8/06/2016

♪ ၂၀၁၆နှစ်ဝက်ရဲ့ ရောင်းအားအကောင်းဆုံးဖုန်းတွေထဲမှာ Samsung Galaxy S7 Edge ထိပ်ဆုံးမှရပ်တည် ♫


Samsung Galaxy S7 Edge စမတ်ဖုန်းဟာ စံချိန်တွေတစ်ခုပြီး တစ်ခုချိုးနေတဲ့အထဲက ယခုအခါမှာ ၂၀၁၆ခုနှစ် နှစ်ဝက်အတွင်းမှာ ရောင်းအားအကောင်းဆုံးစမတ်ဖုန်းအဖြစ်နဲ့ ထိပ်ဆုံးက ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။ Note 7 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီးတော့ စံချိန်တွေ ထပ်ချိုးဖို့ ပြင်ဆင်နေတဲ့ Samsung ဟာ ဒီနှစ်ဝက်မှာ S7 အလုံးရေ ၁၃.၃သန်း ယူနစ်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

ဒီလိုရောင်းအားကောင်းခဲ့တာစာ မျက်နှာပြင်နှစ်ဘက်ကွေးတဲ့ ဒီဇိုင်းအပြင် Samsung ရဲ့ နောက်ဆုံး ပါဝင်လာတဲ့နည်းပညာတွေဖြစ်တဲ့ Ever On Display, ရေစိမ်ခံနိုင်စွမ်း၊ ကင်မရာတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

ဒီလိုရောင်းအားကောင်းရတာဟာ Samsung ရဲ့ Promotion တွေကောင်းတာကြောင့်လည်း ဖြစ်တယ်လို့ ဆိုခဲ့ကြပြီး တစ်ခုဝယ် တစ်ခုFree ဆိုတဲ့ Promotion ဟာ အမေရိကန်ပြည်ထောင်စုမှာ မရှိခဲ့ဖူးတာကြောင့် အခုလိုရောင်းအားတွေ ထိုးတက်သွားတာဖြစ်တယ်လို့လဲ ဆိုကြပါတယ်။ ပရိုမိုးရှင်းအစီအစဉ်မှာ ပေးခဲ့တဲ့လက်ဆောင်တွေထဲမှာ Gear VR headset တွေလို၊ Netflix တစ်နှစ်အခမဲ့ကြည့်ခွင့်တွေလို လက်ဆောင်တွေ ပါဝင်ခဲ့တာပါ။

အဲ့ဒီအပြင် ရောင်းအားအကောင်းဆုံး စမတ်ဖုန်းတွေထဲက ထိပ်ဆုံးသုံးမျိုးဟာ Samsung တွေ ချည်းပဲ ဖြစ်တယ်လို့ သိရပါတယ်။ နံပါတ်နှစ်နေရာမှာ Samsung Galaxy J2 (2016) က ရပ်တည်ခဲ့ပြီး ယူနစ် ၁၃သန်းလောက်ရောင်းချခဲ့ရကာ ၃နေရာမှာတော့ Samsung ရဲ့ ရိုးရိုး Galaxy S7 ဖုန်းက ရောင်းအား ၁၁.၈သန်းနဲ့ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။

Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com