8/24/2016

♪ iPhone အသုံးပြုသူများ အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို အသုံးပြုနိုင်မည် ♫

Apple iphone ooredoo

မြန်မာနိုင်ငံ၏  အူရီဒူးမြန်မာ4G ကွန်ရက်ကို Apple မှ အသိအမှတ်ပြုလက်ခံ
 
မြန်မာနိုင်ငံရှိ iPhone 5 နှင့်အထက်အဆင့်မြင့် iPhone  အသုံးပြုသူများအားလုံးအနေဖြင့်အမြန်ဆန် ဆုံးသော အင်တာနက်နှင့် ကြည်လင်ပြတ်သားသည့်အသံဖြင့် ဖုန်းခေါ်ဆိုမှုကို ပေးအပ်လျက်ရှိ သည့် အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို အသုံးပြုခွင့်ရတော့မည်ဖြစ်ကြောင်း အူရီဒူးမြန်မာမှ ယနေ့ကြေညာချက် ထုတ်ပြန်လိုက်ပါသည်။

Apple မှ အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို သေချာစွာ လေ့ လာဆန်းစစ်ပြီးဖြစ်သည့်အတွက် နောက်ထပ် အဆင့်မြှင့်ပေးမည့် iOS Update တွင် အူရီဒူးမြန်မာ၏ 4G ကွန်ရက် ကို iPhoneတွင် အသုံးပြုခွင့် ပါဝင်မည်ဖြစ်ပါသည်။ iPhone အသုံးပြုသူအများ  အပြားအနေဖြင့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး 4G ကွန်ရက်ကို အသုံးပြုနေနိုင်ပြီ ဖြစ်ပါသည်။

၂၀၁၆ခုနှစ် မေလတွင် အူရီဒူးမြန်မာ၏ 4G ကွန်ရက်ဝန်ဆောင်မှုကို စီးပွားရေးအချက်အခြာဒေသများဖြစ် သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ပုဂံတွင် စတင်မိတ်ဆက်ခဲ့ပြီး 4G ကွန်ရက်ကို နှစ်သက်စွာ အသုံးပြုသူများ တိုးလာခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် 4G ကွန်ရက်ဝန်ဆောင်မှုကို အူရီဒူးမြန်မာမှ ပထမဦးဆုံး စတင်ပေးအပ်နိုင်ခဲ့သည့်အတွက် အူရီဒူး    ၀န်ဆောင်မှုအသုံးပြုသူ အရေအတွက် ပိုမိုများပြားလာလျက်ရှိနေပါသည်။  အူရီဒူးမြန်မာမှ iPhone   နှင့် Android ဟန်းဆက်အသုံးပြုသူများအားလုံး နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုခွင့်ရရန်အတွက် ၀န်ဆောင်မှုပေးလိုပါသည်။

Android ဟန်းဆက်အသုံးပြုသူများအနေဖြင့် 4G ကွန်ရက်ကို အသုံးပြုရန်အတွက် system ကို အဆင့်မြှင့်တင်ခြင်း ပြုလုပ်စရာမလိုဘဲ Device Setting ထဲမှ 4G/LTE Service ကို ရွေးချယ်လိုက်ရုံဖြင့် အူရီဒူးမြန်မာ၏ 4G ကွန်ရက် ၀န်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်သည်။ iOS အသုံးပြုသူများအတွက် Apple မှ အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စမ်းသပ်စစ်ဆေးမှုများပြု လုပ်ခဲ့သည့်အတွက် ပြီးခဲ့သည့်လ အနည်းငယ်မှ စပြီး iPhone version အချို့မှာ အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို စတင်အသုံးပြုခွင့်ရနေပြီဖြစ်ပါသည်။ ယခုအခါ Apple မှ အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို နောက်ထပ် အဆင့်မြှင့်ပေးမည့် iOS version တွင် တရားဝင်ထည့်သွင်းပေးမည်ဖြစ်ပါသည်။

အူရီဒူးမြန်မာသည် နောက်ထပ်အဆင့်မြှင့်ပေးမည့် iOS version တွင် ပါဝင်မည်ဖြစ်သည့်အတွက်ကြောင့် iPhone 5 နှင့် အထက်အဆင့်မြင့် iPhone အသုံးပြုသူများအားလုံးသည် iPhone 7 စတင်မိတ်ဆက်မည့်ရက်ဖြစ်သော ၂၀၁၆ စက်တင်ဘာလအတွင်းတွင် စတင်ပြီး အူရီဒူးမြန်မာ၏ 4G ကွန်ရက်ကို တရားဝင် အသုံးပြုခွင့်ရမည်ဖြစ်ပါသည်။ အူရီဒူးမြန်မာ၏ ဆင်းကတ်ကို iPhone ဟန်းဆက်နှင့်တွဲပြီး အသုံးပြုသူများအနေဖြင့် iOS Upgrade အဆင်သင့်ဖြစ်သည့်အခါ သုံးစွဲသူကိုယ်တိုင်  update ပြုလုပ်ပြီး အူရီဒူး 4G သုံးစွဲနိုင်ရန်အတွက် Apple ထံမှ Push Notification တစ်ခုကို လက်ခံရရှိမည်ဖြစ်ပါသည်

အူရီဒူးမြန်မာ၏ 4G ကွန်ရက် ၀န်ဆောင်မှုကို အသုံးပြုသူများသည် အမြန်ဆန်ဆုံးသော အင်တာနက် ကွန်ရက်နှင့် ချိတ်ဆက်ကာ လုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာ များအား အရှိန်မြှင့်လုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေစေမည်ဖြစ်ပြီး ၎င်းတို့၏လူနေမှုပုံစံသည် ၂၁ရာစုနှင့်အမှီ လျှင်မြန်စွာ တိုးတက်ပြောင်းလဲနေမည်ဖြစ်သကဲ့သို့ ၊ အသစ်စက်စက်ဖြစ်သည့် ထူခြား သစ်လွင်သည့် အင်တာနက်အသုံးပြုမှု အတွေ့အကြုံနှင့် ၄င်း၏ အကျိုးကျေးဇူးများကို ရရှိခံစားနိုင် မည်ဖြစ်ပါသည်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com