8/06/2016

♪ သုံးနေရင်း browser တစ်ခုလုံး crash ဖြစ်သွားတာမျိုး လုံးဝမရှိတော့ဘူးဆိုတဲ့ Firefox update ♫


Firefox သုံးသူတွေ စိတ်အပျက်ရဆုံးတစ်ခုပြပါဆိုရင် ဘရောက်ဆာသုံးနေရင်း ကိုယ်ဖွင့်ထားတဲ့ tab တစ်ခုမှာ error ဖြစ်တာနဲ့တင်၊ ဘရောက်ဆာတစ်ခုလုံး ဟန်းသွားတာ၊ ပိတ်သွားတာမျိုးကို ပြရမှာပါ။ ဒါပေမယ့် တနေ့က အသစ်ထွက်လာတဲ့ Firefox ဗားရှင်း 48 မှာတော့ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းထားတယ်လို့ Mozilla က ဆိုပါတယ်။

Firefox 48 မှာ ‘e10s’ လို့ နာမည်ပေးထားတဲ့ ‘Multiprocess Windows’ ပါဝင်လာပြီး၊ task တစ်ခုချင်းစီကို သီးခြားခွဲပြီး ပရိုဆက်ဆင်းလုပ်သွားမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် tab တစ်ခု ဟန်းသွားတာနဲ့၊ ဘရောက်ဆာတစ်ခုလုံးဟန်းနေမှာ၊ ပြုတ်ကျသွားတာမျိုး ရှိမှမဟုတ်တော့ပါဘူး။ Chrome မှာတော့ ဒီနည်းလမ်းမျိုးသုံးထားတာ တော်တော်ကြာနေပြီဖြစ်ပြီး၊ Firefox ကတော့ အခုမှ စသုံးတာလို့ ဆိုရမှာပါ။

တကယ်တမ်းတော့ Firefox ဟာ ‘e10s’ လုပ်ဆောင်ချက်ကို ၂၀၁၅ခုနှစ်၊ သြဂတ်စ်လလောက်ကတည်းက ဘရောက်ဆာအစမ်းဗားရှင်း တွေမှာ စမ်းသပ်ကြည့်နေတာဖြစ်ပြီး၊ အခုမှထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။

Mozilla ရဲ့ ပြောကြားချက်အရ ‘e10s’ ကို လောလောဆည်မှာ တစ်ချို့ desktop တွေမှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ အကုန်လုံးသုံးနိုင်အောင်လုပ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
တကယ်လို့ ဒီ feature ကို သင့် browser မှာ ဖွင့်ပြီးပြီလား၊သုံးလို့ရလားဆိုတာသိချင်ရင် လိပ်စာရိုက်တဲ့ဘားမှာ ‘about:support’ ဆိုတာကို ရိုက်ထည့်ပြီး၊ enter ခေါက်လိုက်ပါ။ ထို့နောက် “Application Basics” ခေါင်းစဉ်ခွဲကို သွားပြီး၊ ‘Multiprocess Windows’ ဆိုတာကို ရှာကြည့်ပါ။ သူ့ဘေးက အကွက်မှာ “1/1 (Enabled by default) လို့ ရေးထားရင်၊ သင့်ဘရောက်ဆာမှာ ဒီလုပ်ဆောင်ချက် ဖွင့်ပြီးသားဖြစ်ပါတယ်။

multiprocesswindowsfirefox-100675129-large

Mozilla အနေနဲ့ e10s ကို မိတ်ဆက်လိုက်တာဟာ ပြိုင်ဘက် Chrome ကို ကောင်းကောင်းယှဉ်ပြိုင်နိုင်မယ့်အကွက်ဖြစ်ပြီး၊ tab တစ်ခုက crash ဖြစ်သွားရင်တောင်၊ တခြား tab တွေအကုန်ရပ်ပြီး၊ browser ကြီးတစ်ခုလုံး ဟန်းသွားတာမျိုးရှိမှာမဟုတ်တော့ပါဘူး။

Firefox 48 မှာ ‘e10s’ အပြင်၊ တခြားလုပ်ဆောင်ချက်အသစ်တွေနဲ့ စွမ်းရည်တိုးမြှင့်မှုတွေလည်း ပါဝင်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com