Huawei ဟာ မကြာသေးမီကထုတ်လုပ်ခဲ့တဲ့ Honor 8 ဖုန်းကို
တတိယအကြိမ်မြောက်အဖြစ် ဥရောပမှာ ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။
ပထမအကြိမ်ထုတ်ဖော်ပြသမှုအဖြစ် တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက
စတင်မိတ်ဆက်ခဲ့ပြီး၊ ပြီးခဲ့တဲ့အပတ်တုန်းကတော့ အမေရိကန်ပြည်ထောင်စုမှာ
မိတ်ဆက်ခဲ့ပါတယ်။
ဒီတစ်ခေါက်မှာတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ Honor 8 အတွက် ဈေးနှုန်းတွေ၊ အချက်အလက်တွေကို ဥရောပဇုန်အတွက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ Honor 8 ဖုန်းကို တောင်နဲ့အနောက်ဥရောပနိုင်ငံတွေမှာ စတင်ရောင်းချနေပြီဖြစ်ပြီး အလယ်နဲ့ အရှေ့ဥရောပနိုင်ငံတွေမှာတော့လာမယ့် စက်တင်ဘာလကုန်မှ ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မော်ဒယ်အနေနဲ့ 4GB RAM နဲ့ 32GB Storage ဗားရှင်းကို ယူရို၃၉၉နဲ့ RAM ပမာဏတူညီပြီး 64GB Storage ရှိတဲ့ ဗားရှင်းကိုတော့ ယူရို ၄၄၉နဲ့ရောင်းချမှာဖြစ်ပါတယ်။ Honor 8 ကိုဗြိတိန်နိုင်ငံမှာ ပေါင် ၃၆၉.၉၀နဲ့ ရောင်းချမှာဖြစ်ပါတယ်။ Honor 8 ကိုအရှေ့အလယ်ပိုင်းနဲ့ ရုရှားနိုင်ငံတွေမှာ ဒီနေ့ကစပြီး ရောင်းချနေပြီ ဖြစ်ပါတယ်။
ဖုန်းဟာ ၅.၂လက်မအရယ် 1080P မျက်နှာပြင်၊ Kirin 950 chipset၊ 12MP ရှိတဲ့ ကျောဘက်ကင်မရာနှစ်လုံး၊ လေဆာအော်တိုဖိုကတ်စ်နဲ့ dual-LED flash 8MP ရှေ့မျက်နှာကင်မရာ၊ fingerprint scanner နဲ့ 3000 mAh ဘက်ထရီတွေပါဝင်ပြီး Android 6.0.1 Marshmallow နဲ့ EMUI 4.1 တို့ကို ထည့်သွင်းအလုပ်လုပ်မှာဖြစ်ပါတယ်။ ဖုန်းနဲ့ပတ်သက်တဲ့အသေးစိတ် Review ကိုတော့ ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

www.pyaephyo.com