8/12/2016

♪ Messenger ကနေ အမေရိကန်သမ္မတအိုဘားမားထံ မက်ဆေ့ပို့နိုင်ပြီ ♫


ယနေ့ကစပြီးတော့ Messenger အသုံးပြုသူမည်သူမဆို အမေရိကန်သမ္မတအိုဘားမားဆီကို မက်ဆေ့ တရားဝင်ပေးပို့နိုင်ပြီဖြစ်ပါတယ်။ အိမ်ဖြူတော်ဟာ The White House ဆိုတဲ့ Facebook Messenger ချယ်နယ်တစ်ခုကို ဗုဒ္ဓဟူးနေ့က စဖွင့်ခဲ့ပြီး၊ အဆိုပါချယ်နယ်ကနေ အမေရိကန်သမ္မတအိုဘားမား ဆီကို ပေးစာပေးပို့နိုင်မှာဖြစ်ကာ၊ ပေးပို့လာတဲ့စာတွေထဲက ၁၀ စောင်ကို သမ္မတအိုဘားမားကိုယ်တိုင် ဖတ်ရှုသွားမှာဖြစ်ပါတယ်။

တကယ်တမ်းတော့ သမ္မတဆီပေးစာပေးပို့တာဟာ အခုမှစရှိတာမျိုးမဟုတ်ဘဲ၊ အမေရိကန်သမ္မတဟောင်း သောမတ်စ်ဂျက်ဖာဆန် လက်ထက်ကတည်းကပါ။
အိမ်ဖြူတော်ရဲ့အဆိုအရ သမ္မတအိုဘားမားဟာ သူ့ဆီပေးပို့လာတဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ပေးစာပေါင်းမြောက်များစွာထဲက ၁၀ စောင်ကို နေ့စဉ်ဖတ်ရှုလေ့ရှိတယ်လို့ သိရပါတယ်။ အခုအခါမှာတော့ စာအိတ်နဲ့လာတဲ့ပေးစာတွေအပြင် ဒီဂျစ်တယ်ပေးစာတွေကိုပါ သမ္မတအိုဘားမားအနေနဲ့ ဖတ်ရှုသွားတော့မှာဖြစ်ပါတယ်။

သင်လည်း အမေရိကန်သမ္မတအိုဘားမားဆီ ပေးပို့ချင်တယ်ဆိုရင် ပထမဦးဆုံး The White House ကို Messenger ကနေ ရိုက်ရှာပေးရပါမယ်။ Chat box ထဲဝင်သွားပြီဆိုတာနဲ့ bot ကနေ နှုတ်ဆက်စကားဆိုကာ၊ သင်လုပ်ရမယ့်အဆင့်ဆင့်ကို လမ်းညွှန်ပြပေးသွားမှာဖြစ်ပါတယ်။

Video Player
သင့်မက်ဆေ့ကို သမ္မတအိုဘားမားမြင်မလားဆိုတာကတော့ ကျိန်းသေပေါက်မပြောနိုင်ပေမယ့်၊  ညတိုင်းသမ္မတဖတ်မယ့် မက်ဆေ့ ၁၀ စောင်ထဲမှာ သင့်မက်ဆေ့လည်း ပါဝင်ဖို့ ရာခိုင်နှုန်းအနည်းငယ်ရှိပါတယ်။

အိမ်ဖြူတော်ဟာ ၂၀၁၁ ခုနှစ်ကတည်းက We the People ဆိုတဲ့ ပထမဆုံးဒီဂျစ်တယ်လူထုအဆိုပြုလွှာပလက်ဖောင်းကို စတင် လွှင့်ခဲ့ပြီး၊ အမေရိကန်ပြည်သူတွေနဲ့ ဆက်သွယ်ဖို့အတွက် ဆိုရှယ်မီဒီယာတွေကို ကောင်းကောင်းအသုံးချလျက်ရှိပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com