8/12/2016

♪ ကမ္ဘာ့ storage အများဆုံး 60TB SSD ကို Seagate မိတ်ဆက်ပြသ ♫


Seagate က မိတ်ဆက်ပြသလိုက်တဲ့ 60TB SSD အသစ်ဟာ Samsung ရဲ့ SSD ကို ကျော်ဖြတ်ပြီး၊ လက်ရှိမှာ ကမ္ဘာ့ storage အများဆုံး SSD အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ Seagate SSD ဟာ အိမ်သုံး၊ရုံးသုံးအတွက်မဟုတ်ဘဲ ကာလရှည်ဒေတာသိမ်းဆည်းမှုအတွက် drive ကောင်းကောင်းလိုအပ်တဲ့ ဒေတာစင်တာတွေအတွက် ဖြစ် တယ်လို့ သိရပါတယ်။

Seagate 60TB SSD မှာ DVD ဇာတ်ကားပေါင်း ၁၂၀၀၀ (ဒါမှမဟုတ်) ဓာတ်ပုံပေါင်း သန်း ၄၀၀ အထိ သိမ်းဆည်းထားနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

အသေးစိတ်အချက်အလက်တစ်ချို့ကတော့ Seagate 60TB SSD မှာ sequential read speed (ဖိုင်ဆိုက်ကြီးကြီးဖိုင်တွေကို ဖတ်ရာမှာ တွေ့ရလေ့ရှိတဲ့ disk access pattern) က 1500MB အထိရှိပြီး၊ sequential write speed ကတော့ တစ်စက္ကန့်ကို 1000MB အထိရှိပါတယ်။ မာလ်တီမီဒီယာဖိုင်အကြီးကြီးတွေအတွက် အသုံးပြုရတဲ့ Drive အတွက်တော့ အကောင်းဆုံးမြန်နှုန်းပါပဲ။ ဒီ့အပြင် ဒရိုက်ဗ်ရဲ့ အများဆုံးပါဝါသုံးစွဲမှုကလည်း ၁၅ ဝပ်သာရှိတာကြောင့် ဒေတာစင်တာမျိုးအတွက် အကိုက်ပဲဖြစ်ပါတယ်။

ဈေးနှုန်းမှာတော့ ယခုလအစောပိုင်းတုန်းက ဈေးကွက်ဝင်လာခဲ့တဲ့ Samsung 15TB SSD ကတောင် ဒေါ်လာ တစ်သောင်းအထိ ရှိတာကြောင့် Seagate ရဲ့ 60TB SSD ရဲ့ ဈေးကတော့ ဒေတာစင်တာကြီးတွေပဲ တတ်နိုင်မယ့်ဈေးမျိုးဖြစ်ပါတယ်။ လက်ရှိမှာတော့ မိတ်ဆက်ပြသတဲ့အဆင့်မှာပဲ ရှိသေးပြီး၊ ၂၀၁၇ ခုနှစ်မှာမှ တရားဝင်တင်ပို့ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com