12/16/2016

♪ Gionee က ၅ လက်မ HD display နဲ့ P7 ကို မိတ်ဆက် ♫


Gionee က P Series စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။

Gionee P7 လို့ အမည်ပေးထားပြီး ၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ 1.3GHz Quad-Core MediaTek Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 2GB RAM , 16GB Internal Storage ထည့်သွင်းထားတဲ့ အပြင် microSD Card ဖြင့် Storage ကို မြှင့်တင်နိုင်ပါတယ်။

အနောက်ဘက်မှာ 8 Megapixel Camera ကို LED Flash တစ်ခုဖြင့် ပူးတွဲ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 5 Megapixel Selfie Camera ပါပြီး အလင်းရောင်နည်းပါးတဲ့ နေရာများမှာ Screen Flash ကို LED Flash လို အသုံးပြုနိုင်ပါတယ်။

Gionee P7 မှာ 4G LTE , VoLTE, WiFi b/g/n, Bluetooth 4.0 , GPS ဆက်သွယ်မှုများကို အသုံးပြုနိုင်ပါတယ်။ 2300mAh Battery ပါပါတယ်။ Android 6.0 Marshmallow ကို Amigo 3.2 ဖြင့် ပေါင်းစပ်ထည့်သွင်းထားပါတယ်။

Gionee P7 ကို အိန္ဒိယမှာ အွန်လိုင်းမှာရော မြေပြင် အရောင်းဆိုင်များကနေပါ ရောင်းချပေးနေပါတယ်။ အဖြူ၊ ရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးထားပါတယ်။ အိန္ဒိယမှာ ရူပီး ၉၉၉၉ ဖြင့် ရောင်းချပေးနေပြီး မြန်မာငွေ ၁ သိန်း ၈ သောင်း ၀န်းကျင် တန်ကြေးရှိပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com