Apple ဟာ သြဂုတ်လ ၂၅ ရက်နေ့မှာပဲ iPhone/Pad/Pod touch တွေအတွက်
iOS 9.3.5 ကို Software update အဖြစ်ထပ်မံ release လုပ်လိုက်ပါပြီ။ iOS
9.3.5 update ကိုအစောတလျင်ထုတ်ပေးလိုက်ရတဲ့အကြောင်းကတော့ ယခင် iOS
version တွေမှာရှိနေတဲ့လုံခြုံရေးယိုပေါက်အကြီးစားကိုရှာဖွေတွေ့ရှိသွားတဲ့အတွက်ဖြစ်ပါတယ်။
ဒီယိုပေါက်တွေကိုသုံးပြီး အစိုးရပိုင်းတွေက သူတို့စုံစမ်းထောက်လှမ်းလိုတဲ့သူတွေကို ပစ်မှတ်ထားပြီးအချက်အလက်တွေရယူနိုင်နေတယ်လို့ဆိုပါတယ်။
ဒီယိုပေါက်ကိုအရင်တွေ့ရှိခဲ့တာကတော့ အစ္စရေး Company တစ်ခုဖြစ်တဲ့ NSO Group မှဖြစ်ပြီး ယင်းယိုပေါက်ကနေတဆင့် အချက်အလက်တွေကိုရယူနိုင်တဲ့ Software ကိုရေးသားပြီး အစိုးရပိုင်းတွေဆီကိုရောင်းစားခဲ့တယ်လို့ဆိုပါတယ်။ NSO Group ရဲ့ Software ဟာ သူတို့ပစ်မှတ်ထားတဲ့ iPhone အသုံးသူဆီက Text Message တွေ ၊ ဖုန်း Call တွေ ၊ email တွေကိုထောက်လှမ်းနိုင်စွမ်းရှိပါတယ်။

UAE မှ UAE human rights activist တစ်ဦးဖြစ်တဲ့ Ahmed Mansoor ဟာသံသယဖြစ်ဖွယ် Message တစ်ချို့ဖြင့်တိုက်ခိုက်ခံရပြီးနောက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Citizen Lab ကနေတဆင့် Apple ဆီကိုသတင်းပေးခဲ့တာပါ။

Apple ကလည်းရက်ပိုင်းအတွင်းမှာပဲ လုံခြုံရေးပိုင်းဆိုင်ရာအကြောင်းပြချက်နဲ့ ယင်း Security exploits ကိုပြန်လည်ပြင်ဆင်ထားတဲ့ iOS update အသစ်ကိုအလျင်အမြန်ထုတ်ပေးလိုက်ပါတယ်။
iPhone/Pad များမှတဆင့် iOS 9.3.5 သို့ update ပြုလုပ်လိုပါက iOS ရဲ့ Setting > General > Software Update ထဲသို့ဝင်ပြီး iOS update ပြုလုပ်နိုင်ပါတယ်။ Software Update ပြုလုပ်ရန်အတွက် Device ကို Wifi ကွန်ရက်တစ်ခုခုနဲ့ချိတ်ဆက်ထားဖို့တော့လိုမှာဖြစ်ပါတယ်။

www.pyaephyo.com