Facebook က ၃၆၀ ဒီဂရီ ဗီဒီယို ဖန်တီးသူများအတွက် ဗီဒီယိုရဲ့ အကောင်းဆုံး ရှုထောင့်များအား ကြည့်ရှုသူများအတွက် လမ်းညွှန် သို့မဟုတ် ကြိုတင်သတ်မှတ်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ ထို့အတွက် ကြည့်ရှုသူများက အကောင်းဆုံး ရှုထောင့်ကို ကိုယ်တိုင် လှည့်ပြောင်းစရာမလိုတော့ပါဘူး။ အကယ်၍ ကိုယ်တိုင်လှည့်ပြောင်း ချင်ရင်လည်း ပြုလုပ်နိုင်ပါတယ်။ Guided Tour စွမ်းဆောင်ချက်ကို Default အားဖြင့် On ပေးထားမှာ ဖြစ်ပါတယ်။

စက်တင်ဘာလကနေ ယခုအချိန်အထိ Facebook မှာ ၃၆၀ ဒီဂရီ ဗီဒီယိုပေါင်း ၂၅၀ ၀၀၀ ကျော်ကို Upload ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ GoPro နဲ့ ABC News တို့ အပါအ၀င် Publishers များစွာက Guided Tour ကို စတင် အသုံးပြုနေကြပါပြီ။ ထို့အပြင် Facebook က ၃၆၀ ဒီဂရီ ဗီဒီယို ဖန်တီးသူများအတွက် လူကြည့်အများဆုံး အပိုင်းကို ပြသပေးတဲ့ Heatmap စွမ်းဆောင်ချက်ကိုလည်း ထည့်သွင်းပေးလိုက်ပါ တယ်။ ၃၆၀ ဒီဂရီ ဗီဒီယို ကြည့်ရှုမှု အခြေအနေကိုလည်း အသက်အရွယ်၊ လိင်၊ တည်နေရာ ကဏ္ဍများဖြင့် မိနစ်အလိုက် ပြသပေးလာပါတယ်။

ထုတ်လွှင့်နေစဉ်အတွင်း ကြည့်ရှုသူများ ပြုလုပ်ကြတဲ့ Reactions, Comments, Shares များကိုလည်း သိနိုင်လာပါတယ်။ ဒီစွမ်းဆောင်ချက်များကို စတင် ဖြန့်ချီပေးနေပြီး လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကမ္ဘာအ၀န်းမှာ သုံးနိုင်တော့မှာပါ။