8/22/2016

♪ " Pokemon Go Playing Style နဲ့ အတွေ့အကြုံတွေကို မျှဝေကြရအောင် " ♫


မိုဘိုင်းဖုန်းအသုံးပြုသူတွေအကြား အထူးသဖြင့် Smartphone အသုံးပြုသူတွေ လွန်စွာစိတ်ဝင်တစားဆော့ကစားနေကြတဲ့ Pokemon Go နဲ့ ပတ်သက်သော အစီအစဉ်ကောင်းတစ်ခုကို NetGuide Journal မှ အပတ်စဉ် ထည့်သွင်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Pokemon Go ဆော့ကစားသူတွေ မည်သူမဆို အခမဲ့ပါဝင်နိုင်မှာဖြစ်ကာ Level သတ်မှတ်ချက်အနေနဲ့ကတော့ Trainer Level 10 အထက်ရှိသူတိုင်း ပါဝင်နိုင်ပါလိမ့်မယ်။ ဒီအစီအစဉ်မှာပါဝင်လိုပါက NetGuide Journal ရဲ့ တရားဝင် Facebook Page ကို Like & Share ပြုလုပ်ထားဖို့လိုအပ်ပြီး NetGuide Facebook Page ရဲ့ Message Box ကနေတဆင့် မိမိရဲ့ User Name, Level, CP အမြင့်ဆုံး Pokemon နဲ့ ဖမ်းမိခဲ့တဲ့ ထူးထူးခြားခြား Pokemon အမျိုးအစားတွေဖြစ်တဲ့ Rare, Super Rare, Ultra Rare စတာတွေကို ပေးပို့ပေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် မိမိရဲ့ Pokemon Go Playing Style နဲ့ပတ်သက်ပြီး Experiences တွေကိုလည်း ဝေမျှပေး ရမှာဖြစ်ကာ မိမိဖမ်းမိခဲ့သော ထူးထူးခြားခြားအကောင်လေးတွေကို ဘယ်မှာမည်သို့မည်ပုံဖမ်းမိခဲ့တယ် ဆိုတာကိုပါ ဝေမျှပေးရမှာပါ။

Message Box ကနေ ပေးပို့ပါဝင်သူဟာ မိမိရဲ့စိတ်ကြိုက်ရိုက်ကူးထားသောဓာတ်ပုံ (မိမိပုံတစ်ပုံ)၊ မိမိရဲ့ Ingame Account Screenshot အမည်တို့ကိုပေးပို့ပေးဖို့ လိုအပ်ပါတယ်။ မိမိရဲ့ထူးထူးခြားခြားအတွေ့အကြုံတွေနဲ့ အခြား Pokemon Go Players တွေအတွက် အထောက်အကူပြုစေဖို့ ပါဝင်ကူညီမျှဝေပေးကြပါလို့ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။

*** NetGuide Journal ကို အားပေးသူအားလုံးအား ကျေးဇူးအထူးတင်ရှိပါတယ်။ ***

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com