12/13/2016

♪ Meizu M3 Max Review ♫


စမတ်ဖုန်း လောကဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ပြောင်းလဲလာပါတယ်။ တစ်ချိန်တုန်းကတော့ အိတ်ကပ်ထဲ ထည့်လို့ရတဲ့ ဖုန်းလေးတွေ ခေတ်စားပါတယ်။ အခုတော့ ဖုန်း မက တက်ဘလက် မကျတဲ့ ဖုန်းတွေကို အသုံးများလာပါတယ်။ Meizu ရဲ့ နောက်ဆုံးထုတ် M3 Max ကလည်း ၆ လက်မ မျက်နှာပြင်ပါတဲ့ အရွယ်ကြီးဖုန်းတစ်လုံးပါ။

mcharge-1_56c3c06
 
ဒီဇိုင်း
Meizu M3 Max ဟာ တောက်ပြောင်တဲ့ သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး iPhone နဲ့တောင် ဆင်တူပါတယ်။ တန်ဖိုးကြီး ဖုန်းတစ်လုံးမှန်း မြင်လိုက်တာနဲ့ သိသာပါတယ်။  ၆ လက်မမျက်နှာပြင် ဖြစ်တဲ့အတွက် အရွယ်ကြီး Phablet ဖုန်း ဖြစ်ပါတယ်။ ၀.၃၁ လက်မ အထူက ပါးလွှာပြီး လက်ထဲမှာ သက်တောင်သက်သာနဲ့ ကိုင်နိုင်ပါတယ်။ Phablet ဖုန်း ကိုင်နေကျ လူတွေဆို ပိုလို့တောင် ကြိုက်ကြမှာပါ။
Flyme OS
Meizu ဟာ ဒီဇိုင်းအပိုင်းမှာတင် Apple ကို ကော်ပီကူးထားတာ မဟုတ်ပါဘူး။ Android 6.0 ကို အခြေပြုထားတဲ့ သူ့ရဲ့ Flyme OS ဟာ iOS နဲ့ တူညီနေတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် App Drawer မရှိဘဲ Home Screens များမှာ Apps အားလုံးကို ထားရှိထားပါတယ်။ Flyme Tools ဖိုဒါထဲမှာ Tool Apps များကိုထည့်ထားပါတယ်။ အချို့ Tools တွေက တကယ် အသုံးဝင်ပါတယ်။ Flashlight, Level, Ruler, Mirror တို့ ပါပါတယ်။ အခြား Meizu Phone များနဲ့ ယှဉ်ရင်တော့ M3 Max ရဲ့ Flyme OS ဟာ ပြေပြစ်မှု မရှိပါဘူး။ စာလုံးပေါင်းမှားနေတာတွေ၊ အချို့စကားလုံးတွေကို အင်္ဂလိပ်လို ဘာသာပြန်ထားခြင်း မရှိတာတွေ တွေ့ရပါတယ်။
စွမ်းဆောင်ရည်
M3 Max မှာ MediaTek Helio P10 Octa-Core Processor ထည့်သွင်းထားပြီး 1.8GHz Cortex-A53 Core လေးလုံးနဲ့ 1.0GHz Cortex-A53 Core လေးလုံး ပါပါတယ်။ 3GB RAM တပ်ဆင်ထားတဲ့အတွက် Specifications အပိုင်းမှာ ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။ စမ်းသပ်သုံးကြည့်တဲ့ အခါမှာလည်း တစ်ခါတစ်လေ တုန့်ဆိုင်းတာကလွဲရင် စွမ်းဆောင်ရည် အတော် ကောင်းပါတယ်။
ဒါပေမယ့် AnTuTu ဖြင့် စမ်းသပ်တဲ့အခါမှာ ရမှတ် ၄၉၀၂၃ ပဲ ရတာကို အံ့သြစရာ တွေ့ရပါတယ်။ Pro 5 ဟာ ၇၉၉၅၂၊ LeEco Le2 Pro ဟာ ၉၄၃၄၅နဲ့ ၂ နှစ်လောက်ကြာပြီဖြစ်တဲ့ Nexus 6 ဟာ ၇၅၀၉၅ ရရှိကြပါတယ်။ မိုဘိုင်းဂိမ်းကြီးတွေ ကစားချင်ရင်တော့ ဒီဖုန်းနဲ့ အဆင်မပြေပါဘူး။ သူနဲ့ ဈေးတူတဲ့ Xiaomi Mi Max တောင် ရမှတ် ၇၁၈၈၅ ရပါတယ်။ ဖုန်းပြော၊ စာပို့၊ အင်တာနက် သုံးရုံပဲ ဆိုရင်တော့ အဆင်ပြေပါတယ်။
မျက်နှာပြင်နဲ့ ဘက်ထရီ
မျက်နှာပြင်က အရည်အသွေး သိပ်မကောင်းပါဘူး။ Full HD Resolution က ပြဿနာ မဟုတ်ပေမယ့် LCD Screen က အားနည်းပါတယ်။ အခြား Meizu ဖုန်းတွေမှာ AMOLED Display တပ်ဆင်ထားတာပါ။ M3 Max မျက်နှာပြင်ရဲ့ အရောင်များဟာ အနည်းငယ် မှုန်ပါတယ်။ တောက်ပမှု အပိုင်းမှာလည်း အားနည်းပါတယ်။
Resolution နိမ့်တဲ့ မျက်နှာပြင်ရဲ့ အားသာချက်က ဘက်ထရီသက်တမ်း ကောင်းမွန်တာပါ။ M3 Max မှာ 4100mAh Battery တပ်ဆင်ထားပြီး တစ်ရက်ကျော် အသုံးခံပါတယ်။ သာမာန်သုံးရင် ၂ ရက် ခံပါတယ်။ ၃၀ မိနစ်အားသွင်းရင် ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးတဲ့ လျှင်မြန်စွာ အားသွင်းတဲ့ နည်းပညာ ပါပါတယ်။
ca2
ကင်မရာ
အခြား Meizu ဖုန်း တော်တော်များများမှာလိုပဲ M3 Max ရဲ့ ကင်မရာက အထင်ကြီးစရာ မရှိပါဘူး။ Camera App မှာ HDR, Gridlines, Manual, Beauty, Macro စတဲ့ စွမ်းဆောင်ချက်တွေကို အလွယ်တကူ သုံးလို့ရအောင် လုပ်ထားပါတယ်။ ဒါပေမယ့် ဓါတ်ပုံအရည်အသွေးက သိပ်မကောင်းပါဘူး။ Phase Detection Autofocus နည်းပညာပါတဲ့ 13MP Rear Camera ကို LED Flash ၂ လုံးနဲ့ တွဲဖက်တပ်ဆင်ထားပါတယ်။ သမားရိုးကျ ဓါတ်ပုံရိုက်တဲ့ လူများအတွက်တော့ အဆင်ပြေပေမယ့် အရည်အသွေးမြင့် ဓါတ်ပုံများအတွက်တော့ အဆင်မပြေပါဘူး။ Zoom In လုပ်တဲ့အခါမှာလည်း မှုန်ဝါးသွားပါတယ်။ အရှေ့ဘက်မှာတော့ Selfie ရိုက်ဖို့ 5MP Camera ပါပါတယ်။
Warranty
Meizu ဖုန်းတွေကို ၁ နှစ် အာမခံပေးထားပါတယ်။ အာမခံသက်တမ်းအတွင်းမှာ အခမဲ့ ပြုပြင်ပေးပါတယ်။ အာမခံကို တရုတ် ၊ အိန္ဒိယနဲ့ မြန်မာ အပါအ၀င် နိုင်ငံအချို့မှာ ပေးထားပါတယ်။
ca1

အခြား ရွေးချယ်စရာ ဖုန်း
Xiaomi Mi Max ဟာ M3 Max နဲ့ အရွယ်တူပါတယ်။ ဒါပေမယ့် Specifications အပိုင်းမှာ Mi Max က ပိုကောင်းပါတယ်။ Mi Max မှာ Snapdragon 650 , 16MP Main Camera, 4850mAh Battery တပ်ဆင်ထားပါတယ်။ Mi Max ရဲ့ ဈေးနှုန်းမှာ ၂၂၂ ဒေါ်လာနဲ့ M3 Max ရဲ့ ဈေးနှုန်းမှာ ၂၅၂ ဒေါ်လာ ဖြစ်တဲ့အတွက် Mi Max က ဈေးပိုသက်သာပါတယ်။
ကြာရှည်အသုံးခံမှု
ဖုန်းအများစုလိုပဲ M3 Max ဟာ ကောင်းကောင်းကိုင်တွယ်ရင် ၂ နှစ်လောက် အသုံးခံပါတယ်။ ဒါပေမယ့် ရေစိုမခံတဲ့အတွက် ဂရုစိုက်ရမှာပါ။
ဝယ်သင့်သလား ?
ဘက်ထရီ သက်တမ်းနဲ့ ဒီဇိုင်းအပိုင်းမှာ ကောင်းမွန်ပေမယ့် အဓိက ကျတဲ့ စွမ်းဆောင်ရည်၊ ကင်မရာ၊ မျက်နှာပြင်နဲ့ ဆော့ဝဲတွေက အားနည်းပါတယ်။
အဲဒီအတွက် စာဖတ်သူ ရွေးချယ် စဉ်းစားနိုင်စေဖို့ မေးခွန်းတစ်ခု ထားခဲ့ပါတယ်။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com