းတွင် RAM ဟာ 4GB ပါရှိမှာဖြစ်ပြီး၊ Internal Storage ကို 32GB
ထည့်သွင်းပေးထားပါ တယ်။ SD ကတ်စိုက်၍လည်း မှတ်ဥာဏ်ပမာဏကို 200GB
ထပ်မံတိုးချဲ့နိုင်ပါ သေးတယ်။ အစိတ်အပိုင်းများကို ဖြုတ်၊ တပ်နိုင်တဲ့ LG
G5 ဟာ ရေစိုခံမှု စွမ်းရည်အားနည်းပါတယ်။ အထူးပြုလုပ်ထားတဲ့ ရာဘာအပိတ်များဟာ
နေရာ တကျ ဖြစ်နေပေမယ့် ရေစက်လေးများဖုန်းထဲကိုဝင်သွားနိုင်ပါတယ်။
<Apple iPhone 7>
အနောက်ဘက်မှာ 12MP Camera တပ်ဆင်ထားပြီး Optical Image Stabilization နည်းပညာပါပါတယ်။ ယခင်မျိုးဆက်ကင်မရာထက် ၆ဝ ရာခိုင်နှုန်းပိုမိုမြန်လာပြီး ၃ဝ ရာခိုင်နှုန်းပိုမိုစွမ်းရည် မြင့်လာပါတယ်။
အရှေ့ ကင်မရာက 7MP Photo နဲ့ Full HD Video များကိုရိုက်နိုင်ပါတယ်။
Quad-Core A10 Fusion Chip ထည့်ပေး ထားပါတယ်။ ယခင် A9 Chip ထက် ၄ဝ
ရာခိုင်နှုန်းပိုမိုမြန်ဆန်လာပြီး
A8 ထက် ၂ ဆမြန်လာပါတယ်။ ဘက်ထရီ သက်တမ်းမှာ ယခင် iPhone 6s ထက် ၂
နာရီပိုအသုံးခံပါတယ်။ ၄.၇ လက်မ Retina Display တပ်ဆင်ထားပါတယ်။ Headphone
Jack ကိုဖယ်ရှားထားပြီး Lightning Port ကနေ ချိတ်ဆက်ရမှာပါ။ Blue-tooth
AirPods နဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ 3D Touch Home Button အသစ်ကို
ထည့်ပေးထား ပါတယ်။ တန်ဖိုးအနည်းဆုံးယခင်မျိုးဆ က်များမှာမပါတဲ့
ရေစိုခံခြင်း၊ ဖုန်မှုန့် များမဝင်အောင်ကာကွယ်ခြင်း စတဲ့စွမ်းရည်
များပါလာပါတယ်။ ရေအနက် ၁ မီတာမှာ မိနစ် ၃ဝ ကြာ သုံးနိုင်ပါတယ်။ iPhone 7
မှာ Stereo Speaker တွေလည်းပါဝင်တယ်။ Speaker တွေကိုဖုန်းရဲ့အပေါ်ဘက်ခြမ်း နဲ့
အောက်ဘက်ခြမ်းမှာ ထည့်သွင်းပေးထားပါ တယ်။ iPhone 6s ထက် Speaker အသံ
၂ဆကျယ်မယ်။ အသံရောက်နိုင်မယ့် အကွာအဝေးလည်း ပိုပါတယ်။ WiFi
လိုင်းမိသည်ဖြစ်စေ၊ မမိသည်ဖြစ်စေအလွန်လျင်မြန်တဲ့
WiFi + Cellular Model ဟာ LTE Bands များစွာကိုထောက်ပံ့ပါတယ်။ 450Mbps
ဖြစ်ပြီး LTE ကွန်ရက်မှာသုံးမယ်ဆိုရင် iPhone 6 ထက် ၃ဆပိုမိုမြန်ဆန်ပါ
လိမ့်မယ်။ LTE band ၂၅ခုကျော် ထိထောက်ပံ့ပေးထားနိုင်ပါတယ် ။
<Samsung Galaxy S7>
Samsung S7ဟာ Screen မျက်နှာပြင်အကျယ် ၅.၁ လက်မရှိပြီး 2560X1440 pixel အရည်အသွေးရှိတဲ့ Super AMOLED screen တွေ တပ်ဆင်ပေးထားတာကြောင့် ရုပ်ထွက်အလွန်ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေ
မြင်တွေ့ရမှာပါ။ Galaxy S7 ရဲ့မျက်နှာပြင်ကတော့ Galaxy S6 နဲ့အရွယ် အစား
တူညီပေမယ့်ဘေးဘောင် bezel တွေကပိုပြီးကျဉ်းမြောင်းပါတ ယ်။ Professional Camera များတွင်သာအသုံးပြုလေ့ရှိတဲ့  လူ့မျက်စိနှစ်ဖက် အသွင် Dual-Photodiode စနစ်ကြောင့်အထူးလျင်မြန်စွာ
Focus ချိန်ညှိပေး နိုင်ပါတယ်။ ရှေ့ကင်မရာ 5MP နှင့်ကျောဘက်ကင်မရာ 12MP
တို့ အသီးသီး ပါဝင်ပါတယ်။ ဘက်ထရီအားကို Galaxy S7 မှာ 3000mAh
အသုံးပြုထားလို့ Gamer များ၊ အင်တာနက်သုံးစွဲသူများနဲ့
ဖုန်းအားခဏခဏမသွင်းလိုသူများ
အတွက် နှစ်သက် စရာဖြစ်မှာပါ။ Galaxy S7 ရဲ့ မူလသိမ်းဆည်းနိုင်မှုပမာဏ ကတော့
32GB ပဲဖြစ်ပြီး ပိုမိုသုံးစွဲနိုင်ဖို့ 200GB ထိ MicroSD ကတ်ထည့်သွင်း
လို့ အသုံးပြုနိုင်ပါသေးတယ်။ အင်အားကောင်းတဲ့ ဘက်ထရီနဲ့ ထွက်ရှိလာတာ
ဖြစ်တဲ့အပြင် လျင်မြန်စွာအားသွင်းနိုင်ဖို့အထောက်အပံ့နဲ့အတူ
ကြိုးမဲ့ အားသွင်း စနစ်တို့ကိုလည်း အထူးထောက်ပံ့ပေးပါတယ်။ ဒါ့ထက်ပိုလို့
Galaxy S7 ဟာ ရေစိုနဲ့ဖုန်း ဒဏ်ကိုဖုန်းကရှိသမျှအပေါက်ေ တွကို အဖုံးပိတ်စရာ မလိုဘဲ ခံနိုင်ရည်ရှိရှိအသုံးပြုနိုင်ပါတယ်။
64 Bit processor ကိုပဲ အသုံးပြု ထားခြင်းဖြစ်ပါတယ်။ CPU ရဲ့စွမ်း
ဆောင်နိုင်မှုဟာ Samsung Galaxy S6 ထက် ၃ဝ ရာခိုင်နှုန်းပိုမြန်ပြီး GPU
ကတော့ ၆၄ ရာခိုင်နှုန်းပိုမြန်သွား မှာဖြစ်တယ်လို့ ဆိုပါတယ်။ Galaxy S7
မှာဂိမ်းများကို နှစ်သက်စွဲလန်းလူများ အတွက် မာလ်တီမီဒီယာပိုင်း
ကောင်းစွာအသုံးချနိုင်အောင်
ဆောင်ရွက် ပေးထား ပါတယ်။ Game Launcher နှင့် Game Tools များပါဝင်ခြင်း
ကြောင့် ဖုန်းဝင်လာခြင်းနဲ့ စာတိုဝင်ရောက်မှုသတိ ပေးချက်တွေက
ဂိမ်းကစားခြင်းကို အနှောင့်အယှက်မပေးဘဲ အာရုံမပျက်နိုင်အောင်လုပ်ဆောင်ပေးနိုင်သလို၊ ဘက်ထရီသုံးစွဲမှုအနည်းဆုံးဖြ စ်အောင်လည်း လျှော့ချပေးခြင်းကြောင့် ဂိမ်းကိုလည်းကြာကြာကစားနိုင်ပါတယ်။
<Huawei Nexus 6P>
6P ဟုအမည်ပေးထားပေမယ့်လည်း ၅.၇ လက်မမျက်နှာပြင်ကိုသာ တပ်ဆင် ထားပြီး Motorola အစား Huawei က ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ ၅.၇လက်မ AMOLED QHD (1440x2560)Display တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာတပ်ဆင်ထားတဲ့စပီ ကာများကလည်း
ဒီဇိုင်းအသစ်ဖြစ်ပါတယ်။ ပုံရိပ်ဖော်ပြမှုကိုကြည့် လိုက်တော့လည်း QHD
မှာအမြင့်မားဆုံး density ဖြစ်တဲ့ 518ppi နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ 3D
Curved ဖန်သားမှာ သပ်ရပ် တဲ့ အသွင်အပြင်ဖြစ်နေမှာပါ။ ကင်မရာကိုလည်း 12.3MP
ဖြင့် အဆင့်မြှင့် ထားပြီး LED Flash နှစ်လုံးနဲ့တွဲဖက်ထားပါတယ်။
2160p Video များကို ရိုက်ကူးပေးနိုင်ပြီး အရှေ့ဘက်မှာတော့ 8MP Camera
တပ်ဆင်ထား ပါတယ်။ Android 6.0 Marshmallow ကိုပထမဆုံးထည့် သွင်းပေးထားပြီး
Fingerprint Reader ပါရှိပါတယ်။ Apple လိုမဟုတ်ဘဲ Reader ကို အနောက်ဘက်မှာ
တပ်ဆင်ထားပါတယ်။ Standby အသုံးပြုလျှင် ဘက်ထရီကိုပိုမိုချွေတာ ပေးတဲ့
Marshmallow ရဲ့ Doze စွမ်းဆောင်ချက်ပါရှိလာပါတယ် ။ Nexus 6 နဲ့ Note 5 တို့ထက်ကြီးမားတဲ့ 3450mAh Battery တပ်ဆင်ထားပါတယ်။ အရင် မျိုးဆက်များမှာလို ကြိုးမဲ့အားသွင်းစနစ်မပါရှိ ပါဘူး။
အားသွင်းဖို့ USB Type-C ကိုထည့်သွင်းပေးထားပြီး ၁ဝ မိနစ်အားသွင်းရင်
ခုနစ်နာရီ အသုံးခံပါတယ်။ Nexus 6P ကို Snapdragon 810 Chipset
ကမောင်းနှင်မှာ ဖြစ်ပါတယ်။ ယခင်နှစ်မှ Nexus 6 ရဲ့ Snapdragon 805 ထက် QHD
Screen မှာ ဂိမ်းကစားရင်ပိုမိုကောင်းမွ န်လာပါတယ်။
3GB RAM ကတော့ယခင်မျိုးဆက် နဲ့အတူတူပါပဲ။ ဘက်ထရီသက်တမ်းကလည်းတာ
ရှည်ခံသုံးနိုင်မယ့် အရွယ်အစားမျိုးဖြစ်ပြီး 3450mAh ဖြစ်ကာ USB Type-C
ကြောင့်အားသွင်းရ တာ မြန်ဆန်မှာပါ။ လက်ဗွေဖတ်စနစ်ကတော့ ရှုထောင့်
ပေါင်းစုံကနေ ဖတ်ရှု နိုင်မယ့်အမျိုးအစားပါ။
<Huawei Mate 9 Porsche>
Huawei အနေနဲ့ဆန်းသစ်တဲ့ဒီဇိုင်းလု ပ်ဆောင်ချက်တွေနဲ့ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးစားလာတာကို P9 မှာတည်းကတွေ့မြင်နိုင်ပါလိမ့်မယ်။ အခုလည်း Mate 8 နဲ့ပုံစံပိုင်းတူညီတဲ့ Mate 9 ကိုမိတ်ဆက်ခြင်းနဲ့ အတူ လုံးဝကွဲပြားတဲ့ဒီဇိုင်းဖြစ်စေမယ့်
Porsche Design နဲ့ဖြစ်ပြီး ဘေးဘောင် တွေကလည်း Curve ပုံစံမျိုးဖြစ် ကာ
Home Button ထည့်သွင်းပေးထား ပါတယ်။ နက်မှောင်တဲ့ အလူမီနီယမ်ကိုယ်ထည်ဟာ
သုံးစွဲသူတွေ အတွက် နှစ်ခြိုက်စရာပါ။ မျက်နှာပြင်ပိုင်းမှာတော့ Mate 9 က
ပိုမိုကျဉ်းမြောင်းပြီး 5.5inches သာရှိမှာဖြစ်ပါ တယ်။ Storage
ပိုင်းမှာဆိုရင်တော့ 256GB အထိကို သိမ်းဆည်းထားနိုင်မှာဖြစ်ပါ တယ်။
မြန်ဆန်သွက်လက်တဲ့ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို
ကိုင်တွယ်စေဖို့အတွက်ကတော့ RAM 6GB ဖြစ်ပါ တယ်။ EMUI 5.0 ထည့် ထား တဲ့
Huawei စမတ်ဖုန်းတွေကြားမှာ လျင်မြန် လွယ်ကူစွာဖိုင်များမျှဝေဖို့ 
Huawei Share ကိုသုံးပါ။ ဖုန်းများကို သင်ကိုယ်တိုင် Pair
လုပ်စရာမလိုပါဘူး။ Leica ရဲ့လုပ်ဆောင်ချက်ကလည်း Hybrid zoom ကိုပါသုံးစွဲလာ
နိုင်ပါတယ်။ ဒုတိယမျိုးဆက် Leica Camera ကိုအနောက်ဘက် မှာ
တပ်ဆင်ထားတာဖြစ်ပါတယ်။ 20MP f/2.2 Monochrome နဲ့ 12MP f/ 2.2
Color Camera များဖြစ်ပါတယ်။ ကင်မရာများမှာ Optical Image Stabilization
နည်းပညာပါပါတယ်။ ဒါ့အပြင် ကင်မရာများဟာ Laser, Phase Detection, Depth,
Contrast Detection တို့ပါဝင်တဲ့ 4 In 1 Hybrid Autofocus
နည်းပညာကိုသုံးနိုင်ပါတယ်။ ဘက်ထရီစွမ်းအားပိုင်းကို
ကြည့်လိုက်မယ်ဆိုရင်တော့ တစ်ရက်တာလုံးသုံးနိုင်စေဖို့အတွက်
မိနစ် ၂ဝ လောက်အားသွင်းလိုက်တာနဲ့ ရနိုင် ပါတယ်။ 4 Level Fingerprint နဲ့
3D Fingerprint Recognition နည်းပညာများပါပါတယ်။ ဖိုင်များကိုဖွက်ထား
နိုင်ပြီး သင့်လက်ဗွေရာနဲ့မှ ဖွင့်နိုင်ပါတယ်။ လက်ဗွေရာစနစ်က Mate 8 ထက် ၂ဝ
ရာခိုင်နှုန်းပိုမိုမြန်လာပါ တယ်။
<HTC 10>
မျက်နှာပြင်ဖော်ပြမှုအတွက်ဆိုရင်တော့
အစောပိုင်းဖုန်းတွေထဲက PPI အပိုင်း မှာ အခြားဖုန်းတွေကိုနောက်
ကောက်ချခဲ့တဲ့ HTC ဟာ ၅.၂လက်မ Quad HD(2560×1440pixel)မှာ
564ppiကိုသုံးထားပါတယ်။ 2.2GHz အမြန်နှုန်း ရှိမယ့် 64bit Quad-Core
ပရိုဆက်ဆာကိုတပ်ဆင်တည်ဆောက် ထား ပါတယ်။ Snapdragon 820 ရဲ့စွမ်းဆောင်မှုနဲ့အတူ Movie တွေကို ရုပ်ထွက် တည်ငြိမ်စွာခံစားကြည့်နိုင် စေဖို့ ဂရပ်ဖစ် ပိုင်းဆိုင်ရာထောက်ပံ့မှုမှာ လည်း အတော်ကြီးအဆင့်မြင့်ပါတယ်။ ဖုန်းတွင်းမူလမှတ်ဥာဏ်ပိုင်းလည်း ကောင်းမွန်ပြီး ထပ်တိုးထည့်သွင်းမှုအတွက်လည်း အဆင်ပြေစေနိုင်မယ့် 4GB(ROM)နဲ့ 32GB(RAM) ဖြစ်ပါတယ်။ ဂိမ်းအကြီးစားတွေနဲ့ ရုပ်ရှင်တွေ ထပ်တိုးထည့်သွင်းလိုသူတွေအတွက်ကတော့
SD Card ကိုသုံးပြီး 2TB အထိ တိုးမြှင့်နိုင်စွမ်းရှိပါ လိမ့်မယ်။
ဆော့ဝဲပိုင်းအတွက်တော့ Android 6.0 နဲ့ HTC sense ကိုသုံးစွဲနိုင်မှာပါ။
12MP Ultrapixel ကင်မရာနဲ့ပုံရိပ်တွေကိုရိုက်ကူးနိုင် မှာဖြစ်ပါတယ်။ Laser Autofocus ဟာ ပြည့်စုံတဲ့ အဆင့်ထိရောက်ရှိလာပြီး f/ 1.8
aperture နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာငယ်ဟာ 5MP
Ultrapixelဖြစ်တာကြောင့် Ultra selfie လို့တောင်ဆိုနိုင်ပါလိမ့်မယ်။ ဘက်ထရီကိုတော့ 3000mAh စွမ်းအားကိုသုံးထားပြီး ဘက်ထရီ သက်တမ်း ဟာ ဆက်တိုက်သုံးစွဲမှုအတွက်၂ရက် တာခံနိုင်စွမ်းရှိမှာပါ။ ဘက်ထရီ အားသွင်းမှု အတွက်ကိုတော့ Quick charge 3.0 ထောက်ပံ့မှုကြောင့် မိနစ်
(၃ဝ)လောက်အားသွင်းရုံနဲ့ ဘက်ထရီစွမ်းအားဟာ (၅ဝ)ရာခိုင်နှုန်းအခြေ အနေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Sensor ဟာ ပုံမှန်ထည့်သွင်းနေကြ လုပ်ဆောင်မှုတွေအပြင် Motion G,
Fingerprint, Sensor hub တို့နဲ့ အတူ ၈ မျိုးအထိ ထောက်ပံ့ပေးလာပါတယ်။
<Huawei P9>
P9 အရွယ်အစားဟာ 145×71×7mm ရှိမှာဖြစ်ပြီး အလေးချိန်ကတော့ ၁၄၄ဂရမ်ရှိမှာပါ။ ကျစ်လျစ်သပ်ရပ်ပြီး ပေါ့ပါးတဲ့စတိုင်ရှိတဲ့ Android ဖုန်း အဖြစ် ပုံဖော်ထားပြီး ဘေးအနားသတ်ဘောင်လေးတွေလည်း သေးသွယ် ကျဉ်းမြောင်းပါတယ်။ 2.5D ဒီဇိုင်းဖြစ်ပြီး အခြားဖုန်းတွေမှာ လက်ရှိ ထည့်သွင်းပေးနေတဲ့ always-on လုပ် ဆောင်ချက်ကိုတော့ မထည့်ပေးထား ပါဘူး။ ကင်မရာရဲ့စွမ်းဆောင်ချက်နဲ့ OS တစ်ခုရဲ့လုပ်ဆောင်မှုတွေကို အသားကျစွာထိန်းချုပ်နိုင်စေ ဖို့အတွက် သူ့မှာသုံးစွဲထားတဲ့ပရိုဆက်ဆာ ကတော့ ကိုယ်တိုင်ထုတ်လုပ်တဲ့ Hisilicon Kirin 955 ဖြစ်ပါတယ်။ 2.5GHz Quad-Core နဲ့ 1.5GHz Quad-core ပရိုဆက်ဆာပေါင်းစပ်မှုဖြစ်ပြီး LTE ကွန်ရက်မှာလည်း စွမ်းဆောင်ချက် ကောင်းမွန်ပါလိမ့်မယ်။ ဆော့ဝဲပိုင်းနဲ့ ပတ်သက်ရင်တော့ Android ရဲ့ နောက်ဆုံးထွက်ထားတဲ့ဗားရှင်း 6.0.1 (Marshmallow) နဲ့ဖြစ်ပြီး Emotion UI4.1 ပါ တွဲဖက်သုံးနိုင်ပါလိမ့်မယ်။ လိုအပ်သလိုပြောင်းလဲသုံးစွဲနိုင်မယ့်
UI တွေ ကို Packages လိုက်ထည့်သွင်း ပေးထားပါတယ်။ Huawei ရဲ့ P9
မှာသုံးထားတဲ့ ကင်မရာရဲ့နည်းပညာက ပိုဆန်းသစ်နေပါတယ်။
မတူကွဲပြားတဲ့ကင်မရာလုပ်ဆောင်ချက်တွေနဲ့
ပုံရိပ် တွေဖမ်းယူပေးမှာပါ။ ကင်မရာတစ်ခုဟာ RGB Sensor ပါဝင်ပြီး
အရောင်စုံနဲ့ ပုံတွေရိုက်ကူးတဲ့ ပုံစံဖြစ်ကာ ကင်မရာတစ်ခုမှာတော့ Monochrome
Sensor နဲ့ဖြစ်ပါတယ်။ တိကျစွာဆိုရမယ်ဆိုရင် အဖြူ၊ အမည်းရိုက်ကူး
နိုင်စွမ်းပါ။ ပုံမှန် Lens တွေမှာသုံးထားတဲ့ RGB Filtering
မပါတော့တာကြောင့် အလင်း အမှောင် သိပ်သည်းဆကိုပဲတိုက်ရိုက်အာရုံခံပေးတော့မှာဖြစ်ပါတယ်။
ဘက်ထရီဟာ ဖုန်းကိုကြာရှည်စွာသုံးတဲ့ သူတွေအတွက် အဆင်ပြေမယ့်
စွမ်းအားနဲ့ဖြစ်ပြီး 3000mAh ဟာ ဗီဒီယိုတွေကြည့်ရှုတာ၊ ဓာတ်ပုံရိုက်တာ
တွေကို အချိန်ကြာ ကြာပြုလုပ်နိုင်တဲ့အပြင် အားသွင်းရတာလည်း မြန်ဆန်
ပါလိမ့်မယ်။ ၁ဝမိနစ်ကြာအားသွင်းလိုက်တာနဲ့ ၅ နာရီ ကြာအသုံးပြုနိုင် ပါလိမ့်မယ်။
<SONY Z5 Premium>
Z5 Premiumမှာ 4K UHD ဖော်ပြနိုင်စွမ်းဖြစ်တဲ့ UHD IPS (2160 x 3840 pixels) ဖော်ပြမှုကိုပေးထားပါ တယ်။ ဒီဇိုင်းပိုင်းကတော့ ၂ဝ၁၅ ထွက်ဆိုနီဖုန်း တွေအတိုင်းပဲပုံစံအနည်းငယ်ေ ပြာင်းလဲလာပါတယ်။
ထောင့်လေးတွေက ပိုပြေပြစ်လာပြီး ခလုတ်အထားအသိုလေးတွေလည်း
ပိုပြီးတော့စမတ်ကျလာ တာကို တွေ့ရမှာပါ။ ပြီးတော့
ပါဝါခလုတ်ပုံစံအသစ်ကိုမြင်ေ တွ့ရမှာပါ။ သူ့မှာ fingerprint sensor ကိုတစ်ပါတည်းထည့်သွင်းပေးထားလို့ပါပဲ။
အနောက်ဘက် ကင်မရာဟာ 23MP ထိတောင် တပ်ဆင်ပေးထားပါတယ်။ ဒါဟာ flagship
ဖုန်းတစ်လုံးအတွက် ဆိုရင်အတော်လေးပိုနေတဲ့ လုပ်ဆောင်ချက်လို့တောင်ဆိုနိုင်ပါတယ်။
ရိုက်ချက်တိုင်း အတွက် မြန်ဆန်တဲ့ လုပ်ဆောင်ချက်ဖြစ်စေဖို့ hybrid
autofocus က 0.25sec လောက်သာ ကြာမြင့်မှာဖြစ် ပါတယ်။ Z5 Premium က Video
ရိုက်မယ်ဆိုရင်တော့ စွမ်းအားပြည့် Camcorder တွေရဲ့ လုပ်ဆောင်နိုင်မှုမျိုး
4K Video တွေကို မှတ်တမ်းတင်နိုင်ပါလိမ့်မယ် ။ အဓိကကင်မရာဟာပုံရိပ်တွေအတွက် iOS 3200 နဲ့ရနိုင်မှာဖြစ် ပြီး 5× image Zoom နဲ့လည်းရိုက်ကူးနိုင်ပါလိမ့် မယ်။ Android 5.1.1 (Lollipop) ကိုထည့်သွင်းပေးထား မှာဖြစ်ပါတယ်။ ဒါ့အပြင် Sony ဖုန်းတွေမှာထည့်သွင်းပေးထား လေ့ရှိတဲ့
Feature တွေကိုလည်း သုံးစွဲနိုင်ဦးမှာပါ။ 32bit ပရိုဆက်ဆာတွေထက်
processing speed ပိုမို တိုးမြင့်ကောင်းမွန်တဲ့ Qualcomm Snapdragon
processor ဖြစ်တဲ့ MSM8994-64bit Octa core ကိုတပ်ဆင်ပေထားလို့ပါ။
ဖုန်းရဲ့စွမ်းဆောင်ရည်ကို ပိုမိုတိုး တက်ကောင်းမွန်စေဖို့အတွက် GPU ကိုတော့ adreno 430 နဲ့အတူ 4G မိုဘိုင်းကွန်ရက်ကို အမြန်ဆန်ဆုံး ထောက်ပံ့ပေးပါ လိမ့်မယ်။ Li-Ion 3430 mAh ဘက်ထရီစွမ်းအားကို သုံးစွဲနိုင်မှာဖြစ်ပြီး ဆက်တိုက်ပြောဆို နိုင်စွမ်းနဲ့ အသင့်အနေအထားအချိန်ကိုတော့တ ရားဝင်
ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ကွန်ရက်ချိတ်ဆက်နိုင်စွမ်း ကတော့ နောက်ဆုံး
ပေါ်ဖုန်းဖြစ်မှုနဲ့အတူ 4G LTE ကွန်ရက်မှာ သုံးစွဲနိုင်ပါလိမ့်မယ်။ အချက်
အလက်တွေ ဝေမျှသုံးစွဲနိုင်စေဖို့အတွ က်တော့ blue tooth 4.1,wi-fi တို့ကို သုံးစွဲနိုင်ပါလိမ့်မယ်။
<GOOGLE Pixel & XL>
Google ဟာ အောက်တိုဘာအတွင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဖန်တီးထုတ်လုပ် ထားတဲ့ Pixel နဲ့ Pixel XL စမတ် ဖုန်းများကိုသုံးစွဲသူတွေချ ပြလိုက်ပါတယ်။ Pixel မှာ ၅ လက်မမျက်နှာပြင်နဲ့ Pixel XL မှာ ၅.၅ လက်မ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ဖုန်းနှစ်လုံးစလုံးရဲ့မျက်နှာပြင်များဟာ AMOLED အမျိုးအစားများဖြစ်ပါ တယ်။ အရွယ်သေးမော်ဒယ်ရဲ့မျက်နြှာ ပင်ဟာ
Full HD Resolution ဖြစ်ပြီး အရွယ်ကြီးမော်ဒယ်ဟာ QHD ဖြစ်ပါတယ်။ ဘက်ထရီမှာ
2770 mAh နဲ့ 3450mAh အသီးသီးတပ်ဆင်ထားပါတယ်။ စမတ်ဖုန်းနှစ် လုံးဟာ
ဒီဇိုင်းအပိုင်းမှာတူညီကြပြီး
Specifications အပိုင်းမှာ Qualcomm Snapdragon 821 Chipset, Android 7.1
Nougat တို့ထည့်သွင်းထားတာ ချင်းလည်း တူညီကြပါတယ်။ ကင်မရာအပိုင်းမှာ 12MP
Sensor ထည့်သွင်း ပေးထားပါတယ်။ ကင်မရာမှာ Electronic Image Stabilization
နည်းပညာ ပါရှိပြီး ဓာတ်ပုံအရည်အသွေးဟာ အလွန်ကောင်းမွန်တာကို တွေ့ရပါတယ်။
မော်ဒယ်နှစ်မျိုးစလုံးအတွက် Storage များတူညီကြပါတယ်။ 32GB နဲ့ 128GB Model များအသီးသီးထုတ်လုပ်ပေးထားပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ 4GB RAM ထည့်သွင်းပေးထား ပါတယ်။ ဖုန်းရဲ့နောက်ကျောဘက်မှာတော့ 
Google Logo ကို ရေးသားထားပါတယ်။ Pixel ဖုန်းများဟာ ဒစ်ဂျစ်တယ် ကိုယ်ရေး
လက်ထောက် Google Assistant ပါလာတဲ့ ပထမဆုံးစမတ်ဖုန်းများ ဖြစ်ပါ တယ်။
<LG NEXUS 5X>
၅ .၂လက်မ IPS LCD 1080p Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၂၄ ဖြစ်ပါတယ်။ Gorilla Glass 3 ဖြင့်မျက်နှာပြင်ကို ကာကွယ်ထားပါတယ်။ Google က Nexus 5X မှာ Android 6.0 Marshmallow ကိုထည့်သွင်းပေးထားပါတယ်။ Hexa-Core CPU Snapdragon 808 Chipset, 2GB RAM ပါရှိပါတယ်။ 16GB သို့ 32GB Internal Storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card Slot တော့ မပါရှိပါဘူး။ အနောက်ဘက်မှာ 12.3MP Camera တပ်ဆင်ထားပါတယ်။ ကင်မရာဟာ Optical Image Stabilization နည်းပညာမပါရှိပေမယ့် 2160p Videoများကိုရိုက်ကူးနိုင်ပါတယ်။
LG က IR Laster အထောက်အကူပြု Autofocus နည်းပညာနဲ့ Dual Flash Setup
ကိုထည့်သွင်းပေးထားပါတယ်။ Nexus 5X ရဲ့အရွယ် အစားအပြည့်အစုံဟာ 147x72.6x7.9
mm ဖြစ်ပြီး ယခင် မျိုးဆက်ထက် အနည်းငယ်ပါးလွှာပါတယ်။ ၁၃၆ ဂရမ်
အလေးချိန်ရှိပြီး Nexus 5(2013) ရဲ့ ၁၃ဝဂရမ်ထက်အနည်းငယ်ပိုမိုများပြားပါတယ်။
Fingerprint Scanner နဲ့ ပိုမိုကြီးမားတဲ့ 2700mAh Battery ကြောင့်
အလေးချိန် တိုးလာတာဖြစ်ပါတယ်။ အောက်ခြေမှာတော့ နောက်မျိုးဆက် microUSB
Type-C Port ကိုတပ်ဆင်ပေးထားပါတယ်။ Android Pay အကန့်အသတ်နဲ့ရရှိနိုင်တဲ့
feature တွေကိုလည်းသုံးစွဲနိုင်ပါလိ မ့်မယ်။ Marshmallow နဲ့ပေါင်းစပ်လိုက်တဲ့အချိန် မှာလုံခြုံရေးဆိုင်ရာ အတွက်ပိုသာတဲ့ စွမ်းဆောင်မှုတွေကိုပိုင်ဆို င်နိုင်ပါပြီ။ LG အနေနဲ့ Nexus ဖုန်းထုတ်လုပ်မှု အပိုင်းမှာ အတွေ့ အကြုံရှိသူပီပီ ပုံစံဒီဇိုင်းပြောင်းလဲမှုမှာလည်း သစ်လွင် လာပါတယ်။ သူ့မှာထည့်သွင်းထားတဲ့ hexa-core ပရိုဆက်ဆာကလည်း 64bit စွမ်းဆောင်မှုကိုရရှိစေမှာဖြ စ်ပါတယ်။
<Apple iPhone 6s>
iPhone 6S ကို iPhone 6 မှာလိုပဲ ၄.၇ လက်မမျက်နှာပြင်တပ်ဆင်ထားပါ
တယ်။ မျက်နှာပြင်ကို Apple Watch Sport မှာအသုံးပြုထားတဲ့ Ion-X
လို့အမည်ရတဲ့ဖန်အလွှာနဲ့ ကာကွယ်ထားပါတယ်။ 12 Megapixel iSight Camera
ဟာပြတ်သားပြီးအသေးစိတ်ကျတဲ့ ဓာတ်ပုံများကိုဖမ်းယူပေးနို င် ပါတယ်။ 1080p HD Video ရဲ့ Resolution ထက်လေးဆမြင့်တဲ့ 4K Video များကိုလည်းရိုက်ကူးပေးနိုင်ပါတယ်။
iPhone 6S မှာ 5 Megapixel Face Time HD Camera နဲ့ Selfie
ဓာတ်ပုံကောင်းများကို ရိုက်ကူးနိုင်ပါတယ်။ A9 Chip ဟာ 64-bit architecture
ဖြစ်ပြီး Apple ရဲ့တတိယမျိုးဆက် Chip ဖြစ်ပါတယ်။ ယခင်မျိုးဆက်ထက် CPU
စွမ်းဆောင် ရည်မှာ ၇ဝ ရာခိုင်နှုန်း တိုးတက်လာပါတယ်။
ယခင်မျိုးဆက်ထက်ဂရပ်ဖစ်စွမ်းဆောင်ရည်မှာ
၉ဝ ရာခိုင်နှုန်းတိုး တက်လာပါတယ်။ M9 Motion Coprocessor ကို A9 Chip မှာ
တပ်ဆင်ထားတဲ့အတွက် အချိန်ကြာကြာနဲ့ စွမ်းဆောင်ရည်မြင့်မားစွာ အလုပ်
များလုပ်နိုင်မှာပါ။ M9 ဟာ ကိုယ်လက်လှုပ်ရှားမှု တိုင်းတာဖို့အတွက်
Accelerometer, Compass, Gyroscope, Barometer တို့နဲ့ဆက်သွယ်မှာပါ။ iPhone
ဟာ မျက်နှာပြင်သက် ရောက်တဲ့အားကိုတွက်ချက်နိုင်ပါပြီ။
Tap, Swipe, Pinch လို့ရင်းနှီးပြီးသား Multi-Touch Gestures များ အပြင်
3D Touch မှာ Peek and Pop ကိုထည့်သွင်းပေးထားပါတယ်။ 3D Touch ကို
အသုံးပြုရင်ထိတွေ့ အသုံးပြုမှုနဲ့ပတ်သက်သောမတူညီတဲ့အရသာကိုခံစား ရမှာဖြစ်ပါတယ်။ မျက်နှာချင်းဆိုင်ပြောနေရသလို အလွန် ကြည်လင် ပြတ်သားတဲ့ဖုန်းပြောဆိုမှုများကို
ပြုလုပ်နိုင်မှာပါ။ Voice နဲ့ LTE Data တို့ကို တစ်ပြိုင်နက် အသုံးပြု
နိုင်တဲ့အတွက် ဖုန်းပြောနေစဉ်မှာ Web ကို ကြည့်နိုင် ပါသေးတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
<Samsung Galaxy S7 edge>
Samsung Galaxy S7 edge မှာမျက်နှာပြင် ၅.၅လက်မရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်က ထွက်ရှိထားခဲ့တဲ့ စမတ်ဖုန်း တွေထက် မျက်နှာပြင်ပိုင်းမှာလည်း ပိုမိုကြီးမားလာပါတယ်။ S7 Edge ရဲ့ Screen ကို 2560X1440 pixel အရည် အသွေးရှိတဲ့ Super AMOLED screen တွေတပ်ဆင်ပေးထားတာကြောင့် ရုပ်ထွက်အလွန်ကြည်လင် ပြတ်သားတဲ့ပုံရိပ်တွေမြင်တေ
<Apple iPhone 7 Plus>
Apple ရဲ့ iPhone 7 Plus ကိုအနောက်ဘက်မှာ ကင်မရာနှစ်လုံးတပ်ဆင် ထားပြီး 2x Optical Zoom ကို ပံ့ပိုး ပေးထားပါတယ်။ ဒီလိုကင်မရာမျိုးကို LG G5 နဲ့ V20 တို့မှာလည်း အသုံးပြုထားပါတယ်။ Wide Angle Lens နဲ့ Tele-photo Lens များဖြစ်ကြပြီး 12 MP Sensors များဖြစ်ပါတယ်။ Nokia, HTC, Google နဲ့ အခြားဖုန်းထုတ်လုပ်သူများက ဒီနည်းပညာကိုအသုံးပြုနေကြပြ
<LG G5>
LG ဟာစွမ်းဆောင်ရည်မြင့် တပ်ဆင်နိုင်တဲ့ဖုန်းကိုထုတ်
<Apple iPhone 7>
အနောက်ဘက်မှာ 12MP Camera တပ်ဆင်ထားပြီး Optical Image Stabilization နည်းပညာပါပါတယ်။ ယခင်မျိုးဆက်ကင်မရာထက် ၆ဝ ရာခိုင်နှုန်းပိုမိုမြန်လာပြ
<Samsung Galaxy S7>
Samsung S7ဟာ Screen မျက်နှာပြင်အကျယ် ၅.၁ လက်မရှိပြီး 2560X1440 pixel အရည်အသွေးရှိတဲ့ Super AMOLED screen တွေ တပ်ဆင်ပေးထားတာကြောင့် ရုပ်ထွက်အလွန်ကြည်လင်ပြတ်သာ
<Huawei Nexus 6P>
6P ဟုအမည်ပေးထားပေမယ့်လည်း ၅.၇ လက်မမျက်နှာပြင်ကိုသာ တပ်ဆင် ထားပြီး Motorola အစား Huawei က ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။
<Huawei Mate 9 Porsche>
Huawei အနေနဲ့ဆန်းသစ်တဲ့ဒီဇိုင်းလု
<HTC 10>
မျက်နှာပြင်ဖော်ပြမှုအတွက်ဆိ
(၃ဝ)လောက်အားသွင်းရုံနဲ့ ဘက်ထရီစွမ်းအားဟာ (၅ဝ)ရာခိုင်နှုန်းအခြေ အနေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ
<Huawei P9>
P9 အရွယ်အစားဟာ 145×71×7mm ရှိမှာဖြစ်ပြီး အလေးချိန်ကတော့ ၁၄၄ဂရမ်ရှိမှာပါ။ ကျစ်လျစ်သပ်ရပ်ပြီး ပေါ့ပါးတဲ့စတိုင်ရှိတဲ့ Android ဖုန်း အဖြစ် ပုံဖော်ထားပြီး ဘေးအနားသတ်ဘောင်လေးတွေလည်း သေးသွယ် ကျဉ်းမြောင်းပါတယ်။ 2.5D ဒီဇိုင်းဖြစ်ပြီး အခြားဖုန်းတွေမှာ လက်ရှိ ထည့်သွင်းပေးနေတဲ့ always-on လုပ် ဆောင်ချက်ကိုတော့ မထည့်ပေးထား ပါဘူး။ ကင်မရာရဲ့စွမ်းဆောင်ချက်နဲ့
<SONY Z5 Premium>
Z5 Premiumမှာ 4K UHD ဖော်ပြနိုင်စွမ်းဖြစ်တဲ့ UHD IPS (2160 x 3840 pixels) ဖော်ပြမှုကိုပေးထားပါ တယ်။ ဒီဇိုင်းပိုင်းကတော့ ၂ဝ၁၅ ထွက်ဆိုနီဖုန်း တွေအတိုင်းပဲပုံစံအနည်းငယ်ေ
ဖုန်းရဲ့စွမ်းဆောင်ရည်ကို ပိုမိုတိုး တက်ကောင်းမွန်စေဖို့အတွက် GPU ကိုတော့ adreno 430 နဲ့အတူ 4G မိုဘိုင်းကွန်ရက်ကို အမြန်ဆန်ဆုံး ထောက်ပံ့ပေးပါ လိမ့်မယ်။ Li-Ion 3430 mAh ဘက်ထရီစွမ်းအားကို သုံးစွဲနိုင်မှာဖြစ်ပြီး ဆက်တိုက်ပြောဆို နိုင်စွမ်းနဲ့ အသင့်အနေအထားအချိန်ကိုတော့တ
<GOOGLE Pixel & XL>
Google ဟာ အောက်တိုဘာအတွင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်ဖန်တီးထုတ်လုပ် ထားတဲ့ Pixel နဲ့ Pixel XL စမတ် ဖုန်းများကိုသုံးစွဲသူတွေချ
<LG NEXUS 5X>
၅ .၂လက်မ IPS LCD 1080p Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၂၄ ဖြစ်ပါတယ်။ Gorilla Glass 3 ဖြင့်မျက်နှာပြင်ကို ကာကွယ်ထားပါတယ်။ Google က Nexus 5X မှာ Android 6.0 Marshmallow ကိုထည့်သွင်းပေးထားပါတယ်။ Hexa-Core CPU Snapdragon 808 Chipset, 2GB RAM ပါရှိပါတယ်။ 16GB သို့ 32GB Internal Storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card Slot တော့ မပါရှိပါဘူး။ အနောက်ဘက်မှာ 12.3MP Camera တပ်ဆင်ထားပါတယ်။ ကင်မရာဟာ Optical Image Stabilization နည်းပညာမပါရှိပေမယ့် 2160p Videoများကိုရိုက်ကူးနိုင်ပ
<Apple iPhone 6s>
iPhone 6S ကို iPhone 6 မှာလိုပဲ ၄.၇ လက်မမျက်နှာပြင်တပ်ဆင်ထားပါ
Mobile Guide Journal (Every Monday)
https://www.facebook.com/
www.pyaephyo.com