12/14/2016

♪ ဖုန်းမျက်နှာပြင်မှာ LED မီးလေးတွေနဲ့ စာတန်းလေးတွေ ဖန်တီးနိုင်မဲ့ Led Scroller apk ♫


စတိတ်ရှိုးပွဲတွေ သွားတဲ့သူများအတွက် Software ကောင်းတစ်ခုပါ။ နာမည်ကတော့ Led Scroller ပါ။ iphone အတွက်ဆိုရင် Apple Store ကနေ Led Scroller လို့ ရှာဒေါင်းယုံပါဘဲ.. Android အတွက်ဆိုရင် Play Store ကနေ Led Scroller လို့ ရှာဒေါင်းယုံပါဘဲ…

Led Scroller က ဘာလုပ်တဲ့ဟာလဲဆိုရင် သိတဲ့သူလည်း သိသလို မသိသေးတဲ့သူများအတွက် ပြောပြပေးပါမယ်..

Led Scroller ဆိုတာကတော့ မိမိရဲ့ ဖုန်းမျက်နှာပြင်ပေါ်မှာ မိမိလိုချင်တဲ့ စာသားလေးရေးလိုက်တာနဲ့ အဲ့ဒီစာသားလေးက ပြေးနေမှာ ဖြစ်ပါတယ်..

ဘယ်လိုနေရာမျိုးမှာ အသုံးဝင်သလဲ ???

ဘယ်လိုနေရာမျိုးမှာ အသုံးဝင်လဲဆိုရင်တော့ ရှိုးပွဲတွေမှာ တော်တော်များများ အသုံးဝင်ပါတယ်… မိမိချစ်တဲ့အနုပညာရှင်က စင်ပေါ်မှာ သီဆိုဖျော်ဖြေနေရင် အောက်ကနေပြီးတော့ သူတို့ရဲ့နာမည်လေးတွေ ဖုန်းထဲမှာ ရေးပြီးတော့ လက်ကလေးတွေ လေပေါ် မြှောက်ထားပြီး အားပေးလို့ ရတာပေါ့……

သုံးရတာလည်း လွယ်ကူပါတယ်.. အရမ်းလည်း ရိုးရှင်းပါတယ်ခင်ဗျာ..
( သုံးကြည့်ပါ အရမ်းလည်း မိုက်ပါတယ် )
အသုံးပြုပုံ အသုံးပြုနည်းကိုလည်း ရှင်းပြပေးလိုက်ပါတယ်….

အဆင့် ၁ ။ ။ Led Scroller လေးကို သက်ဆိုင်ရာကနေ ဒေါင်းလိုက်ပါ….
အဆင့် ၂ ။ ။ Software အား ဖွင့်လိုက်ပါ။
အဆင့် ၃ ။ ။ Enter your message here! မှာ ကိုယ်ကြိုက်တဲ့စာသားရေးပါ။
အဆင့် ၄ ။ ။ ဘယ် နဲ့ ညာ နဲ့ကို ထိုးပြနေတဲ့ မြှားလေး ရှိပါတယ်… အဲ့ဒီမြှားလေးက ဘာကိုဆိုလိုတာလဲဆိုရင် မိမိရဲ့ စာတန်းလေးက ဘယ်ကနေ သွားမလား ။ ညာကနေ သွားမလားဆိုတာ ဖော်ပြပေးတာပါ.. အများစုကတော့ ဘယ်ကိုသုံးကြပါတယ်…
အဆင့် ၅ ။ ။ STOP ဆိုတာက ရပ်တာပါ။ STOP နဲ့ BLINK နဲ့ တွဲသုံးရင်လည်း အရမ်းမိုက်ပါတယ်… စာတန်း မပြေးတော့ဘဲ… စာတန်းလေးက မှိတ်တုတ် မှိတ်တုတ်နဲ့ သွားတဲ့ ပုံစံမျိုးလေးပါ… စာတန်းပြေးနေတဲ့ ပုံစံမသုံးချင်ရင် ဒီနည်းလမ်းလည်း အသုံးပြုလို့ရပါသည်။
အဆင့် ၆ ။ ။ ( – ) မိုင်းနက် နဲ့ ( + ) ပလပ်ဆိုတာကတော့ မိမိရေးလိုက်တဲ့ စာသားကို သေးသေးလေး ထားမလား ၊ ကြီးကြီးလေး ထားမလားဆိုတာကို ပုံကြီး ချဲ့တာ ဖြစ်ပါတယ်… လိုသလို ချိန်ညှိပါ။
အဆင့် ၇ ။ ။ TEXT COLOR ကတော့ မိမိရေးလိုက်တဲ့ စာသားကို အရောင်နဲ့ ရေးတာပါ.. မိမိကြိုက်တဲ့အရောင် အသုံးပြုနိုင်ပါသည်။
အဆင့် ၈ ။ ။ BLINK ဆိုတာက စာသားကို မှိတ်တုတ် မှိတ်တုတ် အသုံးပြုတာပါ။ STOP နဲ့ တွဲသုံးရင်လည်း အရမ်းမိုက်ပါတယ်…
အဆင့် ၉ ။ ။ BACK COLOR ကတော့ နောက်ခံ background ကို မိမိကြိုက်တဲ့ အရောင်ထားတာပါ.. မိမိကြိုက်သလို ချယ်လှယ်နိုင်ပါသည်။
အဆင့် ၁၀ ။ ။ မိမိလိုသလို ချိန်ညှိပြီးရင်တော့ START လေးကို နှိပ်ပေးလိုက်ယုံပါဘဲ…
ဒီလောက်ဆိုရင် Led Scroller လေးကို အသုံးပြုတတ်ပြီ ထင်ပါတယ်….
ကျေးဇူးတင်ပါတယ်…
Android အတွက် အောက်ကလင့်ကနေ ဒေါင်းနိုင်ပါသည်။


iPhone အတွက်ကတော့ Apple Store ကနေ Led Scroller လို့ ရှာဒေါင်းလိုက်ပါ။

refer – Aung Min Han


Warmly Welcome
KoHtoo ( MMAS )





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com