OPPO ရဲ့၂၀၁၆အတွင်းမှာလှုပ်ရှားမှုတွေဟာအလေးပေး စောင့်ကြည့်စရာ
ကောင်းလာခဲ့တာကိုတွေ့နေရပါတယ်။ OPPO ကဒီ၂၀၁၆မှာဗျူဟာပိုင်း
အပြောင်းအလဲအဖြစ်စမတ်ဖုန်းကနေကင်မရာဖုန်းကို ပြောင်းလဲကာကင်မရာ
ပိုင်းအသားပေးထားတဲ့ထုတ်ကုန်တွေကိုထုတ်လုပ်ပေးခဲ့တာတွေ့ရပါတယ်။
အထူးသဖြင့်Selfie ရိုက်ကူးခြင်းကိုကြိုက်နှစ်သက်သူများအတွက်ရည်ရွယ်ပြီး
ရှေ့ကင်မရာစွမ်းရည်ကောင်းမွန်သောဖုန်းများကို ထုတ်လုပ်ရောင်းချခြင်းဖြစ်
ပါတယ်။အခုနောက်ဆုံးမိတ်ဆက်လိုက်သောOPPO ရဲ့စမတ်ဖုန်းဟာ
ရှေ့ကင်မရာပိုင်းစွမ်းရည်အရမ်းကောင်းမွန်ပါတယ်။အခြားသောစမတ်ဖုန်း
များ၏အနောက်ဘက်ကင်မရာစွမ်းရည်ကိုအရှေ့ဘက်တွင်အသုံးပြုနိုင်အောင်ဖန်တီးထုတ်လုပ်ပေး ထားခြင်းဖြစ်ပါတယ်။OPPO
ဟာအဆိုပါနောက်ဆုံးပေါ်
ဖုန်းကိုကြိုတင်မှာယူသူများအတွက်လည်းလက်ဆောင်ပစ္စည်းကောင်းများကိုထပ်ဆောင်းပေးထားပါသေး တယ်။OPPO
ရဲ့ နောက်ဆုံးပေါ်ဖုန်းများထဲတွင် တစ်လုံးအပါအ၀င်ဖြစ်သောOPPO
A37ဟာ၂၀၁၆မှာချပြလိုက်တဲ့ တတိယ
မြောက်ကင်မရာဖုန်းပဲဖြစ်ပါတယ်။4Gကွန်ရက်စနစ်မှာအသုံးပြုနိုင်မယ့်ဖုန်းဖြစ်ပါတယ်။4G
ကွန်ရက်ကိုအဆင့်မြှင့်တင်နေသောအချိန်အခါဖြစ်ခြင်းကြောင့်
လည်းသုံးစွဲသူများအတွက်အဆင်ပြေစေမှာဖြစ်ပါတယ်။ဒီဇိုင်းပိုင်းမှာPremium
ထုတ်ကုန်တစ်ခုလိုမျိုးသတ္ထုစပ်ကိုယ်ထည်မျိုးကိုအသုံးပြုရမှာဖြစ်ပြီးဒီနေ့ခေတ်နဲ့လိုက်ဖက်တဲ့ဖက်ရှင်ဆန်မှု ကို
ပေးအပ်ထားပါတယ်။
ဖုန်းရဲ့အရွယ်အစားပမာဏကတော့143.1×71×7.7 mm
ဖြစ်ကာ
အလေးချိန်မှာ136gရှိပါတယ်။သူ့ရဲ့ကင်မရာပိုင်းကိုကြည့်ရင်ရှေ့ကင်မရာက5MP,
f/2.4 နဲ့ နောက်ကင်မရာက8MP, f/2.0 ရှိပြီးကြီးမားတဲ့sensor အမျိုး
အစားသုံးထားတဲ့အားသာချက်ကြောင့်အလင်းဝင်မှုပိုင်းမှာသူနဲ့အလားတူ
ထုတ်ကုန်တွေနဲ့ယှဉ်ရင်အများကြီးသာလွန်ကောင်းမွန်နေတာကို တွေ့ရမှာ
ဖြစ်ပါတယ်။Geo-tagging, Touch focus, Face Detection, Panorama
စသောကင်မရာဆက်စပ်ပတ်သက်စနစ်များလည်းအသုံးပြုနိုင်ပါတယ်။ဗီဒီယို
ရိုက်ကူးနိုင်မယ့်စွမ်းရည်ကတော့1080p ဖြစ်ကာနှုန်းမှာတစ်စက္ကန့်ကို30 Frames
ပါ။ဒါကဒီနေ့စမတ်ဖုန်းသုံးစွဲသူတွေမှာလိုအပ်နေတဲ့အချက်ကို အဓိက
ပေးစွမ်းထားတာဖြစ်ပါတယ်။အထူးသဖြင့်Value for Price ဖုန်းအမျိုးအစားပါ။
ပေးရတာနဲ့ထိုက်တန်တဲ့အရည်အသွေးမျိုးရရှိစေမယ့်ဖုန်းအမျိုးအစားအဖြစ်
သတ်မှတ်နိုင်ပါတယ်။မျက်နှာပြင်အရွယ်အစားမှာ5 inches အရွယ်အစား
ရှိပြီးမျက်နှာပြင်ရုပ်ကြွသဘောမျိုးခံစားရစေဖို့2.5D Arc Edge screen ကိုပါ
အသုံးပြုပေးထားပါတယ်။ဖုန်းတစ်လုံးအတွက် ပြင်ပအစိတ်အပိုင်းတွေထဲမှာ
အထူးအရေးပါတဲ့မျက်နှာပြင်ကိုကာကွယ်ပေးနိုင်စေဖို့Corning ရဲ့ နောက်ဆုံး
မျိုးဆက်ဖြစ်တဲ့Gorilla Glass 4 နဲ့ဖုံးအုပ်ပေးထားပါသေးတယ်။မျက်နှာပြင်က
HDအဆင့်ရုပ်ထွက်အရည်အသွေးပေးစွမ်းနိုင်မယ့်IPS LCD အမျိုးအစားကို
သုံးထားပေးပြီးPixels ပမာဏသိပ်သည်းဆကတော့720× 1280 ဖြစ်ကာ
တစ်လက်မမှာရှိမယ့်Pixel ပမာဏသိပ်သည်းဆကတော့294ppi ပါ။ ပြတ်သား
တဲ့ရုပ်ထွက်မျိုးကိုပါ ပေးစွမ်းနိုင်စေဦးမှာဖြစ်ပါတယ်။4Gကွန်ရက်စနစ်မှာ
သုံးနိုင်တဲ့ ဖုန်းအပြင်Dual SIM နှစ်ကတ်စလုံးအတွက်ကြိုက်တဲ့ကတ်မှာ
ထည့်သွင်းပါစေ4G စနစ်ကိုအပြည့်အ၀ရရှိစေဦးမှာ ဖြစ်ပါတယ်။ဒါက မိုဘိုင်း
သုံးစွဲသူတွေအတွက်တကယ့်ကိုကောင်းတဲ့အားသာချက်တစ်ခုပဲဖြစ်ပါတယ်။
SD
ကတ်ကိုသီးသန့်စိုက်ထည့်သုံးနိုင်စေဖို့တတိယမြောက်slot ပေါက်ကိုလည်း
ထောက်ပံ့ပေးထားလို့အချိန် မရွေးနောက်ထပ်SD ကတ်တစ်ခုကိုdata များများ
သိုလှောင်နိုင်စေဖို့အသုံးပြုနိုင်စေပါတယ်။Qualcomm Snapdragon 410 chipset
ကိုအသုံးပြုပေးထားပြီးquad-core 1.2GHz နှုန်းနဲ့အလုပ်လုပ်ပေးမှာ
ဖြစ်သလို2GB RAM နဲ့တွဲဖက်ပေးထားတဲ့အချက်ကြောင့်ဖုန်းအသုံးပြုတဲ့ နေရာမှာ
မြန်ဆန်သွက်လက်စွာနဲ့သုံးနိုင်စေပါလိမ့်မယ်။ Internal Storage
အတွက်16GBကိုတစ်ပါတည်းထည့်သွင်းပေးထားပြီးထပ်တိုးသုံးမယ်ဆိုရင် တော့128GB
အထိတိုးမြှင့်နိုင်ပါတယ်။GPU အမျိုးအစားကတော့Adreno 306 ပါ။Bluetooth
Version မှာ4.0 ဖြစ်ပါတယ်။သူ့ရဲ့ နောက်ထပ်အားသာချက်က OPPO ရဲ့UI (user
interface) ဖြစ်တဲ့ColorOS 3.0 ကိုAndroid OS 5.1 ပေါ်
ကနေအသုံးပြုပေးထားလို့ဖုန်းကိုပိုမိုမြန်ဆန်လွယ်ကူစွာနဲ့အသုံးပြုနိုင်သလို
battery အားအသုံးပြုမှုကိုလည်းအများကြီးသက်သာစေဦးမှာဖြစ်ပါတယ်။
တစ်ပါတည်းထည့်ပေးထားတဲ့2630mAh battery ကလည်းအခုလိုဖုန်းမျိုး
အတွက်အတော်လေးကောင်းမွန်ပြီးသားဖြစ်ပါတယ်။ဖုန်းကိုလှပသောအရောင်များဖြင့်လည်းထုတ်လုပ်ပေး ထားပါသေးတယ်။
ဈေးနှုန်းတန်ဖိုးမှာ၁၉၉,၀၀၀ိ/-ကျပ်ဝန်းကျင်ရှိပါတယ်။နဂိုထက်
ဈေးနှုန်းတန်ဖိုး လျော့ကျ လာခြင်းဖြစ်ပါ တယ်။
https://www.facebook.com/officialmobileguidejournal
www.pyaephyo.com