12/16/2016

♪ Ooredoo နှင့် Wai Yan တို့ပူးပေါင်းကာ iPhone 5s အား အရစ်ကျရောင်းချမည် ♫


အူရီဒူးမြန်မာ အနေနဲ့ မိုဘိုင်းဖုန်းသုံးစွဲသူများ နှစ်သက်သဘောကျသော iPhone 5s အား ဒီဇင်ဘာလ (၁၅) ရက်နေ့ကစပြီး ၁၂ လ အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည့်အစီအစဉ်အတွက် တရားဝင် Apple အရောင်းကိုယ်စားလှယ်တစ်ခုတဲ့ Wai Yan Electronics နဲ့ ပူးပေါင်းဆောင်ရွက်မယ် လို့သိရပါတယ်။

iPhone 5s အား မြန်မာပလာဇာ အူရီဒူးအရောင်းဆိုင်တွင်လည်းကောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ Wai Yan Electronic အရောင်းဆိုင်များတွင်လည်းကောင်း တစ်လလျှင် ၄ဝ,ဝဝဝ ကျပ်ဝန်းကျင်ဖြင့် ၁၂ လတိတိ အရစ်ကျစနစ်ဖြင့် ပေးချေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အဆိုပါ iPhone 5s ကို ဝယ်ယူနိုင်ရန်အတွက် ၆လနှင့် ၉ လ အရစ်ကျ အစီအစဉ်များလည်း ရှိမည်မှာဖြစ်ပြီး လက်ငင်းငွေပေးချေစနစ်ဖြင့် ဝယ်ယူလိုပါက ၄၁၉,ဝဝဝ ကျပ် သာ ပေးချေရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

 Space Gray နှင့် ငွေရောင် အရောင်နှစ်မျိုးကို ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး တစ်နှစ်အာမခံပါရှိကာ iService  မှ ဝယ်ယူပြီးနောက် လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမယ့် ဝန်ဆောင်မှုကို ပေးအပ်သွားမှာဖြစ်ပါတယ်။

ဝယ်ယူသူများအတွက် အူရီဒူးမြန်မာမှ နံပါတ်အလှနှင့် ၆ လအထိ ရရှိမည်ဖြစ်သော ငွေဖြည့် အပိုလက်ဆောင် ပေးအပ်သွားမှာဖြစ်ပြီး အူရီဒူးသုံးစွဲသူများဟာ တစ်လလျှင်တစ်ခါ ငွေကျပ် ၁ဝ,ဝဝဝ ဖြည့်သွင်းတိုင်း ငွေဖြည့်လက်ဆောင် ၁၇,ဝဝဝ ကျပ်ကို ၆လတိတိ လက်ခံရရှိမှာဖြစ်ပါတယ်။ အဆိုပါ ငွေဖြည့်အပိုလက်ဆောင်ကို သုံးသလောက်ပေးအင်တာနက်အစီအစဉ်၊ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုနိုင်ရန်နှင့်  စာတိုပေးပို့ရာတွင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့လည်းသိရပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com