Samsung ရဲ့ အသစ်ထွက်ရှိမယ့် flagship ဖုန်းဖြစ်တဲ့ Galaxy S8 မှာ Bluetooth ရဲ့ နောက်ဆုံးထွက် version ဖြစ်တဲ့ Bluetooth 5.0 ကိုထောက်ပံ့မှာဖြစ်တယ်လို့ Samsung ရဲ့သတင်းတွေကို အမြဲဖော်ထုတ် တတ်တဲ့ SamMobile မှာဖော်ပြထားပါတယ်။
ဒီသတင်းသာ အမှန်ဆိုရင်တော့ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ ထွက်ရှိလာဖွယ်ရှိနေတဲ့ Galaxy S8 ဟာ Bluetooth 5.0 နည်းပညာပါဝင်တဲ့ ပထမဦးဆုံး flagship ဖုန်းဖြစ်လာမှာဖြစ်သလို Apple နဲ့ အခြားသော ပြိုင်ဘက်တွေအပေါ်မှာလည်း အသာစီးရသွားမှာဖြစ်ပါတယ်။
Bluetooth 5.0 ဟာ မကြာသေးခင်ကမှ ထွက်ရှိခဲ့ပြီး ယခင် Version တွေထက် မြန်နှုန်း နဲ့ အကွာအဝေးတွေမှာ သိသိသာသာ ပိုမိုတိုးတက်ကောင်းမွန်အောင်ဖန်တီးထားတာဖြစ်ပါတယ်။ ဒါေ့ကြောင့် လာမယ့် 2017 မှာထွက်ရှိ မယ့် High-end စမတ်ဖုန်းတွေအတွက်တော့ Bluetooth 5.0 ဟာ မပါမဖြစ်ပါဝင်သင့်တဲ့ Feature တစ်ခုဖြစ်လာတဲ့အတွက် Samsung ရဲ့ Galaxy S8 မှာလည်း ပါဝင်လာသင့်ကြောင့် ဝေဖန်သုံးသပ် မှုတွေလည်း ရှိနေပါတယ်။
Samsung ရဲ့ Galaxy S8 ကို လာမယ့် (၂၀၁၇) ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းတွေထဲက တစ်လုံးအဖြစ် မျှော်လင့်ထားကြတဲ့အတွက် Bluetooth 5.0 သာမပါလာခဲ့ဘူးဆိုရင်တော့ Samsung အတွက် အရှက်ရစရာ နောက်တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

www.pyaephyo.com