12/03/2016

♪ " Huawei P10 တွင် Ultrasonic Fingerprint Scanner ပါဝင်နိုင်ဟုဆို " ♫


Huawei P10 အား စတင်ဖန်တီးနေသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ခဲ့ပေ။ ယခုအခါ dual leica ကင်မရာဖြင့်ထုတ်လုပ်ခဲ့သော P9 မှာ ၆လ သက်တမ်းရှိပြီဖြစ်သဖြင့် ယနေ့ခေတ်ဖုန်းများ၏သက်တမ်းအရ တစ်ဝက်ကျိုးခဲ့ပြီဟုဆိုနိုင်သည်။

P9 သည် Huawei အတွက် ရောင်းအားအကောင်းဆုံးဖြစ်ကာ ဆက်လက် ရောင်းချနေရဦးမည်ဖြစ်သော်လည်း P10 ကိုမူ ဖန်တီးနေပြီဖြစ်သည်။ Huawei P10 နမူနာအား ဓာတ်ပုံများပေါက်ကြားခဲ့ပြီး ရှေ့ဘက်ပုံအရ စိတ်ဝင်စားစရာကောင်းသည်မှာ Home ခလုတ်နှင့် Fingerprint Scanner တို့ဖြစ်သည်။ P9 တွင် Fingerprint scanner သည် ကျောဘက်၌ရှိသော်လည်း P10 မှာမူ ရှေ့ဘက်သို့ရောက်ရှိလာခဲ့သည်။

ထို့အပြင် ပုံအရ ခလုတ်တစ်စုံတစ်ရာကိုမမြင်ရဘဲ ဖန်သားဖြင့်သာ ဖန်တီးထားကာ ခလုတ်မှာ capacitive ခလုတ်ဖြစ်ပုံရကာ Ultrasonic Fingerprint scanner ကိုသုံးထားခဲ့သည်။ Huawei P10 တွင် အနည်းဆုံး model နှစ်မျိုးရှိမည်ဖြစ်ပြီး ပုံမှန်ဖန်သားနှင့် curved display ကွဲပြားမည်ဖြစ်ကာ Mate 9 Porsche ဒီဇိုင်းနှင့်ဆင်တူမည်ဟုယူဆရသည်။

Huawei P10 တွင် 5.5" Quad HD display နှင့် နောက်ဆုံးပေါ် Kirin 960 SoC အား RAM 4GB ဖြင့် သုံးစွဲသွားမည်ဟုဆိုသည်။ Leica camera ထပ်မံပါဝင်ခြင်း ရှိ၊ မရှိကိုမူ တိကျစွာဖော်ပြခဲ့ခြင်းမရှိပေ။ Huawei P10 အား ၂၀၁၇၊ ဧပြီတွင် တွေ့ကြရမည်ဖြစ်သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com