အင်တာနက်ကွန်နက်ရှင်မြန်နှုန်းဘယ်လောက်ရှိတယ်ဆိုတာ တိုင်းတာတဲ့
ဝက်ဘ်ဆိုက်တစ်ခုကို Netflix ကလွှင့်တင်ခဲ့ပြီးတဲ့နောက်မှာ ယခုအခါ အဲ့ဒီအတွက်
App တစ်ခုကို ထုတ်လုပ်လိုက်တယ်လို့ သိရပါတယ်။
သူတို့ရဲ့ ဝန်ဆောင်မှုကို ချဲ့ထွင်တဲ့အနေနဲ့ Netflix ဟာ iOS မှာရော Android မှာပါရရှိနိုင်မယ့် ဒီဇိုင်းတူ App တစ်ခုကို ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်လိုက်တာပါ။ ဝက်ဘ်ဆိုက်လိုပဲ App ဟာ အသုံးပြုရတာ အလွန်ရိုးရှင်းလွယ်ကူပြီး သင့်ရဲ့ အင်တာနက်ကွန်နက်ရှင် မြန်နှုန်းကို သင် App ဖွင့်လိုက်တာနဲ့ ချက်ချင်းဆိုသလို တွက်ချက်ပေးနိုင်မှာ ဖြစ်ပါတယ်။
App ကိုထုတ်လုပ်လိုက်တဲ့အခါမှာ ထပ်တိုးအနေနဲ့ Netflix ဟာ သူတို့ရဲ့ Blog မှာ Post တင်နိုင်တဲ့ လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းလိုက်ပါတယ်။ “ကျွန်တော်တို့အနေနဲ့ fast.com ကို ပိုမိုပြည့်စုံလာအောင် ဆက်လက်ထိန်းသိမ်းသွားမှာပါ။ အသုံးပြုသူတွေအနေနဲ့ ရိုးရိုးရှင်းရှင်းနဲ့ အလွယ်တကူပဲသတင်းအချက်အလက်တွေ ရရှိစေဖို့အတွက်က ကျွန်တော်တို့ရဲ့ အန္တိမရည်မှန်းချက်ဖြစ်ပါတယ်။” လို့ Netflix အဖွဲ့ရဲ့ အဖွဲ့ဝင် Sergey Fedorov ကဆိုခဲ့ပါတယ်။
App ကို Android စနစ်များတွင် ဒေါင်းလုဒ်လုပ်ရန်
App ကို iOS စနစ်များတွင် ဒေါင်းလုဒ်လုပ်ရန်
Ref: Mashable

ဒီလိုတွက်ချက်နိုင်ဖို့အတွက်
App ရဲ့ Netflix ဆာဗာဟာ ဒေါင်းလုဒ်လုပ်နေတဲ့ အရာတွေကို နောက်ကွယ်ကနေ
ခေတ္တဆိုင်းငံ့ထားမှာပါ။ တကယ်လို့ ဘေးနားမှာရှိတဲ့ Refresh
ခလုတ်ကိုနှိပ်လိုက်ရင်လဲ App ဟာ ကွန်နက်ရှင်ရဲ့ မြန်နှုန်းဘယ်လောက်
ပြောင်းလဲသွားတယ်ဆိုတာကို ပြန်လည် တွက်ချက်ပေးမှာဖြစ်ပါတယ်။
App ကိုထုတ်လုပ်လိုက်တဲ့အခါမှာ ထပ်တိုးအနေနဲ့ Netflix ဟာ သူတို့ရဲ့ Blog မှာ Post တင်နိုင်တဲ့ လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းလိုက်ပါတယ်။ “ကျွန်တော်တို့အနေနဲ့ fast.com ကို ပိုမိုပြည့်စုံလာအောင် ဆက်လက်ထိန်းသိမ်းသွားမှာပါ။ အသုံးပြုသူတွေအနေနဲ့ ရိုးရိုးရှင်းရှင်းနဲ့ အလွယ်တကူပဲသတင်းအချက်အလက်တွေ ရရှိစေဖို့အတွက်က ကျွန်တော်တို့ရဲ့ အန္တိမရည်မှန်းချက်ဖြစ်ပါတယ်။” လို့ Netflix အဖွဲ့ရဲ့ အဖွဲ့ဝင် Sergey Fedorov ကဆိုခဲ့ပါတယ်။
App ကို Android စနစ်များတွင် ဒေါင်းလုဒ်လုပ်ရန်
App ကို iOS စနစ်များတွင် ဒေါင်းလုဒ်လုပ်ရန်
Ref: Mashable
www.pyaephyo.com