8/04/2016

♪ Snapdragon 650 နှင့် 4GB RAM ပါဝင်သည့် ZenPad 3 8.0 Android tablet ကို Asus မိတ်ဆက် ♫



Samsung က ၎င်း၏အထင်ကရထုတ်ကုန်ဖြစ်သော Galaxy Note 7 ကို မိတ်ဆက်ချိန်တွင် Asus ကလည်း ပရီမီယံ tablet ဖြစ်သည့် ZenPad 3 8.0 ကို ပွဲထုတ်မိတ်ဆက်ခဲ့သည်။

ZenPad 3 8.0 တွင် QXGA resolution (2,048 x 1,536) နှင့်သုံးနိုင်မည့် ၇.၉ လက်မ IPS LED display ကို အသုံးပြုထားသည်။ Pixel သိပ်သည်းဆက 324ppi ဖြစ်သည်။ Qualcomm ၏ hexa-core Snapdragon 650 SoC (2xCotex-A72, 4xCortex-A53) နှင့် Adreno 510 GPU အပြင် 4GB LPDDR3 RAM နှင့် 32GB internal flash memory တို့ကို အသုံးပြုထားသည်။ သိုလှောင်မှုပမာဏကို microSD card slot မှတစ်ဆင့် တိုးမြှင့်နိုင်သည်။


ထို့အပြင် သုံးစွဲသူများသည် Asus ထံမှ cloud သိုလှောင်မှုပမာဏ 5GB ရရှိမည်ဖြစ်သည်။ ထို့အတူ ထပ်ဆောင်း သိုလှောင်မှုပမာဏ 11GB တစ်နှစ်စာနှင့် Google Drive အတွက် 100GB နှစ်နှစ်စာ ရရှိမည်ဖြစ်သည်။

ကျောဘက်တွင် 8-megapixel ကင်မရာပါဝင်ပြီး ဗီဒီယိုခေါ်ဆိုမှုများအတွက် 2-megapixel အရှေ့ဘက်ကင်မရာဖြင့် အသုံးပြုနိုင်သည်။ USB Type-C post တစ်ခုပါဝင်ပြီး Bluetooth 4.1, 802.11 a/b/g/n/ac Wi-Fi စသည်တို့ကို ထောက်ပံ့ပေးထားသည်။ Android 6.0 Marshmallow ဖြင့် အသုံးပြုနိုင်ပြီး 4,680mAh ဘက်ထရီဖြင့် ၁၁ နာရီကြာ သုံးနိုင်ကြောင်း ကုမ္ပဏီမှ ပြောကြားသည်။


ZenPad 3 8.0 ရောင်းချမည့် ရက်အတိအကျကို ကုမ္ပဏီမှ ကြေညာထားခြင်းမရှိသေးသော်လည်း တန်ဖိုးမှာ ဒေါ်လာ ၂၅၀ ဖြစ်ကြောင်း သိရသည်။

Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com