8/06/2016

♪ Vertu ရဲ့ ဈေးအပေါဆုံး Luxury စမတ်ဖုန်း Aster Chevron ♫


ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးစမတ်ဖုန်းတွေသာ ထုတ်လုပ်တဲ့ Luxury Phone Maker Vertu ဟာ သူတို့ရဲ့ စမတ်ဖုန်းအမျိုးအစားသစ်တစ်မျိုးဖြစ်တဲ့ Aster Chevron ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ထုတ်လုပ်ခဲ့တဲ့ ကနဦး Aster စီးရီး စမတ်ဖုန်းတွေရဲ့ နောက်ဆက်တွဲဖုန်းအဖြစ်နဲ့ ထွက်ပေါ်လာတဲ့ Aster Chevron ဖုန်းမှာအမိုက်စား လုပ်ဆောင်ချက်တွေလည်း ပါဝင်လာခဲ့ပါတယ်။ ဒီဖုန်းကို ဒေါ်လာ ၄၂၀၀ (ကျပ်သိန်း၅၀ခန့်) နဲ့ ရောင်းချမှာဖြစ်တာကြောင့် Vertu ရဲ့ ထုတ်လုပ်ခဲ့သမျှဖုန်းတွေထဲမှာ ဈေးအပေါဆုံးလို့ မီဒီယာတွေက ဆိုကြပါတယ်။
vertu-aster-chevron2

Aster Chevron ဖုန်းရဲ့ ကျောဘက်ကို “a distinctive canvas” လို့ခေါ်တဲ့ အီတလီက အထက်တန်းစား နှစ်ရှည်ဖိုက်ဘာချည်တစ်မျိုးနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒီလိုဖိုက်ဘာချည်သားနဲ့ ကျောဘက်ကို အနက်၊ အပြာနဲ့ ပန်းရောင်ဆိုပြီး အရောင်အမျိုးအစားသုံးမျိုးနဲ့ ရရှိနိုင်မှာပါ။ ကိုယ်ထည်တစ်ခုလုံးကိုလည်း အဆင့်၅ တိုက်တေနီယမ်သတ္တုနဲ့ ပြုလုပ်ထားခဲ့တာပါ။

vertu-aster-chevron6 vertu-aster-chevron5

Luxury ဖုန်းတွေရဲ့ ထုံးစံအတိုင်းပဲ Vertu Aster Chevron ဖုန်းမှာလည်း အချက်အလက်တွေ သိပ်ပေးထားတာကို မတွေ့ရပါဘူး။ အရင်ထွက်ရှိထားတဲ့ Original Aster အရ ဖုန်းဟာ quad-core Snapdragon 801 processor ကိုအသုံးပြုထားပြီး မျက်နှာပြင်အကျယ် 1080p ရှိတဲ့ ၄.၇လက်မ နီလာကျောက်နဲ့ ပြုလုပ်ထားတာပါ။ Android 5.1 Lollipop ဗားရှင်းနဲ့ အလုပ်လုပ်တာဖြစ်ပြီး 13MP ကျောဘက်ကင်မရာ၊ 2GB RAM 64GB internal memory တို့ပါရှိပါတယ်။

Vertu Aster Chevron ဖုးန်ဟာ အရင်ထွက်ရှိခဲ့တဲ့ မော်ဒယ်တွေထွက်ဈေးပေါတယ် ဆိုပေမယ့် ဈေးနှုန်းဟာ ဒေါ်လာ ၄၂၀၀ (ကျပ်သိန်းငါးဆယ်နီးပါးခန့်) ဆိုတာကြောင့် ဈေးအတော်ကြီးတယ် လို့ဆိုရမှာပါ။

vertu-aster-chevron1


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com