OPPO က တစ်မူထူးခြားသည့် Selfie ရိုက်ကူးမှုကို ဖန်တီးပေးမည့် OPPO F1s မိတ်ဆက်ပွဲကို သြဂုတ်လ ၁၆ ရက်နေ့တွင်ရန်ကုန်မြို့ရှိ NOVOTEL MAX HOTEL ၌ ခမ်းနား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး အခမ်းအနားသို့ အနုပညာရှင်များ၊ နယ်ပယ်အသီးသီးမှ အောင်မြင်ကျော်ကြားသူ များနှင့် မီဒီယာပုဂ္ဂိုလ်များတက်ရောက်ချီးမြှင့်ခဲ့ကြသည်။  အခမ်းအနားတွင် OPPO ၏ ထုတ်ကုန်သစ် F1s စမတ်ဖုန်းကို ယခင်ထက် ထူးခြား သော ဈေးနှုန်းဖြစ်သည့် ၂၆၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ ဈေးနှုန်းသင့်တင့်ပြီး ထူးခြားကောင်းမွန်သော အရည်အသွေးမြင့် ကင်မရာများပါရှိသည့် OPPO F1s စမတ်ဖုန်းများကို သြဂုတ်လ ၂၇ ရက်နေ့မှစတင်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး ဖုန်းများကို ဦးစွာဝယ်ယူနိုင်ရန်အတွက်  သြဂုတ်လ ၁၇ ရက် မှ သြဂုတ်လ ၂၅ ရက်နေ့အတွင်း ကြိုတင်မှာယူမှုများကို နီးစပ်ရာ OPPO အရောင်းဆိုင်များတွင် ကြိုတင်မှာယူစာရင်းပေးသွင်းသွားနိုင်ပြီဖြစ်သည်။ ထိုသို့ ကြိုတင်မှာယူစာရင်းပေးသွင်းသူများအတွက် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် OPPO မှအထူးမေတ္တာ လက်ဆောင်များ ထပ်ဆောင်းပေးအပ်သွားမည်ဖြစ်သည်။

ကြိုတင်စာရင်းပေးထား သောသူများသည် OPPO F1s စတင်ရောင်းချသည့် သြဂုတ်လ ၂၇ ရက်နေ့ တွင် ရန်ကုန်မြို့ လသာလမ်းရှိ OPPO Showroom နှင့် Myanmar Plaza နှင့် မန္တလေးမြို့ ရှိ Skywalk Shopping Mall အရောင်းဆိုင်များတွင် OPPO F1s ကိုဝယ်ယူအားပေးခြင်းဖြင့် OPPO ၏ Special Limited Edition Barcelona အမှတ်တံဆိပ် ကျောပိုးအိတ်နှင့် OPPO Official Selfie Stick Package အထူးလက်ဆောင်များကို ရရှိနိုင်မည်ဖြစ်သည်။

“ညီမကိုဆီကို ဟိုနေ့က Customer တစ်ဦးကတော့ စိတ်ဝင်စားတယ်ပေါ့နော်။ F1s ကို ကြော်ငြာနေကတည်းက ဈေးနှုန်းမသတ်မှတ်သေးတဲ့အတွက် သူရဲ့ Function တွေကိုပဲ လေ့လာနေရ တယ်။ Internet တွေကနေ စောင့်ကြည့်နေတာလို့ သူပြောတယ်။ Live လွှင့်နေတုန်းက ဈေးနှုန်းကို ၂သိန်းကျော်နဲ့ဆိုတော့ သူ အရမ်းပျော်သွားတယ်။ အရမ်းတန်တဲ့အတွက် သူလာပြီးတော့ Pre-order ပေးလို့ရပြီဆိုတဲ့ နေ့ရောက်တော့ သူဆိုင်ကို လာပေးတယ်။ အဲတော့ Customer တွေအနေနဲ့ကတော့ ဒါတွေ စိတ်ဝင်စားတယ်။ Model အသစ်၊ Design ပိုင်းလေးနဲ့ သူ့မှာပါတဲ့ Function တွေ စိတ်ဝင်စားတယ်။ ဈေးနှုန်းကလည်း မျှတတဲ့အတွက်ကြောင့် ကြိုက်ကြတယ်” ဟု Unique မှ Retail Sales and Operation Manager ဖြစ်သူ မဇာခြည်ဝင်းကပြောဆိုသွားခဲ့သည်။

သို့ရာတွင် ၀ယ်ယူသူများသတိပြုရမည့်အချက်မှာ  OPPO F1s နှင့်အတူ အထူးလက်ဆောင်အဖြစ်ရရှိမည့် Limited Edition Barcelona အမှတ်တံဆိပ်ကျောပိုးအိတ်သည် ကြိုတင်စာရင်းပေးသွင်းသူများအတွက်သာဖြစ်ပြီး သြဂုတ်လ ၂၇ ရက်နေ့တွင် ကိုယ်တိုင်လာရောက်ဝယ်ယူမှသာ ရရှိနိုင်မည်ဖြစ်သည်။ OPPO Official Selfie Stick Package လက်ဆောင်ကို ဦးစွာဝယ်ယူအားပေးသူများအား အရေအတွက်ကန့်သက်ချက်ဖြင့် ပေးအပ်သွား မည်ဖြစ်သည်။

“ညီမတို့ တစ်ဆိုင်လုံးအနေနဲ့ ခြုံငုံကြည့်မယ်ဆိုရင် တချို့ customer တွေက သုံးသိန်းဝန်းကျင်လောက်နဲ့ screen size ကြီးကြီးလိုချင်ကြတယ်။ ROM များတာ လိုချင်တယ်။ ဒီနောက်ပိုင်း game တွေဆိုလည်း အခုဆို Pokemon Go တို့ဘာတို့လည်းပေါ်လာတယ်။ screen size ကြီးတာလိုချင်တယ်။ fingerprint ပါတာ လိုချင်တယ်။ ပြီးတော့ internal memory များများလိုချင်တယ်။ 4G support ပေးတာကို သုံးသိန်းဝန်းကျင်လောက်နဲ့ customer တွေက လိုချင်ကြတယ်ဆိုတော့ အဲ့ဒီအချက်တွေက ဒီ OPPO F1s မှာ ပါတဲ့အတွက် customer တော်တော်များများက ကြိုက်မယ်လို့ ညီမယုံကြည်ချက်ရှိပါတယ်” ဟု RV Mobile မှ ဆိုင်တာဝန်ခံမခိုင်သဇင်စိုးက ရှင်းပြပြောဆိုသွားခဲ့သည်။

OPPO F1s ဖုန်းသည် မျက်နှာပြင် 5.5-inch အရွယ်အစားရှိပြီး ရုပ်ကြွခံစားချက်ရရှိစေမည့် 2.5D Arc Edge screen ဖြင့် ပေါင်းစပ်ပေးထားကာ မျက်နှာပြင်အကြမ်းခံစေရန်အတွက် Corning Gorilla Glass 4 ဖြင့်ဖုံးအုပ်ပေးထားသည်။ ထို့အပြင် အလင်းကဲ့သို့မြန်ဆန်ပြီး တစ်စက္ကန့်၏ ၅ပုံတစ်ပုံကျော်ဖြစ်သော ၀.၂၂ စက္ကန့်အတွင်း ဖုန်းကို unlock လုပ်ပေးနိုင်မည့် Fingerprint နည်းပညာသစ်ကို အသုံးပြုပေးထားပါသည်။

လှပသေသပ်သည့် သတ္ထုစပ်နောက်ကျောကိုယ်ထည်နှင့်အတူ ၁၀ဒီဂရီအချိုးရှိ ဘေးဘောင်ထောင့်အနေ အထားကြောင့် ကိုင်ဆောင်အသုံးပြုရာတွင် ပြေပြေပြစ်ပြစ် နှင့် သက်သောင့် သက်သာရှိစေမည်ဖြစ် သည်။ ရှေ့ကင်မရာပိုင်းမှာ OPPO F1s ၏ အထူးခြားဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး Beautify Mode 4.0 ပေါင်းစပ်ပေးထားသည့် 16MPရှိ ကင်မရာအမျိုးအစားဖြစ်သည်။ နောက်ကင်မရာမှာ လက်ရှိ စမတ်ဖုန်း ဈေးကွက်တွင် စံအဖြစ်အသုံးပြုနေကြသည့် 13MP အမျိုးအစားဖြစ်ပြီး Full HD Video များကို အကောင်းဆုံး ရိုက်ကူးနိုင်မည် ဖြစ်သည်။

RAM 3GB နှင့် 1.5GHz မြန်နှုန်းရှိ Octa-core processor ကိုအသုံးပြုပေးထားသောကြောင့် မြန်ဆန် သွက်လက်သည့် ထိတွေ့သုံးစွဲမှုများကို ခံစားရစေမည်ဖြစ်သည်။ Slot ပေါက် ၃ခုပါဝင်သည့်အတွက် SIM ကဒ် ၂ကဒ်နှင့် 128GB အထိ ထပ်တိုးစိုက်နိုင်မည့် SD ကဒ်တို့ကို တစ်ပြိုင်နက်တည်းအသုံးပြုနိုင်စေပြီး 4G ကွန်ရက်စနစ်ကိုပါ ထောက်ပံ့ပေးထားပါသည်။