
၂၀၁၅ခုနှစ်ဒီဇင်ဘာလ၂ရက်နေ့မနက်၁၀နာရီသာသာ၊အမေရိကန်
ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ် ထဲကဆန်ဘာနာဒီဒိုမြို့ကလေးဟာ
ခရစ်စမတ်ရာသီနီးလာတာနဲ့အမျှလူတွေပျားပန်းခပ်စည်ကားနေပါတယ်။
မြို့နယ်ခန်းမမှာလည်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းသား
တွေဟာအခမ်းအနားတစ်ခု ကျင်းပဖို့လုပ်နေတယ်။ဒီအချိန်မှာခန်းမထဲသို့
သေနတ်သမားတစ်ယောက်ဝင်လာတယ်။သူ့နာမည်ကSyed Rizwan Farook။ISIS
တွေနဲ့အဆက်အသွယ်ရှိတယ်လို့ယူဆရတဲ့လူတစ်ယောက်ပါ။
သူ့လက်ထဲမှာသေနတ်တစ်လက်ပါလာတယ်။အချက်ပေါင်းများစွာပစ်လို့ရတဲ့စက်သေနတ်။အခမ်းအနား ကျင်းပဖို့ရောက်နေတဲ့သင်တန်းသားရှစ်ဆယ်ဆီကိုသေနတ်ကျည်ဆံတွေပလူပျံထွက်သွားပါတယ်။ ရလဒ်ကလူဆယ့်လေးယောက်နေရာတင်ပွဲချင်းပြီးသေတယ်။လူနှစ်ဆယ့်နှစ်ယောက်အပြင်းအထန် ဒဏ်ရာရတယ်။တရားခံကတစ်ယောက်တည်းမဟုတ်ပါဘူး။သူ့ဇနီးTashfeen Malik အပါအ၀င်နှစ်ယောက်ပါ။အခင်းဖြစ်ပြီးတဲ့နောက်သူတို့နှစ်ယောက်လုံး လွတ်သွားတယ်။နောက်လေးနာရီအကြာမှာအဲဒီလင်မယားစီးသွားတဲ့ကားကို ရဲကခြေရာခံမိပြီးနောက်ကလိုက်ပါတယ်။အပြန်အလှန်ပစ်ခတ်ကြပြီးတဲ့နောက်မှာအကြမ်းဖက်သမား ဇနီးမောင်နှံနှစ်ယောက်စလုံးသေပါတယ်။
သူ့လက်ထဲမှာသေနတ်တစ်လက်ပါလာတယ်။အချက်ပေါင်းများစွာပစ်လို့ရတဲ့စက်သေနတ်။အခမ်းအနား ကျင်းပဖို့ရောက်နေတဲ့သင်တန်းသားရှစ်ဆယ်ဆီကိုသေနတ်ကျည်ဆံတွေပလူပျံထွက်သွားပါတယ်။ ရလဒ်ကလူဆယ့်လေးယောက်နေရာတင်ပွဲချင်းပြီးသေတယ်။လူနှစ်ဆယ့်နှစ်ယောက်အပြင်းအထန် ဒဏ်ရာရတယ်။တရားခံကတစ်ယောက်တည်းမဟုတ်ပါဘူး။သူ့ဇနီးTashfeen Malik အပါအ၀င်နှစ်ယောက်ပါ။အခင်းဖြစ်ပြီးတဲ့နောက်သူတို့နှစ်ယောက်လုံး လွတ်သွားတယ်။နောက်လေးနာရီအကြာမှာအဲဒီလင်မယားစီးသွားတဲ့ကားကို ရဲကခြေရာခံမိပြီးနောက်ကလိုက်ပါတယ်။အပြန်အလှန်ပစ်ခတ်ကြပြီးတဲ့နောက်မှာအကြမ်းဖက်သမား ဇနီးမောင်နှံနှစ်ယောက်စလုံးသေပါတယ်။
Farookသေချိန်မှာသူနဲ့အတူiPhone တစ်လုံးကျန်ခဲ့တယ်။iPhone 5C ပါ။
အကြမ်းဖက်သမားသေတာနဲ့မပြီးပါဘူး။သူနဲ့ISIS တွေအဆက်အသွယ် ရှိတာ
ကိုသက်သေပြနိုင်ရမယ်။သူနဲ့အချိတ်အဆက်တွေကိုဖော်ထုတ်နိုင်ရမယ်။
ရှေ့ဆက်လုပ်မယ့်အကြမ်းဖက် လုပ်ရပ်တွေကိုဖော်ထုတ်နိုင်ရမယ်။ဒီအချက်
အလက်တွေဟာFarookရဲ့iPhone ထဲမှာရှိကောင်းရှိနိုင်တယ်။FBI ဟာiPhone
ကိုသိမ်းနိုင်ခဲ့ပေမယ့်ဖုန်းထဲကပုဂ္ဂိုလ်ရေးရာမှတ်တမ်းတွေအားလုံးကိုထုတ်မယူနိုင်ပါဘူး။iPhone
ရဲ့လုံခြုံရေးစနစ်ကကောင်းလွန်းလို့ပါ။ဒါကြောင့်FBI ဟာ Apple
ကဆန့်ကျင်ကန့်ကွက်ချက်တွေကိုကျော်လွှားပြီးဖုန်းထဲက ပုဂ္ဂိုလ်ရေး
အချက်အလက်တွေထုတ်ယူဖို့ဟက်ကာတွေငှားရပါတယ်။Hack တယ်ဆို
တာထက်တစ်ဆင့်နိမ့်တဲ့Crack လုပ်ဖို့ပါ။ဒီကိစ္စအတွက်FBI ဟာထိပ်တန်း
ဟက်ကာတွေကိုဒေါ်လာတစ်သန်းကျော်ပေးခဲ့ရတယ်လို့သတင်းထွက်ပါတယ်။ iPhone unlock
လုပ်တဲ့ကိစ္စအပေါ်Apple နဲ့FBI အချေအတင်အငြင်းအခုန်
ဖြစ်တဲ့ကိစ္စကပြီးသွားပါပြီ။iPhone cracking ကိစ္စကိုအများပြည်သူကို ဖွင့်ချ
ပြနိုင်ဖို့ ပြင်နေပါတယ်။ဒီကိစ္စပြီးတဲ့နောက်ပိုင်းမှာmobile device
တွေကိုcrack
လုပ်တဲ့ကုမ္ပဏီတွေပေါ်လာနိုင်တယ်လို့မိုဘိုင်းလုံခြုံရေးကုမ္ပဏီOptiolabsရဲ့
Chief Product Officer ဘီအင်ဒါဆင်ကပြောပါတယ်။
ကနဦးအစီရင်ခံစာအရဆိုရင်Farookရဲ့iPhone ကိုCrack လုပ်တဲ့ကိစ္စမှာ
အစ္စရေးနိုင်ငံCellebriteကုမ္ပဏီရဲ့မူပိုင်mobile forensics နည်းပညာကို
သုံးတယ် လို့သိရပါတယ်။ဒီဖြစ်စဉ်မှာFBI ဟာပရိုအဆင့်ရှိတဲ့အလွတ်တန်း
ဟက်ကာတွေကိုငှားခဲ့တယ်။ဟက်ကာတွေဟာApple နဲ့အကျွမ်းတ၀င် မရှိတဲ့ Zero-day
Hacking နည်းပညာကိုသုံးသွားခဲ့ပါတယ်။ဒီဖြစ်စဉ်ကို အောင် အောင်
မြင်မြင်ကျော်လွှားနိုင်ပြီးတဲ့နောက်ပိုင်းမှာFBI ဟာဒေသဆိုင်ရာ ဥပဒေ
စိုးမိုးရေးအဖွဲ့တွေရဲ့လက်ထဲရောက်နေတဲ့သက်သေခံဖုန်းတွေကိုcrackလုပ်ပြီးမှုခင်းတွေကိုဖော်ထုတ်ပေးနိုင် ဖို့ဆန္ဒရှိနေပါတယ်။Cellebriteဆိုတဲ့
အစ္စရေး
ကုမ္ပဏီဟာဥပဒေဘက်တော်သားတွေရဲ့လက်ထဲရောက်နေတဲ့မိုဘိုင်းဖုန်းတစ်လုံးကိုတရားဝင်Crack
လုပ်ခွင့်ရခဲ့တဲ့ကုမ္ပဏီဖြစ်ခဲ့တာမှန်ပါတယ်။ဒါပေမယ့် တရားဝင်hacking
လုပ်ခွင့်ဆိုတာကြီးပေါ်လာပြီးတဲ့နောက်ပိုင်းမှာငွေကြေး
အကျိုးအမြတ်ကြီးကြီးမားမားကိုမျှော်လင့်တဲ့ဟက်ကာတွေပေါ်လာဖို့ရှိနေပါ
တယ်။ဒီလိုလုပ်ငန်းကနေဘယ်လောက်အကျိုးအမြတ်ကြီးကြီးမားမားရနိုင် တယ်ဆိုတာ
မြင်သွားကြပြီကိုး။လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတွေ နဲ့လုံခြုံရေး
ပျော့ကွက်ကိုရှာတဲ့သုတေသီတွေအဖို့ဒီဖြစ်ရပ်သာမပေါ်လာခဲ့ရင်iOSကိုHack
မယ့်ကိစ္စဟာသိပ်ပြီးတော့စိတ်ဝင်စားစရာမရှိပါဘူး။
ကမ္ဘာပေါ်မှာလုံခြုံရေးအကောင်းဆုံးဆိုတဲ့iPhone ကိုပျော့ကွက်ရှာပြီး
လုံခြုံရေး ကိုဖောက်ထွက်နိုင်ခဲ့ကြပြီ။အားနည်းချက်ကတစ်ချက်တည်းတော့
မဟုတ်လောက်ဘူး။တခြားသောအားနည်းချက်တွေလည်းရှာမယ်ဆိုရင်တွေ့
ကောင်းတွေ့နိုင်စရာတွေရှိနိုင် ပါသေးတယ်။ထူးဆန်းသလား။မထူးဆန်းပါဘူး။ဒါပေမယ့်ဟာကွက်တွေဖော်ထုတ်တဲ့အလုပ် ဟာငွေဖြစ်အောင်လုပ်နိုင်တဲ့အခြေအနေရှိလာပြီးiPhone
လိုလုံခြုံရေးမြင့်တဲ့ဖုန်းမျိုးကိုHack နိုင်တဲ့အတွက်တင်
အစိုးရဆီကချည်းငွေရနိုင်တယ်မထင်ပါနဲ့။iPhone ရဲ့အားနည်းချက်တွေကို
ဖော်ထုတ်ပေးနိုင်တဲ့အတွက်လည်းApple ဆီကငွေကြေးအကျိုးအမြတ်ကြီးကြီး
မားမားရနိုင်ပါတယ်။ဒီအားနည်းချက်တွေကိုသိရင်Apple ကpatch လုပ်နိုင်မှာ
ကိုး။လုံခြုံရေးအားကောင်းတဲ့ဖုန်းတွေကိုတစ်ချိန်သောကာလမှာဟက်ကာတွေကဖောက်ကြည့်ကြပါလိမ့် မယ်။ဖောက်လို့ရခဲ့ရင်သူတို့တွေ့တဲ့အချက်တွေကို
အမြင့်ဆုံးကြေးပေးနိုင်တဲ့လူတွေလက်ထဲကိုရောင်းကြလိမ့်မယ်။အဲဒီအထဲမှာတရားရေးဌာနလည်းပါနိုင်တယ်။ Mobile
forensics နဲ့ရပ်တည်ဖို့ကြိုးစားလာတဲ့
ကုမ္ပဏီအသစ်လေးတွေအတွက်ကတော့ဒီလိုအလုပ်တွေဟာနောင်ဆိုရင်လုပ်ရိုးလုပ်စဉ်
ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်းiOSလုံခြုံရေး ကျွမ်းကျင် သူ Jonathan
Zdziarskiကပြောသွားပါတယ်။ တရားဝင် တည်ထောင်ထားတဲ့
ကုမ္ပဏီတွေမကဘဲဟက်ကာတွေအတွက်လည်းဆွဲဆောင်မှုတစ်ခုဖြစ်လာပါ
တယ်။ဟက်ကာတော်တော်များများကနာမည်ဆိုးနဲ့ကျော်ကြားတဲ့လူ။ဘ၀ကို
တရားဝင်ရပ်တည်နိုင်ဖို့နည်းလမ်းပေါင်းစုံနဲ့ကြိုးစားရတဲ့လူ၊သူတို့မြတ်နိုးတဲ့
Hacking အလုပ်ကိုအာဏာပိုင်တွေဆီမှာတရားဝင်လုပ်ခွင့်လည်းရမယ်။
ဒီလိုလုပ်ရာကနေအကျိုးအမြတ်ကြီးကြီးရမယ်ဆိုရင်ဒါဟာဟက်ကာလောက
အတွက်ထွက်ပေါက်တစ်ခုဖြစ်လာနိုင်ပါတယ်။Appleနဲ့FBI ကြားဖြစ်တဲ့
ပြဿနာဟာလုံခြုံရေး၊အထူးသဖြင့်မိုဘိုင်းလုံခြုံရေးကုမ္ပဏီတွေအတွက်
မက်လောက်တဲ့အခကြေးငွေနဲ့ကန်ထရိုက်လုပ်ငန်းတွေရလာစေနိုင်သလို
သက်ဆိုင်ရာအာဏာပိုင်တွေကိုဝင်ပြီးကူညီချင်စိတ်ပေါ်လာစေနိုင်ပါတယ်။
ဒါပေမယ့်လုပ်ငန်းသဘောဆက်ဆံရေးလုပ်တဲ့အခါမှာအဲဒီလုံခြုံရေးကုမ္ပဏီ
တွေဟာတင်းကြပ်တဲ့လမ်းညွှန် ချက်တွေအောက်မှာအလုပ်လုပ်သင့်တယ်လို့
အစိုးရဆိုင်ရာအမှုအခင်းရှေ့နေဘရက်ဒန်ပယ်ရီကထောက်ပြပါတယ်။
အမေရိကန်နိုင်ငံလိုတရားဥပဒေစိုးမိုးရေးနဲ့ဒီမိုကရေစီလူ့အခွင့်အရေးကိစ္စ
တွေအသားကျပြီးသားနိုင်ငံအဖို့ မိုဘိုင်းဖုန်းတစ်လုံးရဲ့လုံခြုံရေးကိုချိုးဖောက်ပြီးအထဲကအချက်အလက်တွေတရားဝင်ယူတာဟာ
ပြဿနာမရှိ လှပေမယ့်
တရားဥပဒေမစိုးမိုးတဲ့နိုင်ငံတွေမှာ၊အုပ်ချုပ်သူလူတန်းစားကထင်ရာလုပ်တဲ့
နိုင်ငံတွေမှာအခြေအနေကို ရှုပ်ထွေးသွားစေနိုင်ပါတယ်။လုံခြုံရေးကောင်းပါ
တယ်ဆိုတဲ့iPhoneကိုအပြင်လူကြားအဖွဲ့အစည်းတစ်ခုကဥပဒေနဲ့အညီunlock
လုပ်နိုင်တယ်ဆိုတာမျိုးအများပြည်သူကိုတရားဝင်ကြေညာတာဟာကြားအဖွဲ့အစည်းတွေအနေနဲ့ဒီလိုလုပ်ခွင့် ရှိတယ်ဆိုတဲ့အာဏာအပ်နှင်းလိုက်သလိုပါပဲ
တဲ့။
သေနတ်သမားFarookရဲ့ဖုန်းကိစ္စအပြီးမှာဥပဒေဆိုင်ရာအေဂျင်စီတွေအနေနဲ့လိုအပ်လာရင်ဖုန်းတွေHack
ဖို့အပြင်ကုမ္ပဏီတွေရဲ့အကူအညီယူမယ့် အခြေ အနေရှိလာပါတယ်။OS
မှာအားနည်းချက်ရှိတယ်ဆိုတာကိုOS ထုတ်လုပ်တဲ့
ကုမ္ပဏီသိစေဖို့ထက်မှုခင်းဖော်ထုတ်ရေးဆိုင်ရာကိစ္စမှာအကူအညီရဖို့ရည်ရွယ်ပါတယ်။အပြင်ဟက်ကာတွေ ကိုကြေးကြီးပေးပြီးငှားမယ့်အစားကိုယ်ပိုင်ဟက်ကာတွေမွေးပြီးဒီကိစ္စကိုအဆင်ပြေချောမွေ့စေမယ့် လမ်းကြောင်းလည်းရှာလာနိုင်ပါတယ်။တစ်ခါတလေမှာဖုန်းထဲကအရေးကြီးအချက်အလက်တွေကို
တရားဝင်hack ပြီးယူဖို့ကိစ္စဟာသံယောဇဉ်ဆိုင်ရာကိစ္စတွေနဲ့လည်း ပတ်သက်
နေတတ်ပါတယ်။ဆိုကြပါစို့။ဆန်ဘာနာဒီဒိုပစ်ခတ်မှုထဲမှာအသက်ဆုံးရှုံး
သွားတဲ့လူငယ်တစ်ယောက်ရဲ့အဖေ။သူ့လက်ထဲမှာသားကိုင်ခဲ့တဲ့iPhone
တစ်လုံးရှိနေပါတယ်။သူကiPhone ရဲ့လုံခြုံရေးစနစ်ကိုဖောက်ဖျက်ပြီး
သွားလေသူရိုက်ခဲ့တဲ့ဓာတ်ပုံတွေကိုယူပေးဖို့Apple ကိုစာရေးပါတယ်။
“ကျွန်တော့်သားလေးရဲ့အမှတ်တရအရာတွေယူဖို့တောင်းပန်တာကို မငြင်းဆန်လိုက်ပါနဲ့”တဲ့။နှလုံးသားတွေကြေကွဲခဲ့ရတဲ့ဒီလိုအဖြစ်ဆိုးထဲမှာ ဖုန်းလုံခြုံရေးချိုးဖောက်မှုကို ခြွင်းချက်တစ်ခုအနေနဲ့ထားပေးဖို့သူ အပြင်း အထန် ကြိုးစားနေတာပါ။ဖုန်းလုံခြုံရေးကုမ္ပဏီတွေရဲ့hacking ကြော်ငြာတွေ ကိုလူအတော်များများကလောလောဆယ်မှာလက်မခံနိုင်သေးပေမယ့်ခေတ် ကာလအခြေအနေကြောင့်နောင်မှာဖုန်းဟက်ကာအလိုရှိသည်ဆိုတာမျိုးတွေကိုတွေ့လာနိုင်စရာရှိပါတယ်။
“ကျွန်တော့်သားလေးရဲ့အမှတ်တရအရာတွေယူဖို့တောင်းပန်တာကို မငြင်းဆန်လိုက်ပါနဲ့”တဲ့။နှလုံးသားတွေကြေကွဲခဲ့ရတဲ့ဒီလိုအဖြစ်ဆိုးထဲမှာ ဖုန်းလုံခြုံရေးချိုးဖောက်မှုကို ခြွင်းချက်တစ်ခုအနေနဲ့ထားပေးဖို့သူ အပြင်း အထန် ကြိုးစားနေတာပါ။ဖုန်းလုံခြုံရေးကုမ္ပဏီတွေရဲ့hacking ကြော်ငြာတွေ ကိုလူအတော်များများကလောလောဆယ်မှာလက်မခံနိုင်သေးပေမယ့်ခေတ် ကာလအခြေအနေကြောင့်နောင်မှာဖုန်းဟက်ကာအလိုရှိသည်ဆိုတာမျိုးတွေကိုတွေ့လာနိုင်စရာရှိပါတယ်။
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal
www.pyaephyo.com