8/23/2016

♪ သင့် ချစ်သူရဲ့ နှလုံးခုန်သံကို ပြောပြမယ့် လက်စွပ် ♫

၁

Touch HB Ring အမည်ရတဲ့ လက်ထပ်လက်စွပ်ဟာ သင့် ကြင်ဖော်ရဲ့ နှလုံးခုန်သံကို အချိန်နဲ့ တစ်ပြေးညီ ခံစားသိရှိစေမှာ ဖြစ်ပါတယ်။ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ ကုမ္ပဏီ Touch က ကြင်ဖော်နဲ့ အချိန်ပြည့် အမြဲ အတူတူရှိနေသလို ခံစားရမယ့် နည်းပညာမြင့် လက်စွပ်ကို တီထွင် မိတ်ဆက်လိုက်ပါတယ်။

ချစ်သူ၊ ဇနီးမောင်နှံ ၂ ယောက်စလုံးမှာ လက်စွပ် ၀တ်ဆင်ထားရမှာ ဖြစ်ပြီး သူတို့ရဲ့ စမတ်ဖုန်းများမှာ App ကိုထည့်သွင်းထားရမှာပါ။ ထို့နောက် App နဲ့ လက်စွပ်ကို ချိတ်ဆက်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် လက်စွပ်ကို ထိလိုက်တိုင်း သင့် ကြင်ဖော်ရဲ့ နှလုံးခုန်သံကို ခံစားရမှာ ဖြစ်ပါတယ်။ လက်စွပ်ဟာ ခြစ်ရာများနဲ့ ရေစိုတာကို ခံနိုင်ပါတယ်။

လက်စွပ်မှာ Battery , LED , Charging Connector , Motherboard, Sensors များ အပါအ၀င် အစိတ်အပိုင်းပေါင်း ၁၀၀ ကျော်ဖြင့် ပြုလုပ်ထားပါတယ်။ နှင်းဆီရွှေရောင် မော်ဒယ်ကို ဒေါ်လာ ၃၀၀၀ နဲ့ Stainless Steel Model ကို ဒေါ်လာ ၆၀၀ သတ်မှတ်ထားပါတယ်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com