ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင် အသင်းမှကြီးမှူး၍ IT နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် WordPress Professionals Course သင်တန်းကို  ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ သင်တန်းကို Computer Knowlegde အနည်းငယ်ရှိသူများ၊ HTML, CSS, PHP တက်ရောက်ပြီးသူများ၊ Web Foundation တက်ရောက်ပြီးသူများနှင့် Website ရေးသားခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသူများ အထူးတက်ရောက်နိုင်ပါသည်။

သင်တန်းကာလအတွင်း Website တစ်ခုရေးသားခြင်းမှ စတင်ပြီး Domain ဝယ်ယူခြင်း၊ Hosting တင်ခြင်း တို့ပါမကျန် Theory ပိုင်းနှင့် လက်တွေ့ပိုင်းဆိုင်ရာများကိုလည်း စုံလင်စွာသင်ကြားပေးမည်ဖြစ်သည်။ Website တစ်ခုစတင်ရေးသားခြင်းကို အခြေခံပြီး သင်ကြားပေမည်ဖြစ်သည်။

ကျောင်းသားတစ်ဦးခြင်းအနေဖြင့်လည်း သင်တန်းကာလအတွင်း Website Project တစ်ခုကို ရေးသားရမည် ဖြစ်ပြီး Project တင်ပြနိုင်မှသာလျှင် Certificate အား ထုတ်ပေးမည်ဖြစ်ပါသည်။ သင်တန်းပြီးဆုံးပါက ကိုယ်ပိုင် Website များရေးသားနိုင်ခြင်း၊ CMS Developer အဖြစ် လုပ်ကိုင်နိုင်ခြင်းနှင့် ကိုယ်ပိုင် Website များအား ရေးသားရောင်းချနိုင်မည်ဖြစ်ပါသည်။

ပါဝင်မည့် အကြောင်းအရာများ
  • Install WordPress and find a web host
  • Navigate WordPress
  • Create content
  • Set up a blog
  • Customize the appearance and install themes
  • Install plugins, configure a contact form plugin, and a photo gallery plugin
  • Maintain, backup, and secure your website
  • Overview of theme: Theme frameworks, child themes, and vertical themes
  • Advanced theming: Anatomy of a child theme
  • Functions.php: Media sizes and some useful snippets of PHP code
  • E-commerce in-depth: Eshop and WooCommerce
  • Event Management: Events, calendars and tickets
  • Advanced content plugins: Types and views
  • Domain Registering and Buying
  • Hosting Management (C panel management)
  • Web mail account creating and managing
သင်တန်းကာလ                –           ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့မှ စက်တင်ဘာ (၃) ရက်အထိ (ပိတ်ရက်မရှိ)
သင်တန်းအချိန်                –           ညနေ ၀၅း၃၀ နာရီ မှ ၇း၃၀ နာရီအထိ
သင်တန်းကြေး                 –           ၁၀၀,၀၀၀ိ/ (တစ်သိန်းကျပ်)
MCPA Member (50%)     –           ၅၀,၀၀၀ (ငါးသောင်းကျပ်)
သင်တန်းသားဦးရေ           –           (၁၅) ဦး
သင်တန်းနေရာ                 –           အဆောင် (၉)၊  မြေညီထပ်၊ MCPA LAB ROOM, MICT Park၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့ နေ့လည် (၂) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။

(မှတ်ချက်။   အတန်းတက်ချိန် ၇၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ။)