Tasker တွေဟာ နောက်ကွယ်မှာ Run နေတဲ့ Apps တွေကို ဖုန်းရဲ့ RAM Memory ထဲက အပြီးတိုင် ရှင်းထုတ်လိုက်တဲ့အတွက် နောက်တစ်ခါ အဲဒီ Apps တွေကို ဖွင့်ရင် Internal Memory ထဲကနေ Load လုပ်ရတဲ့အတွက် လေးလံနေတတ်ပါတယ်။ အဲဒါကြောင့် Task Killer Apps တွေဟာ ဖုန်းကို မမြန်စေဘဲ ပိုမိုလေးလံစေတဲ့အတွက် မသုံးသင့်ပါဘူး။ Greenify ဆိုတဲ့ App က နောက်ကွယ်မှာ Run နေတဲ့ Apps တွေကို RAM ထဲက မထုတ်ပစ်ဘဲ Hibernate လုပ်ထားတဲ့အတွက် နောက်တစ်ခါ အဲဒီ App တွေဖွင့်ရင် လျှင်မြန်စွာနဲ့ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ အဲဒီအတွက် Greenify ဟာ ဖုန်းကို လျှင်မြန်စေသလို ဘက်ထရီကိုလည်း ချွေတာပေးနိုင်ပါတယ်။

Greenify ဟာ စထွက်ထွက်ချင်းမှာ Rooted Phone တွေအတွက်သာ ဖြစ်ပေမယ့် အခုတော့ Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းတွေမှာပါ အသုံးပြုနိုင်ပါတယ်။ Root လုပ်ထားခြင်း မရှိတဲ့ ဖုန်းတွေမှာတော့ Auto-Hibernation ပြုလုပ်လို့မရဘဲ Manual ပြုလုပ်ရပါတယ်။ အခု Tutorial မှာတော့ Root လုပ်ထားတဲ့ ဖုန်းတွေအတွက် ရည်ရွယ်ရေးသားပေးလိုက်ပါတယ်။

Greenify ကို ဖွင့်ရင် Main Screen ကို ရောက်သွားမှာပါ။ Apps တွေကို Hibernate လုပ်ဖို့ အပေါ်မှ အပေါင်း ခလုတ်ကို နှိပ်ပါ။

1

App Analyzer ကိုရောက်ရင် ကဏ္ဍ လေးခုနဲ့ Apps တွေကို ဖော်ပြပေးထားမှာပါ။ “Running in Background”, “Scheduled Running”, “May Slow Down the Device When” နဲ့ “ More” တို့ ဖြစ်ပါတယ်။ More ကို တစ်ချက်နှိပ်ပြီး Apps အားလုံးကို ပြသပေးအောင် ပြုလုပ်ပါ။ ပြီးရင်တော့ Hibernate လုပ်ချင်တဲ့ Apps တွေကို တစ်ချက်စီနှိပ်ပြီး ရွေးချယ်ပါ။ ရွေးချယ်လိုက်တဲ့ Apps တွေကို အစိမ်းရောင်နဲ့ ခွဲခြားပြသပေးမှာပါ။ ပြီးရင်တော့ အောက်ခြေမှ အမှန်ခြစ် ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် Apps တွေကို Hibernate လုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ Apps တွေကို သင်အသုံးပြုပြီးတဲ့အခါမှာလည်း Greenify က အလိုအလျှောက် Hibernate လုပ်ပေးမှာ ဖြစ်ပါတယ်။

2 

3

မှတ်ချက်။ ။ Greenify ကို တီထွင်သူတွေက သတိတစ်ခုပေးထားပါတယ်။ Messenger , Alarm Clock နဲ့ Phone နဲ့ ပတ်သက်တဲ့ Apps တွေကိုတော့ Hibernate မလုပ်သင့်ပါဘူး။ အဲဒီလို Apps တွေကို Hibernate လုပ်ရင် Apps တွေရဲ့ စွမ်းဆောင်ချက်တွေဟာ မှန်ကန်သင့်တင့်စွာ အလုပ်မလုပ်တတ်လို့ ဖြစ်ပါတယ်။
Hibernate လုပ်ပြီးသွားရင် Main Screen ကို ပြန်ရောက်သွားပြီး Hibernated ဖြစ်နေတဲ့ Apps တွေကို ပြသပေးထားပါတယ်။

4

အပေါင်းခလုတ်ကို ပြန်နှိပ်ပြီး App Analyzer ထဲကို ပြန်သွားပါ။ Facebook Messenger, Viber , Alarm Clock စတဲ့ Apps တွေကို ရွေးချယ်ပြီး အပေါ်ထိပ်မှ မျှားအောက်စိုက်နေတဲ့ ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် အဲဒီ Apps တွေကို လျစ်လျှူရှုထားပေးမှာ ဖြစ်ပြီး App Analyzer မှာ ပြသမှာ မဟုတ်ပါဘူး။ လျစ်လျှူရှုထားတဲ့ Apps တွေကို App Analyzer မှာ ပြသပေးစေချင်ရင် ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကိုနှိပ်ပြီး Show All ကို နှိပ်ပါ။

5
6

App တစ်ခုကို Hibernate လုပ်ထားရာမှ ပယ်ဖျက်ချင်ရင် Main Screen ကို သွားပြီး App ကိုရွေးချယ်ပါ။ ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး Degreenify selected app ကို နှိပ်ပါ။

7

ဒါကတော့ Rooted လုပ်ထားတဲ့ ဖုန်းတွေမှာ Greenify ကို အသုံးပြုနည်းဖြစ်ပါတယ်။ Root မလုပ်ထားတဲ့ ဖုန်းတွေမှာလည်း အသုံးပြုနည်းက အတူတူပါပဲ။ ကိုယ်တိုင် Hibernate လုပ်ရတဲ့ အဆင့်တစ်ခုသာ ပိုပါတယ်။


Download Greenify