8/22/2016

♪ " Kyocera မှ DuraForce Pro အား action camera ဖြင့်ထုတ်လုပ် " ♫


Kyocera မှ နောက်ဆုံးကြေညာသွားခဲ့သော Andorid ဖုန်းသည် ကုမ္ပဏီ၏ အခြားဖုန်းများနည်းတူ အကြမ်းခံသောပုံစံဖြစ်ခဲ့ပြီး Kyocera Dura Force Pro ၏ အဓိကထူးခြားချက်သည် action camera တစ်ပါတည်း ထည့်သွင်းပေးထားခဲ့ခြင်းဖြစ်သည်။ ဖုန်းနှင့်အတူ 13 MP ကင်မရာပါဝင်လာခဲ့ပြီး action cam သည် ၁၃၅ ဒီဂရီမြင်ကွင်းကျယ်ဖြစ်ကာ 1080 p full HD ဗီဒီယိုအား ရိုက်ကူးပေးနိုင်မည်ဖြစ်သည်။

၎င်းတွင် ကိုယ်ပိုင် image processor ပါဝင်ပြီး ဓာတ်ပုံရိုက်ကူးရန်အတွက် shooting modes အများအပြားရွေးချယ်နိုင်မည်ဖြစ်ကာ underw-ater, sports, slow-mo နှင့် time lapse စသည်တို့လည်း ပါဝင်ခဲ့သည်။ GoPro ကဲ့သို့ ကင်မရာများနှင့် ယှဉ်ပြိုင်နိုင်စေရန်ရည်ရွယ်ပြီး Kyocera မှ DuraForce Pro အတွက် အထူးဖန်တီးထားသော ဖုန်းအိမ်ကိုထုတ်လုပ်ခဲ့ပြီး ထင်ရှားသော action camera mount များတွင် တပ်ဆင်သုံးစွဲနိုင်မည်ဟု သိရသည်။

Kyocera သည် သင့်အား GoPro ထက် DuraForce Pro အား ၀ယ်ယူရန် ဆွဲဆောင်မည်ဖြစ်ပြီး Dura- Force Pro သည် action cam အဖြစ်သာမက ဖုန်းအဖြစ်ပါသုံးနိုင်သည့် အားသာချက်ရှိမည်ဖြစ်သည်။ 5" အရွယ် 1080 p display ပါဝင်ကာ DuraForce Pro သည် ရေဒဏ်၊ တုန်ခါဒဏ်၊ ပြုတ်ကျခြင်း၊ ဖုန်စသည်တို့အား ခံနိုင်ရည်ရှိမည်ဖြစ်သည်။ IP68 certified ဖြစ်ကာ ရေအနက် ၂ မီတာတွင် မိနစ် ၃၀ ထိ နှစ်ထားနိုင်သည်။

Snapdragon 617 chipset အား RAM 2 GB နှင့်သုံးစွဲထားပြီး storage 32 GB နှင့် 3240 mAh ဘက်ထရီပါဝင်သည်။ ကြိုးမဲ့အားသွင်းနိုင်သလို Qua-lcomm Quick Charge 2.0 ကိုလည်း ထောက်ပံ့ပေးထားသည်။ လက်ဗွေဖတ်ရန် Fingerprint scanner ပါဝင်ပြီး Android 6.0 Marshmallow အား သုံးစွဲထားသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com