8/06/2016

♪ ဇစ်ဒီဇိုင်းနဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Xiaomi Mi VR Headset ♫


မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ Xiaomi ရဲ့ VR Headset ကတော့ ယနေ့ပဲ တရုတ်နိုင်ငံမှာ တရားဝင်ထွက်ရှိလာပြီင်္ ဖြစ်ပါတယ်။ Mi VR Headset လို့ နာမည်ပေးထားပြီး၊ တခြား headset တွေနဲ့ မတူညီတာကတော့ နှစ်ဖက်ဆွဲဇစ်ဒီဇိုင်းနဲ့ဖြစ်ပြီး၊ ဖုန်းကို ခေါင်းစွပ်ထဲအသွင်းအထုတ်လုပ်တဲ့အခါ ပိုမိုလွယ်ကူမှုရှိသလို၊ ဖုန်းပြုတ်ကျတာမျိုးလည်း လုံးဝဖြစ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

xiaomi_mi_vr_headset_black

စခရင်အရွယ်အစား ၄.၇ ကနေ ၅.၇ လက်မအရွယ်အထိရှိတဲ့ ဖုန်းအမျိုးအစားမရွေး ထည့်ကြည့်နိုင်မှာဖြစ်ပြီး၊ Mi VR Headset ကို ဒီဇိုင်းစုံ၊ကာလာစုံနဲ့ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ခေါင်းစွပ်တပ်ပြီး၊ သက်တောင့်သက်သာနဲ့ အချိန်ကြာကြာကြည့်နိုင်ဖို့အတွက်လည်း အကောင်းဆုံးပစ္စည်းတွေကို အသုံးပြုထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

xiaomi_mi_vr_headset_personalisation

Mi VR Headset မှာ အထူးရေးဆွဲထားတဲ့ VR ဂိမ်းတွေနဲ့ ၃၆၀ ဒီဂရီ ဓာတ်ပုံ၊ဗီဒီယိုတွေကို ကြည့်နိုင်ဖို့အတွက် Mi VR ဆိုတဲ့အက်ပလီကေးရှင်းတစ်ခုလည်း ပါရှိမှာပါ။

လောလောဆည်မှာ Mi VR Headset ရဲ့ ဈေးနှုန်းကို ကုမ္ပဏီက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ဘဲ၊ စမ်းသပ်သုံးစွဲကြည့်ချင်သူတွေကို စာရင်းသွင်းခိုင်းထားပါတယ်။ ဈေးကွက်ထဲရောက်တဲ့အခါ ၁၀ ဒေါ်လာအောက်မှာပဲ ရှိဖို့များတာကြောင့် Xiaomi ပရိတ်သတ်တွေအပြင် VR ဝါသနာရှင်တွေ အကြိုက်ပါပဲ။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com