Android ဖုန်းတွေမှာတစ်ခါတစ်လေဖြစ်တက်ကြပါတယ်။
စက်ကိုအသုံးပြုရင်းနဲ့ ဘာမှရွှေ့မရအောင်ဟန်းသွားတက်ပါတယ်။
ဒီလိုအခြေအနေကျရင် battery အရှင်ဖုန်းတွေကတော့ကိစ္စမရှိပေမဲ့
battery အသေဖုန်းတွေအသုံးပြုတဲ့ Android user တွေအနေနဲ့တော့
အခက်တွေ့ကြရတက်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင်တော့ အချို့က battery ကုန်
အောင်ဒီတိုင်းပစ်ထားလိုက်ပြီး battery ကုန်လို့ power ပိတ်သွားမှအားပြန်
သွင်းရင်း ပြန်သုံးကြတာတွေတွေ့ရပါတယ်။

ဒီလိုလုပ်တာဟာ တစ်ခါတစ်လေကောင်းပေမဲ့ ရေရှည်ဆိုရင်စက်ကို
ထိခိုက်စေတက်ပါတယ်။ ဒါကြောင့် အဲဒီလိုစက်အရမ်းဟန်းပြီး ဘာမှလုပ်လို့မရ
ဖြစ်သွားပါက စက်မှာပါတဲ့ volume down , volume up , home key ,
power key တို့ကိုကြာကြာလေးတွဲနှိပ်ပေးထားလိုက်ပါ။ ခဏကြာတာနဲ့
စက်မှာ power ကျသွားပြီး restart ချလိုက်သလိုပြန်တက်လာပါလိမ့်မယ်။
ဖုန်းကို home screen ထိရောက်အောင်ပြန်စောင့်ပြီး setting ထဲက manage app ထဲကိုသွားကာ အပေါ်ဘားတန်းလေးကနေ All ကိုရွေးပြီး menu key ကို
နှိပ်လိုက်ပါ။ ပြီးရင်တော့ Reset app prefernce ဆိုတာကိုနှိပ်ပေးပြီး
power key ကိုဖိထားကာ restart ချပေးလိုက်ပါ။ ဖုန်းမှာ restart ကျပြီး
ပြန်တက်လာရင်ပြန်သုံးနိုင်ပါပြီ။

အချို့ clone tablet တွေမှာတော့ အဲလိုဖြစ်ခဲ့ရင် Restart ဆိုတဲ့အပေါက်လေး
ပါပါတယ်။ အဲဒီကနေအချွန်တစ်ခုခုနဲ့ထိုးပြီး Restart ချကာပြန်သုံးနိုင်ပါတယ်။

အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )
www.pyaephyo.com