မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေနဲ့ ၂၀၁၆ခုနှစ် ၊ဒီဇင်ဘာလ ၉ ရက်နေ့မှစပြီး MPT ရောင်စုံ Data package များအမည်နဲ့ Data Package များရဲ့ဈေးနှုန်းများကိုလျှော့ချလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။
ရောင်စုံ Data package များဟာဆိုရင် နေ့စဉ်သုံး Data package ၁ ခု နဲ့ လစဉ်သုံး Data package ၄ ခုပါဝင်မှာဖြစ်ပြီး MPT သုံးစွဲသူများအနေနဲ့နှစ်သက်ရာ ပက်ကေ့ခ်ျများကို လွယ်ကူစွာရွေးချယ် အသုံးပြုနိုင်တော့မှာဖြစ်ပြီး ပြောင်းလဲသတ်မှတ်လိုက်တဲ့ အစီအစဉ်အရ MPT နေ့စဉ်သုံး Data ပက်ကေ့ခ်ျတွေကို Data ပမာဏတိုးမြှင့်ပေးလိုက်တဲ့ အစီအစဉ်အရ MPT ပမာဏတိုးမြှင့်ပေးလိုက်တဲ့ အတွက် သုံးစွဲသူများအနေနဲ့ Data ပမာဏများကိုဈေးနှုန်း သက်သာစွာနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။နေ့စဉ်သုံး Data ပက်ကေ့ခ်ျများကို သုံးစွဲသူများအနေနဲ့ အရင် Data ပမာဏ 120 mb အစား 150 mb ကို ၃၉၉ ကျပ်နဲ့ ပြောင်းလဲရယူနိုင်မှာဖြစ်ပြီး လစဉ်သုံး Data ပက်ကေ့ခ်ျ ၄ ခုအတွက် Data အပိုဆုပေးအပ်ခြင်း အစားအရင် Data ပမာဏ ကိုနှစ်ဆတိုးမြှင့်လိုက်တာဖြစ်ပါတယ်။
လစဉ်သုံး Data ပက်ကေ့ခ်ျများထဲက အနည်းဆုံး ပမာဏဖြစ်တဲ့ 400 mb ကို 1 GB ပြောင်းလဲသတ်မှတ်လိုက်ပြီး ၂၈၉၀ ကျပ်သာကျမှာ ဖြစ်တဲ့အတွက် MPT သုံးစွဲသူများအနေနဲ့ အွန်လိုင်းအသုံးပြုခြင်း ၊messaging app များအသုံးပြုခြင်း ၊ စကားပြောခြင်း ၊ လူမှုကွန်ရက်မီဒီယာ တွေမှာ ဓာတ်ပုံများပိုခြင်း ကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်လိုသိရပါတယ်။
နေ့စဉ်သုံး Data ပက်ကေ့ခ်ျများကို ဝယ်ယူရင် ဝယ်ယူတဲ့ အချိန်ကနေစပြီး ၂၄ နာရီ အတွင်းအသုံးပြုနိုင်ပြီး ဝယ်ယူတဲ့နေ့ရဲ့ ည၁၂ နာရီ မှာသက်တမ်းကုန်ဆုံးမှာ ဖြစ်တယ်လိုလည်း သိရပါတယ်။
www.pyaephyo.com