8/06/2016

♪ “Gionee က ဘက်ထရီအသုံးခံတဲ့ M6 နဲ့ M6 Plus တို့ကိုမိတ်ဆက်” ♫


Gionee က သတ္တုကိုယ်ထည် တပ်ဆင်ထားတဲ့ စမတ်ဖုန်းအသစ် ၂ လုံး ကိုမိတ်ဆက်လိုက်ပါတယ်။ အရွယ်ကြီးစမတ်ဖုန်းများဖြစ်ကြပြီးအမည်မှာ Gionee M6 နဲ့ Gionee M6 Plus တို့ ဖြစ်ပါတယ်။ Gionee M6 ကတော့ Plus ထက် အရွယ်သေးငယ်ပြီး ၅.၅ လက်မ AMOLED Display တပ်ဆင်ထားပါ တယ်။

5000mAh Battery က ဘက်ထရီအသုံးခံပါတယ်။ 4GB RAM ထည့်သွင်းထားပြီး 32GB , 64GB or 128GB Storage များရွေးချယ်နိုင်ပါ တယ်။Octa-Core 1.8GHz Processor, 13MP Main Camera , Dual-LED Flash , Fingerprint Reader များတပ်ဆင်ထားပါတယ်။ Gionee M6 Plus မှာ ၆ လက်မ AMOLED Full HD Display တပ်ဆင်ထားပါတယ်။

အလွန် အသုံးခံ တဲ့ 6020mAh Battery တပ်ဆင်ထားပါတယ်။ စမတ်ဖုန်း ၂ လုံးစလုံးမှာ အခြားစမတ်ဖုန်းများကိုအားပြန်သွင်းပေးနိုင်တဲ့ Reverse Charging နည်းပညာ ပါပါတယ်။ M6 Plus မှာအနည်းငယ် ပိုမိုလျင်မြန်တဲ့ Chipset ပါပြီး Octa-Core 2GHz Processor ဖြစ်ပါတယ်။ 4GB RAM, 64GB Internal Storage တပ်ဆင်ထားပါတယ်။

ထူးခြားတာက Security Chip သီးခြားပါရှိပြီး သင့်ဒေတာများကိုအလွှာ ၁၀ ထပ်ဖြင့် ကာကွယ်ပေး ထားပါတယ်။ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာကိုလည်းလုံခြုံရေးအတွက် သုံးနိုင်ပါတယ်။ ဈေးနှုန်း နဲ့ ရောင်းချမယ့် နေ့ကိုမသိရသေးပါဘူး။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com