12/13/2016

♪ “..ဘီလ်ဂိတ် ရဲ့ လူမသိသေးတဲ့ အချက် ၉ ချက် ..” ♫


၁။ ဘီလ်ဂိတ်သည် စက္ကန့်တိုင်းလျှင် အမေရိကန် ဒေါ်လာ ၂၅ဝ ဝင်ငွေရှိပြီး တစ်ရက်တာ ကာ လ အတွက် ဒေါ်လာသန်း ၂ဝ ဝင်ငွေရှိ၍ တစ်နှစ်ဝင်ငွေ ၇ဒသမ ၈ ဘီလျံရှိသည်။
.
၂။ အကယ်၍ သူသည် ဒေါ်လာ ၁ဝဝဝ ပြုတ်ကျသွားခဲ့သည်ဆိုပါလျှင် ဘယ်တော့မှ ပြန်ကောက် လိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် အဆိုပါပြန်လည်ကောက်ယူမည့်အချိန် ၄ စက္ကန့်တွင်ပင် သူသည် ဒေါ်လာ ၁ဝဝဝ ပြန်လည်ရရှိခဲ့ပြီးဖြစ်သောကြောင့်တည်း။
.
၃။ အမေရိကန်ဖက်ဒရယ်အစိုးရ၏ ပြင်ပကြွေးမြီသည် ၅ ဒသမ ၆၂ထရီလျံမျှရှိသည်။ အကယ်၍ ဘီလ်ဂိတ်စ်သာ အဆိုပါအကြွေးကို ပေးဆပ်ရမည်ဆိုပါက ၁ဝနှစ် မပြည့်မီကာလတွင်ပင် အကြွေးကျေ သွားလိမ့်မည်။
.
၎။ ကမ္ဘာပေါ်ရှိလူတိုင်းကို ၁၅ ဒေါ်လာစီ အလှူဒါနပြုခဲ့သည်ဆိုပါက လူအားလုံး ကုန်စင်သည့်တိုင် အိတ်ကပ်ထဲတွင် ဒေါ်လာ ၅ သန်းခန့် ကျန်ရှိနေဦးမည်ဖြစ်သည်။
.
၅။ အမေရိကန်အားကစားလောကတွင် အချမ်းသာဆုံးစာရင်းဝင် ဖြစ်သောမိုက်ကယ်ဂျော်ဒန် ၂၂၇ နှစ်ခန့် မစားမသောက်ဘဲစုမှ ရရှိမည့် ဝင်ငွေသည် ဘီလ်ဂိတ်စ်၏ လက်ရှိပိုင်ဆိုင်မှုကို မီနိုင်မည်။
.
၆။ ဘီလ်ဂိတ်စ်တွင် တိုင်းပြည်တစ်ခုရှိသည်ဆိုပါလျှင် ကမ္ဘာပေါ်တွင် ၃၇ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လိမ့်မည်။
.
၇။ ဘီလ်ဂိတ်စ်၏ပိုင်ဆိုင်မှုကို တစ်ဒေါ်လာတန်များဖြင့် စီတန်းလိုက်မည်ဆိုပါက မြေကမ္ဘာမှ လကမ္ဘာအထိ စီတန်းနိုင်ပြီး အသွားအပြန် ၁၄ကြိမ် စီတန်းနိုင်မည်။ ထိုသို့ပြုလုပ်ရန် နှစ်ပေါင်း ၁၄ဝဝ ကြာမြင့်မည်ဖြစ်ပြီး ဘိုးအင်း ၇၄၇ လေယာဉ်ဖြင့်ဆိုပါက ၇၁၃ ခေါက်တိတိ သယ်ယူ ပို့ဆောင်ပေးရမည် ဖြစ်သည်။
.
၈။ အသက် ၉ဝ ပျမ်းမျှနှုန်းအရ တွက်ချက်မည်ဆိုပါက ယခု ဘီလ်ဂိတ်စ်၌ရှိနေသော အသက်အရွယ်မှ မသေဆုံးခင် အချိန်အထိ သူ၏စည်းစိမ်ဥစ္စာများကို တစ်နေ့လျှင် ၆ ဒသမ ၇၈ သန်းသုံးဖြုန်းပစ်မှသာ ကုန်ဆုံးနိုင်ပေမည်။
.
၉။ သို့ရာတွင် ကျွန်ုပ် တို့ …
ကွန်ပျူတာသုံးစွဲနေကြ သော Windows သမားများသည် Window Error တက်စဉ်တိုင်း (သို့မဟုတ်) Hangသွားသည့် အချိန်တိုင်းတွင် အမေရိကန် တစ်ဒေါ်လာနှုန်းမျှသာ ဘီလ်ဂိတ်စ်ကို တောင်းခံရမည်ဆိုပါက သူသည် သုံးရက် အတွင်း ဒေဝါလီခံသွားရနိုင်ပေသည်။


ဇေယျာစံ



Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com