12/08/2016

♪ “MECTel ဆင်းကတ်များကို အွန်လိုင်းပေါ်တွင် မှတ်ပုံတင်နိုင်” ♫


MECTel ဆင်းကတ်များကို အသုံးပြုသူများကိုယ်တိုင် Online ပေါ်တွင် မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ မှတ်ပုံတင်လိုသူများအနေဖြင်www.mectel.com.mm website စာမျက်နှာမှ တစ်ဆင့်မှတ်ပုံတင် နိုင်ပြီ ဖြစ်ကြောင်း MECTel မှ သုံးစွဲသူများအား ကြေညာလိုက်သည်။

မှတ်ပုံတင်သည့်အခါလိုအပ်သော အချက်အလက်များ ဖြည့်သွင်းရာတွင် မိမိ၏ရှင်းလင်းပြတ်သားသော နိုင်ငံသားစိစစ်ရေးကတ်၊ ၀န်ထမ်းကတ်၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ် သို့မဟုတ် နိုင်ငံခြားသား ဖြစ်ခဲ့ပါက နိုင်ငံကူးလက်မှတ်မိတ္တူ သို့မဟုတ် Scan ဖတ်ထားသည့်ပုံကို ဖြည့်သွင်းပေးရမည်ဖြစ်ပြီး ပထမ ဦးစွာ မှတ်ပုံတင် (Registration) ပြုလုပ် မည့် ဖုန်းဆင်းကတ်ကို မှတ်ပုံတင် (Registration) ပြုလုပ်နိုင်မည့်ဖုန်း အတွင်း ထည့်ထားရမည် ဖြစ်ကာ မိမိဖုန်းမှအင်တာနက် Browser ကိုဖွင့်ပါ။


www.mectel.com.mm သို့ဝင်၍ ဆင်းကတ်များကို မှတ်ပုံတင်လို့ရပါပြီဟူ၍ စာမျက်နှာကျရောက်လာပါက မှတ်ပုံတင်ရန် Registration Button ကိုနှိပ်ရ မည်ဖြစ်ပြီး Phone Number ရိုက်ထည့်ရန်နေရာတွင် မှတ်ပုံတင်ရန် မိမိဖုန်း နံပါတ်ကို ရိုက်ထည့်ပါ။ ထို့ နောက် search ကိုနှိပ်ပါ။ MECTel မှ Code ကို SMS ပေးပို့ပေးမည်ဖြစ်ကာ Code ထည့်ရန်နေရာတွင် Code နံပါတ်ကို ရိုက်ထည့်ပေးပါ။ ပြီးလျှင် Submit ကိုနှိပ်ပါ။

ထို့နောက် ကျလာသောစာမျက်နှာတွင် လိုအပ်သော အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပေးရမည်ဖြစ်သည်။ အချက်အလက်များ ဖြည့်ပြီး ပါက မိမိမှတ်ပုံတင်ဓာတ်ပုံရိုက်ရန် Choose File ကိုနှိပ်ပါ။ (မှတ်ပုံတင် အရှေ့ခြမ်း နှင့် အနောက်ခြမ်းနှစ်ခုစလုံးကို ဓာတ်ပုံရိုက်နှိပ်ရမည်ဖြစ်သည်) ဓာတ်ပုံတစ်ခါ ရိုက်ပြီးတိုင်း ညာ ဘက် ထောင့်အပေါ်ဘက်ရှိ အမှန်ခြစ်လေးကို နှိပ်ရမည် ဖြစ်သည်။ မှတ်ပုံတင် အရှေ့ခြမ်းနှင့် အနောက်ခြမ်း နှစ်ခုစလုံးရရှိပါက Update ကို နှိပ်ပါ။ Update Successful စာတန်းအား မြင်ရပြီဆိုပါက ဆင်းကတ်အား အောင်မြင်စွာ မှတ်ပုံတင်ပြီးသွားပြီဖြစ်သည်။

ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com