8/12/2016

♪ ‘Save Draft’ ဆိုတဲ့ လုပ်ဆောင်ချက်ကို Instagram ယူဆောင်လာတော့မည် ♫


တကယ်လို့ သင်ဟာ Instagram အသုံးပြုသူတစ်ယောက်ဆိုရင် မကြာခင်မှာ ကောင်းမွန်တဲ့ Post တစ်ခုကို ရရှိဖို့အတွက် ပိုမိုလုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ တကယ်လို့ သင့်အနေနဲ့ App ထဲကနေ Screen ကိုပြန်ထွက်လိုက်တဲ့အခါမှာ သင်ပြုပြင်လက်စ သင့်ဓာတ်ပုံတွေဆုံးရှုံးသွားမှာကို ထပ်မံကြုံတွေ့ရတော့မှာမဟုတ်ပါဘူး။


Instagram အနေနဲ့ သူတို့ App အတွက် လုပ်ဆောင်ချက်အသစ်တစ်ခုဖြစ်တဲ့ “Save Draft” လုပ်ဆောင်ချက်ကို မိတ်ဆက်လိုက်လို့ပဲ ဖြစ်ပါတယ်။

“Save Draft” လုပ်ဆောင်ချက်ကို လက်ရှိအချိန်မှာတော့ Instagram အသုံးပြုသူ အနည်းငယ်မှာသာ ရရှိနိုင်ဦးမှာ ဖြစ်ပေမယ့် ဒီလကုန်ပိုင်းမတိုင်မီလောကှ်ာ အားလုံးကို အသုံးပြုနိုင်အောင် ပြုလုပ်သွား မှာဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ Save Draft ဟာ လက်ရှိမှာ စမ်းသပ်ဆဲအဆင့်သာရှိသေးကြောင်း ဒါပေမယ့် နောက်ပိုင်းမှာဆိုရင် သင်အကြောင်းတစ်ခုခုရှိလို့ အပြင်ပြန်ထွက်လိုက်ရင် သင့်ပုံတွေဆုံးရှုံးတော့မှာမဟုတ်ကြောင်း TechCrunch ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ Instagram အနေနဲ့ Drafts အတွက် စမ်းသပ်ချက်တွေကို ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com