8/24/2016

♪ Galaxy Note 7 ကိုယှဉ်ပြိုင်မယ့် LG V20 စမတ်ဖုန်းသစ်မှာ Android 7.0 Nougat စတင်ပါဝင်မည် ♫


LG ရဲ့ နောက်ထွက်မယ့် မျိုးဆက်သစ် စမတ်ဖုန်း V20 ဟာ Android ဗားရှင်းအသစ် 7.0 Nougat စနစ်နဲ့ အလုပ်လုပ်မယ့် ပထမဆုံး စမတ်ဖုန်းဖြစ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအပြင် ဒီသတင်းအပေါ် အတည်ပြုပြောကြားနိုင်တဲ့ အချက်အလက်တချို့လည်း ရရှိထားခဲ့တာပါ။ ဒီရဲ့ အတည်ပြုပြောကြားမှုဟာ Google ထံကနေ ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ သတင်းတွေက ရေးသားထားခဲ့တာပါ။

Google ရဲ့ တရားဝင်စာမျက်နှာပေါ်မှာ အသစ်ထွက်လာမယ့် Android 7.0 Nougat ကို မိတ်ဆက်ထားတဲ့ အပြင်အောက်ဖက်မှာလည်း LG ရဲ့ V20 ကို ထည့်သွင်းလာမှာဖြစ်တယ်ဆိုတာကို ရေးသားထားခဲ့ တာဖြစ်ပါတယ်။

lg-v20-2

V20 အနေနဲ့လည်း ကောလဟာလသတင်းတွေ အဆင့်မှာသာ ရှိသေးတာကြောင့် ဒီအကြောင်းကို အတည်ပြုထားခြင်းမရှိပေမယ့် သတင်းပေါက်ကြားမှုတွေအရ အခုလို အခိုင်အမာဆိုနိုင်ခဲ့တာပါ။ LG အနေနဲ့ V20 ဖုန်းရဲ့ တရားဝင်မိတ်ဆက်ပွဲကို လာမယ့် စက်တင်ဘာလ ၆ရက်နေ့မှာ ဆန်ဖရန်စစ္စကိုမှာ မိတ်ဆက်ဖို့ ရှိနေခဲ့ပြီး အဲ့ဒီရက်မှာပဲ HTC နဲ့ Google တို့ ပူးပေါင်းထုတ်လုပ်မယ့် Nexus ဖုန်းသစ်ကို ကြေငြာဖို့ အတွက် သတင်းတွေ ပြေးနေခဲ့တာကြောင့် LG အနေနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေခဲ့ပါတယ်။

V20 ဟာ Samsung ရဲ့ လတ်တလော ထွက်ရှိထားတဲ့ Galaxy Note 7 ဖုန်းနဲ့ တိုက်ရိုက်ယှဉ်ပြိုင်ဖို့အတွက် ထွက်ရှိလာခဲ့တာဖြစ်တယ်လို့ သတင်းတွေက ရေးနေကြတာပါ။ Samsung အနေနဲ့လည်း လတ်တလောထွက်ထားတဲ့ ဖုန်းတွေကို Nougat ဗားရှင်းကို အဆင့်မြှင့်တင်ဖို့အတွက် နှစ်လသုံးလ အတွင်း ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုထားခဲ့ပါတယ်။ LG V20 စမတ်ဖုန်းကို လာမယ့် စက်တင်ဘာလ ၂၃ရက်နေ့မှာ ထုတ်လုပ်ရောင်းချမှာဖြစ်ပြီး Pre Orders တွေကို စက်တင်ဘာလ ၁၄ရက်နေ့မှာ လက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com