8/27/2016

♪ Huawei ရဲ့နောက်ဆုံးထွက် စမတ်ဖုန်းသစ် Honor 8 ကို လေ့လာသုံးသပ် ကြည့်ခြင်း (Review) ♫


အားလုံး သိတဲ့အတိုင်းပဲ Huawei ဟာအဓိက စမတ်ဖုန်း Honor 8 ကို အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ အပတ်က ထုတ်လုပ်သွားခဲ့ပါတယ်။ Huawei အနေနဲ့ Flagship ဖုန်းဖြစ်တဲ့ Huawei P9 ကိုသာမက ဒီ Honor 8 အပေါ်လည်း အာရုံစူးစိုက်မှုနဲ့ လုပ်ဆောင်နေတယ်ဆိုတာကို Honor 8 ကိုကြော်ငြာသွားတဲ့ ကြော်ငြာတွေကို ကြည့်ရင် သိနိုင်ပါတယ်။

Honor 8 အတွက် နာမည်ကျော်ဆယ်ကျော်သက်တစ်ဦးဖြစ်တဲ့ ဘရွတ်ကလင်းဘက်ခမ်းနဲ့တောင် ကြော်ငြာတွေရိုက်ကူးခဲ့တာပါ။ ဒါကြောင့် Honor 8 အတွက် Huawei ရဲ့ အာရုံစူးစိုက်မှုနဲ့ ညီအောင် ဘယ်လိုလုပ်ဆောင်ချက်တွေ ပါဝင်ထည့်သွင်း ထုတ်လုပ်ထားသလဲဆိုတာ သုံးသပ်ကြည့်မှာဖြစ်ပါတယ်။

Honor 8 ကို ပြီးခဲ့တဲ့ ၁၇ရက်နေ့တုန်းက နိုင်ငံတကာမှာ Pre Order တွေကို စတင်လက်ခံနေတာ ဖြစ်ပေမယ့် မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် ရက်စွဲအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။ Amazon.com မှာတော့ ဒေါ်လာ ၄၀၀နဲ့ရောင်းချနေပါတယ်။

Honor 8 ဟာ မျက်နှာပြင်အကျယ် ၅.၂လက်မရှိတဲ့ Full HD, 1080p မျက်နှာပြင်ကို သုံးစွဲထားပြီး 3000mAh ဘက်ထရီကိုတပ်ဆင်ထားပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ Honor 7 ထက် ပါးပါးလေး သေးသွားပါတယ်။ Kirin 950 Processor ကိုအသုံးပြုထားပြီး 4GB RAM နဲ့ 32GB ကနေ 64GB ထိရှိမယ့် Internal Storage တို့ ပါဝင်ပါတယ်။ နောက်ထပ် 128GB အထိ ထပ်စိုက်နိုင်မယ့် MicroSD ကတ်ပေါက်လဲ ပါဝင်ပါတယ်။

ဒီဇိုင်း

honor-8-design1

အပြင်ပိုင်းဒီဇိုင်းအရ ကြည့်မယ်ဆိုရင်တော့ Honor 8 ဟာ လက်ထဲမှာ ကိုင်လို့ကောင်းမယ့် ပုံစံမျိုးပါပဲ။ ချောမွေ့ပြီး လုံးဝန်းတဲ့ အနားသတ်တွေနဲ့ စီးစီးပိုင်ပိုင်ကိုင်လို့ ရမယ့်အနေအထားပဲ ဖြစ်ပါတယ်။ အထူကတော့ ၇.၅မီလီမီတာသာရှိပါတယ်။ အရောင်အနေနဲ့ဆိုလဲ အဖြူ၊ နီလာပြာရောင်နဲ့ အနက်ရောင်ဆိုပြီး ရှိမှာဖြစ်ပါတယ်။

ကျောဘက်ကို ဖန်သားအလွှာ၁၅လွှာနဲ့ပြုလုပ်ထားတယ်လို့ Huawei ကဆိုပါတယ်။ ဒီလိုဖန်သားနဲ့ လုပ်ထားတာကြောင့် အလူမီနီယံနဲ့လို ချောပြီး လွတ်ကျမှာတို့ကနေလည်း အနည်းနဲ့အများတော့ သက်သာသွားမှာပါ။

Fingerprint က အဖြူပေါ်မှာ သိပ်မထင်ရှားတာကို တွေ့ရပါတယ်။ အနက်နဲ့ အပြာမှာတော့ သိသာစွာမြင်နိုင်ပါတယ်။ စပီကာနဲ့ မိုက်ကရိုဖုန်းပေါက်တွေကိုတော့ တခြား Huawei ဖုန်းတွေလိုပဲ အောက်ဖက်မှာ ထည့်သွင်းပေးထားပါတယ်။

Performance

Huawei ရဲ့ Mate 8 လိုမျိုးပဲ Honor 8 ဟာ HiSilicon Kirin 950 (4x Cortex A72 2.3GHz နဲ့ 4x Cortex A53 1.8GHz Processor) ကိုအသုံးပြုထားပါတယ်။ RAM ကတော့ 4GB ပါ။ Android 6.0 Marshmallow ကို Huawei ရဲ့ UI ဖြစ်တဲ့ EMUI နဲ့ အုပ်ထားတာဖြစ်ပါတယ်။ အသုံးပြုရတာ ရိုးရှင်းလွယ်ကူပါတယ်။

မျက်နှာပြင်မှာ App ရဲ့ အစ စကားလုံးတွေကို ရေးလိုက်တာနဲ့ App ကိုဖွင့်လို့ရတဲ့ လုပ်ဆောင်ချက်လဲ ပါဝင်လာပါတယ်။ ဥပမာ- ကင်မရာရဲ့ အစ စကားလုံး C ကိုမျက်နှာပြင်မှာ ရေးလိုက်တာနဲ့ ကင်မရာပွင့်သွားမှာပါ။

Performance ပိုင်းမှာဆိုရင်တော့ Honor 8 ဟာ သင်နေ့စဉ်လုပ်ဆောင်နေတဲ့ တာဝန်တွေကို အဆင်ပြေပြေချောချောမွေ့မွေ့လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဆိုက်အရမ်းမကြီးတဲ့ App တွေဆိုရင် ပြဿနာမရှိနိုင်ပေမယ့် ဂရပ်ဖစ်တစ်အားများတဲ့ App တွေအတွက်ဆိုရင်တော့ အခက်အခဲရှိနိုင်ပါတယ်။

မျက်နှာပြင်နှင့်ဘက်ထရီသက်တမ်း

honor-8-screen1

မျက်နှာပြင်အနေနဲ့ Honor 8 ဟာ မျက်နှာပြင်အကျယ် ၅.၂လက်မရှိတဲ့ Full HD, 1080p မျက်နှာပြင် ပါဝင်တာဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းကတော့ စမ်းသပ်ချက်တွေအရ သာမန်အသုံးပြုတာ၊ ပေါ့ပါးတဲ့ ဂိမ်းဆော့တာလောက်ဆိုရင် အားအပြည့်နဲ့ ၁၃နာရီလောက်အသုံးခံပါတယ်။ တစ်ရက်လုံးအတွက် ၁၅ နာရီ ၁၆နာရီလောက်အထိ အသုံးခံတဲ့အတွက် ဘက်ထရီကတော့ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

အဲ့ဒီအပြင် Huawei ဟာ Fast Charge လို့ခေါ်တဲ့ အားအမြန်သွင်းစနစ်ကိုလည်း ထည့်သွင်းထားပြီး USB Type C အပေါက်ကနေတစ်ဆင့် ဘက်ထရီအားသက်တမ်းနည်းနေတဲ့အချိန်ကနေ သွင်းရင်တောင် သာမန်ဖုန်းတွေထက် နှစ်ဆ ပိုအပြည့်မြန်တယ်လို့ သိရပါတယ်။

honor-8-battery-performence

ကင်မရာ

honor-8-camera

ကင်မရာပိုင်းမှာဆိုရင်လည်း Honor 8 ဟာ P9 တုန်းကလိုမျိုး 12 MP ရှိတဲ့ ကင်မရာ နှစ်လုံးတွဲ ပုံစံကို ထပ်မံထည့်သွင်းလာခဲ့ပါတယ်။ ကင်မရာပိုင်မှာ Wide Aperture လို့ခေါ်တဲ့ Setting ကိုထည့်သွင်းထားပြီး Focal Point နဲ့ နောက်ခံဘက်ဂရောင်း (Blurred Background) တို့ကို ဓာတ်ပုံရိုက်ပြီးတဲ့အခါမှာ ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။

honor-8-camera2

Huawei အနေနဲ့ ဓာတ်ပုံတွေကို Snapshot အနေနဲ့ အမြန်ရိုက်နိုင်အောင် Shortcuts တွေလည်း ထည့်သွင်းပေးထားပါသေးတယ်။ သင့်အနေနဲ့ Fingerprint sensor နဲ့ ဓာတ်ပုံရိုက်နိုင်တဲ့အပြင် “Cheese” လို့ပြောပြီးလည်း ရိုက်နိုင်ပါတယ်။ ဖုန်းပိတ်သွားတဲ့အချိန်ကျရင် သင့်အနေနဲ့ ကင်မရာကို ချက်ချင်းဖွင့်ပြီး ဓာတ်ပုံရိုက်ဖို့အတွက် အသံခလုတ်ကို နှစ်ခါသုံးခါ နှိပ်လိုက်တာနဲ့ ရိုက်နိုင်ပါတယ်။

honor-8-camera1

ဆုံးဖြတ်ချက်

အလယ်အလတ်စမတ်ဖုန်းတစ်မျိုးလို့ပြောလို့ရတဲ့ Honor 8 ဟာ တန်ဖိုးနဲ့ သင့်လျှော်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တာတွေ့ရပါတယ်။ ဘက်ထရီသက်တမ်း၊ Performance စတာတွေကတော့ ကောင်းတဲ့အထဲ ပါဝင်ပြီး Resolution အနေနဲ့ဆိုရင်လည်း အတော်အဆင်ပြေနိုင်ပါတယ်။

ဒါပေမယ့်တစ်ခုပြောချင်တာကတော့ ဒီစွမ်းဆောင်ရည်အတိုင်းဆိုရင် အနည်းဆုံး ဒေါ်လာ ၄၀၀ (ကျပ် ၅သိန်းနီးပါး) ကနေစတဲ့ဈေးနဲ့ တန်မတန်ဆိုတာတော့ နည်းနည်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဥပမာ ကျပ်သုံးသိန်းကျော်လောက်နဲ့ ဒီလိုစွမ်းဆောင်ရည် တွေရှိနေတဲ့ Mi 5 တို့၊ Asus Zen Max, Oppo F1S တို့လို ဖုန်းတွေလည်း ရရှိနိုင်တာကြောင့်ဖြစ်ပါတယ်။ သင့်ရဲ့ထင်မြင်ယူဆချက်တွေကို Comment လုပ်သွားနိုင်ပြီး သူငယ်ချင်းတွေသိအောင်လည်း Share လုပ်သွားနိုင်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com