12/13/2016

♪ Huawei P9 နဲ့ Mate 8 အတွက် Android Nougat ရပြီ ♫


Huawei က ယခုလအစောပိုင်းက Android Nougat ကို သူ့ရဲ့ စမတ်ဖုန်း၊ တက်ဘလက်များအတွက် ဖြန့််ချီမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ Mate 8 နဲ့ P9 တို့ဟာ Update ကို အစောဆုံး အနေဖြင့် ၂၀၁၇ ခုနှစ် ပထမကွာတားမှာ ရရှိမယ်လို့လည်း ပြောခဲ့ပါတယ်။
.
ဒါပေမယ့် Huawei က မျှော်မှန်းထားတာထက် စောစီးစွာ ဖြန့်ချီပေးနေတဲ့ ပုံပေါ်ပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့မှာ တရုတ်နိုင်ငံမှ Mate 8 နဲ့ P9 တို့မှာ Android Nougat ကို အဆင့်မြှင့်နိုင်ပြီလို့ သိရပါတယ်။ အာရှနိုင်ငံများအတွက်လည်း ကြေညာထားတဲ့ နေ့ရက်ထက် စောစီးစွာ ဖြန့်ချီပေးမယ်လို့ သိရပါတယ်။
.
Huawei P9 အတွက် Build Version B352 နဲ့ Huawei Mate 8 အတွက် Build Version B552 အနေဖြင့် Update ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Android Nougat Beta Firmware ထည့်သွင်းထားတဲ့ စမတ်ဖုန်းများမှာတော့ Build Version B363 နဲ့ B562 အနေဖြင့် အသီးသီး ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ Huawei P9 Plus အတွက် Nougat Update ကို ဒီဇင်ဘာလ ၉ ရက်နေ့မှာ စတင် ဖြန့်ချီပေးလိုက်ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com