8/31/2016

♪ စက်တင်ဘာ၁ရက်နေ့ပွဲမှာ Mate စီးရီးဖုန်းသစ်လာဦးမှာ မဟုတ်သေးဘူးလို့ Huawei ဆို ♫


လာမယ့် စက်တင်ဘာလ ၁ရက်နေ့မှာ Huawei ဟာ ပွဲသစ်တစ်ခုပြုလုပ်မှာ ဖြစ်ပြီး စမတ်ဖုန်းသစ်တွေကို ထုတ်လုပ်ကြေငြာမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ Mate 8 ကိုဆက်ခံမယ့် ဖုန်းသစ်ကို ထုတ်လုပ်ဦးမှာ ဖြစ်တယ်လို့ ထင်မြင်ခဲ့ကြပါတယ်။ ဒါပေမယ့် Huawei ကုမ္ပဏီအရာရှိတစ်ဦးရဲ့ ထုတ်ပြန်ချက်အရ Mate စီးရီး စမတ်ဖုန်းကို အဲ့ဒီပွဲမှာ ထုတ်ဖော်ဦးမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။

အရာရှိရဲ့ အတည်ပြုပြောကြားချက်အရ ဒီပွဲမှာ တရုတ်ကုမ္ပဏီအနေနဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းစီးရီးတွေထဲက တစ်မျိုးကို တရားဝင်ထုတ်ဖော်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Mate စီးရီးကိုတော့ လာမယ့် နှစ်လဝန်းကျင်အတွင်းမှာ တရားဝင်ထုတ်ဖော်သွားမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

မကြာသေးမီက ထွက်ရှိခဲ့ဖူးတဲ့ သတင်းတွေအရ ဆိုရင် Huawei အနေနဲ့ အမျိုးသမီးတွေကို ရည်ရွယ်တဲ့ စမတ်ဖုန်းတစ်မျိုးကို လာမယ့်လမှာ ကျင်းပပြုလုပ်မယ့် IFA ပွဲမှာ ထုတ်လုပ်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဆိုပါပစ္စည်းအမျိုးအစားနဲ့ နာမည်ကိုတော့ မဖော်ပြထားပဲ ဖုန်းရဲ့ ဓာတ်ပုံတော့ ပေါက်ကြားလာခဲ့တာပါ။

huawei-new-smartphone-rumour

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com