8/23/2016

♪ SD625 SoC နဲ့  16MP ကင်မရာ ပါဝင်သည့် Huawei G9 Plus ထွက်ရှိ ♫


Huawei ဟာ သူ့ ရဲ့ စမတ်ဖုန်းအသစ် Huawei G9 Plus ကို ထုတ်လိုက်ပါပြီ။ ဒီဖုန်းကိုတော့ Snapdragon 625 chipset နဲ့ မောင်းပြီး HD မျက်နှာပြင် ၅.၅ လက်မ ပါရှိပါတယ်။ ဖုန်း memory ပိုင်းမှာတော့ 3GB/32GB နဲ့ 4GB/64GB နဲ့ လာပြီး 3340 mAh ဘက်ထရီ ပါရှိထားပါတယ်။



ကင်မရာပိုင်းမှာတော့ 4K video recording ရတဲ့ 16MP နောက်ကင်မရာတစ်လုံးနဲ့ 8MP ရှေ့ ကင်မရာ တစ်လုံးလည်းပါဝင်ပါတယ်။ အလေးချိန်အားဖြင့် 160g နဲ့ အထူအားဖြင့် 7.3 mm ရှိပြီး ယခုဖုန်းမှာ EMUI version 4.1 နဲ့ Android 6.0 Marshmallow နဲ့ မောင်းပါတယ်။ နောက်ကျောဘက်မှာလည်း လက်ဗွေ       sensor တစ်ခု ပါရှိပါတယ်။

ယှဉ်ကြည့်မယ်ဆိုပါက Huawei G9 Plus ဟာ ပြီးခဲ့တဲ့ လက ထုတ်လုပ်တဲ့ Huawei Maimang 5 နဲ့ အတော်လေး ဆင်ပါတယ်။



ဖုန်းဟာ တရုတ်မှာ တရားဝင်ထုတ်လုပ်ပါတယ်။ ဈေးနှုန်းအားဖြင့် 3GB RAM ပါ ဖုန်းတစ်လုံးကို ၃၉၉ ဒေါ်လာဝန်းကျင် အစားစား ရှိပါတယ်။ 4GB RAM မော်ဒယ်ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ ဖုန်းမှတ်ပုံတင်ခြင်းကိုတော့ လုပ်ထားပြီဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့ မှာ စတင်ရောင်းချတော့မှာပါ။


Credit to ==> Myanmar Mobile App


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com