8/03/2016

♪ “OPPO F1 Plus” ♫


F1 Selfie ဘုရင်ဖုန်းကိုအခြေခံကာ နောက်ထပ်အဆင့်မြှင့်တင်မှုတွေ ပြုလုပ် ပေးလိုက်တဲ့ OPPO F1 Plus ဟာ Flagship ထုတ်ကုန်တစ်ခုလို Premium အရည်အသွေးတွေပါဝင်လာခဲ့ပါတယ်။ မျက်နှာပြင်အရွယ်အစားက Full HD အဆင့်ဖြစ်တဲ့ 5.5 inches အရွယ်အစားဖြစ်လာခဲ့ပြီး ရုပ်ထွက်ပိုင်းကို ပိုမို ကောင်းမွန်စေမယ့် AMOLED Display ကိုပါအသုံးပြုထားပါတယ်။

မျက်နှာ ပြင်မှာ 3D ရုပ်ကြွစနစ်မျိုးရရှိစေဖို့အတွက်လည်း 2.5D Arc edge screen ကိုဖြည့်စွက်အသုံးပြုထားပြီး ခြစ်ရာစင်းရာတွေ ဖြစ်ပေါ်မှုကနေကာကွယ်ဖို့ Corning Gorilla Glass 4 နဲ့ဖုံးအုပ်ပေးထားပါသေးတယ်။ ကိုယ်ထည် အချိုး အစားကိုကြည့်ရင်လည်း အလျား 151.8mm၊ အနံ 74.3mm နဲ့ အမြင့်က 6.6mm ပဲရှိလို့ ပါးလွှာတဲ့ဖုန်းတွေထဲက တစ်လုံးအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဖုန်းကသတ္ထုစပ်ကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး သတ္ထုပါဝင်မှုက ၉၈.၀၂ ရာခိုင်နှုန်းအထိရှိလို့ ပေါ့ပါးမှုရှိသလို ဖုန်းအပူပြန့်လွင့်မှုကိုလည်း မြန်ဆန်စေ ပါတယ်။

 145g အလေးချိန်က သူ့ရဲ့ကိုယ်ထည် အရွယ်အစား မျက်နှာပြင်နဲ့ ယှဉ်ရင် အများကြီးပေါ့တဲ့ ဖုန်းတစ်လုံးပါပဲ။ F1 Plus သည် Fingerprint စနစ် ကို ထည့်သွင်းပေးလာခဲ့တဲ့ တတိယမြောက် OPPO အဆင့်မြင့်ထုတ်ကုန် တစ်ခုဖြစ်လာပါတယ်။ Touch Access လို့ခေါ်တဲ့ F1 Plus ရဲ့ Fingerprint စနစ်ဟာအမြန်ဆုံးနဲ့ Unlock လုပ်ဖွင့်နိုင်ပါတယ်။ တစ်စက္ကန့်ရဲ့ (၅)ပုံ(၁)ပုံဖြစ် တဲ့ 0.2 sec အတွင်းမှာပဲ ဖုန်းကိုပွင့်သွားစေမှာဖြစ်ပါတယ်။ OPPO ဟာ အခု Touch Access စနစ် ကိုဖုန်းရဲ့အရှေ့ဘက် Home Key မှာ ထည့်သွင်း တပ်ဆင်ပေးထားတာဖြစ်ပါတယ်။

F1 Plus ရဲ့ Hardware ပိုင်းကိုကြည့်မယ် ဆိုရင် MediaTek ရဲ့ Helio P10 chipset ကိုအသုံးပြုထားတာဖြစ်ပြီး Octa Core 2.0 GHz နှုန်းနဲ့အလုပ်လုပ် ပေးမှာဖြစ်ပါ တယ်။ F1 Plus မှာသုံးထားတဲ့ Media TekHelio P10 chipset က 4G စနစ် သုံးနိုင်မယ့်ဖုန်းမျိုးတွေ၊ Performance ပိုင်းကို တော်တော်ကောင်း ကောင်းရရှိစေမယ့် ဖုန်းမျိုးတွေနဲ့ ဖုန်းရဲ့ ကိုယ်ထည်ပိုင်း ခပ်ပါးပါး တည်ဆောက်ရယူချင်တဲ့ ဖုန်းမျိုးတွေ အတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ် သလို Battery အားသုံးစွဲမှုမှာလည်း အများကြီး သက်သာစေဦးမှာဖြစ်ပါတယ်။

 F1 Plus ရဲ့ RAM က 4GB အထိသုံးထားလို့ မြန်ဆန်သွက်လက်တဲ့ ထိတွေ့ သုံးစွဲမှုကိုရရှိစေပါလိမ့်မယ်။ ဒါကိုမှ OPPO ရဲ့ ColorOS 3.0 ကို Android OS 5.1 (Lollipop) နဲ့ ပေါင်းစပ်ပေးထားခြင်းကြောင့် ဖုန်းရဲ့ Processing အပိုင်း တွေဟာ အရင် ColorOS 2.1 နဲ့ယှဉ်ရင် အများကြီးမြန်ဆန်လာစေဦးမှာဖြစ်ပါ တယ်။ Internal Storage က built-in 64GB ပါဝင်ပြီး SIM slot 2 ကို သုံးမယ် ဆိုရင်တော့ 128GB အထိ တပ်တိုးအသုံးပြုနိုင်ဖို့ရှိပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - Octa Core 2 GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v 4.0
Storage - 64 GB
OS - Android OS, v5.1
Contact - 01-381035
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com