8/23/2016

♪ စင်ကာပူ ကုမ္ပဏီ တစ်ခုက Pokemon Go ကစားသူကို ငွေပေးမည် ♫

၂

Funzing အမည်ရ စင်ကာပူ ကုမ္ပဏီတစ်ခုက သူ့ရဲ့ Facebook Page မှာ အလုပ်ကြော်ညာ တစ်ခု ရေးသားထားပါတယ်။ သူ အလုပ်ခေါ်တဲ့ လူကတော့ Pokemon ဖမ်းတဲ့ လူတစ်ယောက်ပါ။ ကုမ္ပဏီက ကမ္ဘာ့ပထဆုံး ပိုကီမွန် အလုပ်အကိုင်လို့ ပြောပါတယ်။

သူ့ရဲ့ အလုပ်ကို လျှောက်ထားကြသူ အရေအတွက်ဟာ အလွန်များပြားတဲ့ အတွက် လူတွေ့ အရည်အချင်းစစ် အင်တာဗျူးကိုတောင် ပြုလုပ်ခဲ့ရပါတယ်။ ကုမ္ပဏီက ပိုကီမွန် ကစားတဲ့လူကို ဘာ့ကြောင့် လစာပေးပြီး အလုပ်ခေါ်သလဲဆိုတာကို မသိရသေးပါဘူး။ ကမ္ဘာမှာလည်း ပိုကီမွန် ကစားချင်လို့ အလုပ်ထွက်တဲ့ လူတွေပေါ်လာနေပါပြီ။ ပြီးခဲ့တဲ့လက နယူးဇီလန်မှ အရက်စပ်သူတစ်ယောက်က ပိုကီမွန် အချိန်ပြည့်ကစားဖို့ အလုပ်ထွက်ခဲ့ပါတယ်။

ကျောင်းဆရာမတစ်ယောက်ကလည်း ဒီလိုပဲ အလုပ်ထွက်ခဲ့ပါတယ်။ eBay နဲ့ အွန်လိုင်းမှာ ပိုကီမွန် အကောင်များစွာ ဖမ်းမိထားတဲ့ အကောင့်များကို ဒေါ်လာ ထောင်ဂဏန်းဖြင့် အရောင်းအ၀ယ်ဖြစ်နေပါ တယ်။ ဒါပေမယ့် ဒီလို ရောင်းဝယ်ခြင်းဟာ Niantic ရဲ့ စည်းမျဉ်းနဲ့ မကိုက်ညီဘဲ Ban ခံရနိုင်ပါတယ်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com